Related Posts Plugin for WordPress, Blogger...

Thursday, October 3, 2013

The Conjuring ဆိုတဲ့ သရဲကား ကြည့်ဖူးသလား...မကြည့်ရသေးရင် သွားကြည့်နော့..



တကယ်အဖြစ်အပျက် ကို ရိုက်ထားတယ်လို့ ဆိုပါတယ်..

ဒီကားထဲမှာ ဇာတ်လမ်း နဲ့ မပါတ်သတ်ပဲ ထည့်သွင်းပေးထားတဲ့ ဇာတ်ကောင် တကောင်ရှိပါတယ်..

သက်ရှိလူသား မဟုတ်ပါဘူး... အရုပ်လေး တရုပ်ပါ... သူ့နာမည်က Annabelle Doll ....

အဲ့ဒီအရုပ်လေးကို ရင်မှာပိုက်ပြီး လှုပ်ကုလားထိုင်လေးမှာ ထိုင်နေတဲ့ အခန်းလေး Trailer မှာ ပါ ပါတယ်.. ရုပ်ရှင်ထဲက အရုပ် က တကယ့် အရုပ်မဟုတ်ပါဘူး.. ပုံစံ နည်းနည်းလေးတောင် မဆင်ပါဘူး..

တပုံစံတည်း တူနေရင် တခုခုဖြစ်မှာစိုးလို့ထင်ပါတယ်..

အဲ့လို လူတွေကို ဒုက္ခပေးတဲ့အရုပ်လေးတွေ ကမ္ဘာပေါ်မှာ အများကြီးရှိပြီး သူတို့ကို haunted doll လို့ခေါ်ပါတယ်..

အောက်ကပုံလေးကတော့ Annabelle Doll ရဲ့ ပုံလေးပါ.... ခုချိန်ထိ သေချာထိမ်းသိမ်းထားတယ်လို့သိရပါတယ်..

(History)

နပ်စ်မလေး donna ကို သူ့အမေက hobby store ကနေ မွေးနေ့လက်ဆောင်အဖြစ် အရုပ်ကလေးကို လက်ဆောင်ပေးခဲ့တယ် ..
အရုပ်လေးကို သူက ချစ်တော့ အိပ်ယာမှာပဲ ထားထားခဲ့တယ်...

ဒါပေမယ့် အခန်းကို ပြန်ရောက်တိုင်း အရုပ်က နဂိုထားခဲ့အတိုင်းမဟုတ်ပဲ နေရာ ရွေ့နေတာတွေ့ရတယ် ..

သူတို့ သတိထားမိလို့ မေးကြည့်တော့ အရုပ်ထဲမှာ သူတို့ တိုက်နားမှာ သေသွားတဲ့ ကောင်မလေးရဲ့ ၀ိညာဉ် ၀င်နေနေတယ်တဲ့ ..

သူတို့ကလည်း သနားပြီးတော့ အရုပ်ကို ကောင်းကောင်းမွန်မွန် ထားတယ် .. ဒါပေမယ့် နောက်ပိုင်းကျတော့ အရုပ်လေးက စာရွက်အတိုအစလေးတွေ help me help us ဆိုပြီး တွေ့ရတယ် ..

ပြီးတော့ အသံတွေ လည်း ကြားရတယ်တဲ့ .. donna ရဲ့ သူငယ်ချင်း lou က အယုံအကြည်မရှိဘူး အဲ့ဒါနဲ့ တနေ့ သူတို့ အခန်းထဲမှာ အိပ်ပျော်နေတုန်း အိမ်မက်ဆိုးမက်ပြီး အဲ့ဒီအရုပ်က သူ့ကိုလည်ပင်းညစ်တယ်တဲ့ သူလန့်နိုးလာတော့ ရင်ဘတ်မှာ ဒဏ်ရာတွေတွေ့ရတယ် ..

အဲ့ဒါနဲ့ သူတို့က လန့်ပြီးတော့ lorraine warren(နောက်ကပုံကဆရာမကြီး) ကို ခေါ်ပြီး မေးတော့မှာ အဲ့ဒီအရုပ်ထဲ ၀င်ပူးနေတဲ့ သရဲက သေသွားတဲ့ ကောင်မလေးမဟုတ်ပဲ demon တကောင်ဖြစ်နေတယ် ..

အဲ့ဒါနဲ့ lorraine လည်း သူ့ရဲ့ museum မှာ ထိန်းသိမ်းထားတယ်တဲ့ တခါက ကောင်မလေးတယောက် မယုံလို့ဆိုပြီး အရုပ်ကို သွားခေါက်ကြည့်ပြီး အပြန် ဆိုင်ကယ်မှောက်ပီး သေသွားတယ် .. Warren Occult Museum မှာ အခုထိရှိသေးတယ် ..

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U