=================================================
ဒီခေတ်နေ
=================================================
ရန်ကုန် ၊ နိုဝင်ဘာ ၂၁ ။
။ ပုဒ်မ- ၁၈ ဖျက်သိမ်းရေးအတွက်လာ မည့်လွှတ်တော် တွင် ဆွေးနွေး နိုင်ရန်
သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က
ယင်းပုဒ်မဖြင့် အ မှုရင်ဆိုင်နေရသောတရားခွင် များသို့ လိုက်လံလေ့လာနေပြီဖြစ်
ကြောင်း သိရသည်။
ပထမဦးဆုံးအနေဖြင့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁ရက်က
လက်ပံ တောင်းတောင်အရေး ဆန္ဒထုတ်ဖော် မှုကြောင့် ပုဒ်မ-၁၈ဖြင့် တရားစွဲခံ
ထားရသော မိုးသွေး(ခ)ဦးသူရ ထွန်းအပါအဝင် ခြောက်ဦး၏တရားခွင်ဖြစ်သော
ကြည့်မြင်တိုင် မြို့နယ်တရားရုံးသို့ နိုဝင်ဘာ ၂၁ ရက်က
သွားရောက်လေ့လာခဲ့သည်။
ပုဒ်မ-၁၈နှင့်ပတ်သက်၍ ဦးသိန်းညွန့်က
''ဖွဲ့စည်းပုံမှာပါတဲ့ ပုဒ်မ-၃၅၄နဲ့ ညီ၊ မညီဆို
တာ ပြန်ကြည့်ဖို့လိုပါတယ်။
(၈)ကြိမ် မြောက်လွှတ်တော်မှာ ပုဒ်မ-၁၈ ကိုဖျက်သိမ်း ဖို့ ပြင်ဆင်ချက်တင်
ထားပြီးပါပြီ။ အခုလိုလာလေ့လာ ခြင်းက လာမယ့်လွှတ်တော် မှာ ဆွေးနွေးတဲ့ အခါ
အထောက်အ ကူပြုနိုင်ပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အားကောင်း လာ ဖို့၊
နိုင်ငံတကာက စောင့်ကြည့် စရာမျိုးမဖြစ်ဖို့ ပုဒ်မ-၁၈ကိုဖျက်
သိမ်းပေးဖို့လိုပါတယ်''ဟုရန်ကုန် တိုင်းမ်သတင်းစာသို့ပြောသည်။
နိုဝင်ဘာ
၂၂ရက်နေ့တွင် စမ်းချောင်းနှင့် လသာတရားရုံး များမှ ပုဒ်မ-၁၈နှင့်
တရားစွဲခံ ထားရသူများ၏ တရားခွင်များ သို့ သွားရောက်လေ့လာဦးမည်ဖြစ် ကြောင်း
ဆက်လက်ပြောသည်။
ပုဒ်မ-၁၈နှင့်ပတ်သက်၍ ဒီမိုကရေစီနှင့်
အမျိုးသမီးကွန် ရက်မှ ဒေါ်နော်အုန်းလှက ''တ ကယ်တမ်းတော့ ပုဒ်မ-၁၈ဆို တာ
ပြည်သူတွေကို ထိန်းချုပ်ထား တာပါ။ ဒီမိုကရေစီခေတ် မှာ ပြည်သူတစ်ယောက်ရဲ့
လွတ်လပ် စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချုပ် ထားတာဖြစ်ပါတယ်။ ဒီပုဒ်မကို
လွှတ်တော်မှာလဲ ပယ်ဖို့ကြိုးစား နေကြပြီလို့ ကြားပါတယ်''ဟု ပြောသည်။
=======================
တရားခွင်များသို့လိုက်လံလေ့လာနေသော ဦးသိန်းညွှန့်(၀ဲ)ကိုတွေ့ရစဉ်။
မိမိကွန်ပြုတာမှာ USB ပေါက်တွေကနေလာတဲ့ ဗိုင်းရပ်ကို ကာကွယ်ကြမယ်
-
*USB DISK SECURITY 6.2.0.125 WITH KEYGEN*
*မိမိတို့ကွန်ပြူတာကို နေရာအမျိုးမျိုးကနေ ပြီးတော့ virus
အမျိုးမျိုးဝင်နိုင်ပါတယ်*
*အခုပေးချင်တာလေးကတော့ မိ...
9 years ago
0 comments:
Post a Comment