ဘင်္ဂါလီများကို
နိုင်ငံသားဖြစ်ခွင့် ပေးရေး မြန်မာနိုင်ငံ အစိုးရကို တိုက်တွန်းသည့်
ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်သည့် အနေနှင့် ရခိုင်ပြည်နယ်
ရမ်းဗြဲမြို့၌ သက်ဆိုင်ရာ ရဲတပ်ဖွဲ့စခန်း၏ တရားဝင် ခွင့်ပြုချက်ဖြင့်
နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ဒေသခံ တစ်ထောင်ကျော်က ဆန္ဒပြမည် ဖြစ်ကြောင်း
ယင်းဆန္ဒပြမှုကို ဦးဆောင်သူ ဦးထွန်းကြည်က ပြောကြားသည်။
ကုလသမဂ္ဂ
အနေနှင့် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို လေးစားရန် ၁၉၈၂ ခုနှစ်
မြန်မာနိုင်ငံသား ဥပဒေကို တိတိကျကျ လိုက်နာရန်၊ ရိုဟင်ဂျာသည်
မြန်မာနိုင်ငံတွင် မည်သည့် အခါကမှမရှိ စသည့် အချက်များကို ကြွေးကြော်ကာ
ဆန္ဒပြမည် ဖြစ်ကြောင်း၊ ဆန္ဒပြပွဲကို ရမ်းဗြဲ မြို့လယ်ရှိ ဓမ္မာရုံမှ နံနက် ၉
နာရီတွင် စတင်ထွက်ခွာမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“UN လုပ်ပုံက ရခိုင်နဲ့
ဘင်္ဂါလီကို ရန်တိုက်ပေးသလို ဖြစ်နေတယ်။ အခုဆန္ဒပြတာက အစိုးရနဲ့ ပြည်သူ
တစ်ထပ်တည်း ကျကြောင်း ပြတာပါ” ဟု ကုလသမဂ္ဂ၏ ဘင်္ဂါလီ အရေးနှင့် ပတ်သက်၍
ဆုံးဖြတ်ချက်အပေါ် ဦးထွန်းကြည်က ယင်းသို့ ပြောဆိုသည်။
အလားတူ
စစ်တွေမြို့တွင်လည်း ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ကို ကန့်ကွက် ဆန္ဒပြရန်
စီစဉ်နေကြောင်း စစ်တွေမြို့ရှိ ရခိုင် လူမူကွန်ရက်ထံမှ သိရှိရသည်။
ကုလသမဂ္ဂ၏
ဆုံးဖြတ်ချက်ကို ကန့်ကွက်သည့် အနေနှင့် ရန်ကုန်မြို့တော်
ပြည်သူ့ရင်ပြင်တွင်လည်း ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကန့်ကွက် ရှုတ်ချပွဲနှင့်
ဟောပြောပွဲများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း ယင်းပွဲ စီစဉ်သူများထံမှ
သိရှိရသည်။
မြန်မာနိုင်ငံရှိ နိုင်ငံမဲ့ ရိုဟင်ဂျာ (ကုလသမဂ္ဂ၏
မူရင်းအသုံး) များကို နိုင်ငံသား ဖြစ်ခွင့်ပေးရန် မြန်မာအစိုးရကို
တိုက်တွန်းရေး ပါဝင်သည့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ဆိုင်ရာ
အစီရင်ခံစာကို ကုလသမဂ္ဂ၏ (၆၈) ကြိမ်မြောက် အထွေထွေ ညီလာခံ တတိယအကြိမ်
ကော်မတီ အစည်း အဝေးတွင် အတည်ပြု ဆုံးဖြတ်ခဲ့သည်။
ယင်းဆုံးဖြတ်ချက်ကို
မြန်မာနိုင်ငံ အစိုးရ၏ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်တင်က
ဘင်္ဂါလီများ နိုင်ငံသား ဖြစ်ရေးကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား
ဥပဒေအတိုင်းသာ ဆောင်ရွက်ပေးမည်ဟု တုံ့ပြန် ကန့်ကွက်ခဲ့ပြီး ရိုဟင်ဂျာ
လူနည်းစု အသုံးအနှုန်း အပါအဝင် အစီရင်ခံစာ စာပိုဒ်များကိုလည်း တရားဝင်
ကန့်ကွက်ခဲ့သည်။
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
5 years ago




1:27 AM
sayarchan.blogspot.com
0 comments:
Post a Comment