Related Posts Plugin for WordPress, Blogger...

Thursday, October 3, 2013

K T V



ဆင်းရဲမွဲတေနေတဲ့ လက်တင်အမေရိက ကလေးငယ် ၃၅သန်းအတွက် ရှာကီရာဟာ သူမရဲ့လုံးဝန်းတဲ့ တင်ပါးအိအိတွေကို ဝှေ့ရမ်းလှုပ်ခါပြစ်လိုက်တယ်။ အင်ဂျလီနာဂျိုလီ လှစ်ဟပြလိုက်တဲ့ ည၀တ်အင်္ကျီထဲက ပန်းနုရောင်ပေါင်တံတွေဟာအဟာရချို့တဲ့နေတဲ့ အာဖရိက ဒုက္ခသည်တွေဆီ တဖွဲဖွဲဝင်လာမယ့် ရံပုံငွေ တွေပဲ။

ကဲ . . . ဘာထူးလို့လဲ ကျွန်မမောင်လေး နောက်နှစ်ကျောင်းဆက်ထားနိုင်ဖို့ သိုးစော်နံနေတဲ့ အဲ့ဒီအဆီ တစ်ထပ် အသားတစ်ထပ် ခန္ဒာကိုယ်ကြီးတွေကို ကျွန်မအခုနိုပ်ပေးနေရတယ်။

ကျွန်မအမေမြန်မြန်နေပြန်ကောင်းလာအောင်လို့ ကျွန်မစကပ်တွေ တဖြည်းဖြည်းတိုတိုလာရတယ်။ တစ်လ တစ်လ အလျှင်မီအောင် အိမ်စရိတ်ထောက်ဖို့အရေး ရှင့်ကိုအကြင်နာတွေပေးပေးနေရတယ် ကောင်း ရောင်းကောင်းဝယ် . . . ဟုတ်တယ်ဟုတ် . . ကျွန်မတို့အထည်တွေ မချုပ်ကြတော့ဘူး။

စက်ရုံတွေပိတ်သွားပြီ ကျွန်မတို့ပန်းရံလည်းမလုပ်နိုင်ကြဘူးလေ ခွန်အားနဲ့အတက်ပညာတွေ ဈေးပေါနေ တဲ့ ခေတ်ကြီးထဲမှာ ဈေးကောင်းရတာပဲ ကျွန်မတို့ရောင်းစားလိုက်ကြတော့တယ် ကျွန်မနာမည်လား . . အ မေပေးခဲ့တာတောင်မေ့တေ့တေ့ရယ် ကျွန်မနာမည် ကြယ်စင် . ကျွန်မနာမည် နံနက်ခင်း . ကျွန်မနာမည် တာရာ . ကျွန်မနာမည် အလင်္ကာ ဟုတ်တယ်လေ ကျွန်မတို့မတည်မြဲကြဘူး။

ကျွန်မတို့ဟာ လျှပ်စီးကြောင်းနဲ့ ပတ်ကြားအက်နေတဲ့ မိုးတိမ်တွေပဲ ကွက်ကျားမိုးတွေ ဖွံ့ဖြိုးတိုးတက် လာ ချိန်မှာ ဘွားကနဲ ပေါက်ရောက်လာတဲ့ မိုးဦးမှိုပွင့်တွေပဲ စီးဆင်းနေတဲ့ငွေကြေး စာရင်ဇယားတွေဘေးမှာ ကွေးညွှတ်နေတဲ့ မြစ်ကျိုးအင်းတွေပဲ လျှော်ဖွတ်ပြီး မီးပူတိုက်ထားတဲ့ ဘေထုတ်ထည်ကိုကြည့်သလို ရှင် ကျွန်မကိုမကြည့်ပါနဲ့ ရှင့်စကားနဲ့ ကျွန်မကိုအဖျားခတ်လိုက်ပုံက ကျွန်မတို့ကပဲ သူများအိမ်ထောင် ရေးတွေ ပေါ် လမ်းကြိတ်စက်တက်မောင်းနေသလိုလိုကျွန်မတို့ကပဲ သူများမိသားစုတွေကို ကူးတို့ဆိပ်မှာ မှို့အိတ် ဖွင့်နေသလိုလို ကျွန်မတို့ကပဲ ရှင်တို့ရဲ့ တိတ်ဆိတ်နေတဲ့ ယဉ်ကျေးမှု့စာမျက်နှာတွေကို ပလုပ်တုတ် ခေါက် နေသလိုလို။

အချစ်တဲ့ . . . ရှင်လေချဉ်တက်လိုက်သလား ဘီယာစော်နံလိုက်တာဟုတ်ပါတယ် ဟုတ်ပါတယ် ကျွန်မတို့ အလုပ်က သဒ္ဒါစည်းမျဉ်းစည်းကမ်းနဲ့ မကိုက်ညီပါဘူးကျွန်မတို့ဘ၀တွေကလည်း ၀ါကျတည် ဆောက်ပုံမ မှန်ကန်ပါဘူး ဒါပေမယ့် . . ဒါဟာ အမှောင်နဲ့ ချိန်တွယ်ရတဲ့ ၀န်ဆောင်မှုပါရှင်။

"အမ္ဗပါလီ" အစ "မော်နီကာဗယ်လူချီ" အဆုံး ကျွန်မတို့အားလုံးဟာ ရှင်တို့ယောင်္ကျားတွေရဲ့ လျှို့ဝှက်တဲ့ စက်ရုံမှာ အချိန်ပိုဆင်းရတဲ့ ခွေးသွားစိတ် တွေပါပဲ။

တကယ်တော့ ကမ္ဘာကြီးပူနွေးလာရတာလည်း ကျွန်မတို့နဲ့ မဆိုင်ပါဘူး အိုစမာဘင်လာဒင် သေဆုံးသွား တာလည်း ကျွန်မတို့နဲ့ တခြားစီ ဒေါ်လာဈေး ကမောက်ကမဖြစ်အောင် ကျွန်မတို့တစ်ခါမှမလုပ်ခဲ့ဖူးဘူး ကျွန် မတို့ကို ရေးကြီးခွင်ကျယ် ကဗျာစပ်မနေပါနဲ့ ရှင်ရယ် ဘောစိနော် ဘော်ကယ်ကြေးလေး တစ်ပဲခြောက် ပြားနဲ့ ရှင်ကျွန်မကို ဒီအတိုင်းပြစ်မထားခဲ့နဲ့ဦး။

အိုခေ . . . ဒီငယ်ကျွမ်းဆွေ တစ်ပုဒ်ဆိုပြီးသွားရင် တစ်ဆက်ရှင် စာအချိန်စေ့ပြီ
နောက်တစ်ခါလည်း ကျွန်မတို့ဆီကို ဒီလို ဆင်တွေတအုပ်ကြီးနဲ့ လာရောက်အားပေးနိုင်ပါစေ။

သင့်(ခ်)ယူ . . . ဘိုင့်ဘိုင့် . . . ဆီးယူ . . . ဖလိုင်းကစ်(စ်)။ ။

Sayar Chan

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U