
White
Card ကိုင်ဆောင်ထားသူ ဘင်္ဂလီနှစ်ဦးအပါအ၀င် ဘင်္ဂလီလူမျိုး (၇)ဦးကို ငွေကျပ်
(၃၂)သိန်း ယူဆောင်ကာ လိုင်စင်မဲ့ ပါဂျဲရိုးကားနဲ့ ရန်ကုန်မြို့ကို
ခိုးသွင်းလာမှုကို နိုဝင်ဘာလ (၂၆)ရက်နေ့ ညနေပိုင်းက မှော်ဘီမြို့နယ်မှ
ရဲတပ်ဖွဲ့ဝင်တွေနဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဌာန တို့က
ဖမ်းဆီးရမိခဲ့ပါတယ်။
မှော်ဘီမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့
လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနတို့က အမှတ် (၄)လမ်း
ပူးပေါင်းစစ်ဆေးရေး ဂိတ်မှာ မစ်ဆူဘီရှိ ပါဂျဲရိုး ခဲရောင်၊ ၃ဂ/၈၄၄၉ ကို
သတင်းအရး စစ်ဆေးဖို့ တားဆီးတဲ့အခါ မောင်းနှင်ထွက်ပြေးတာကြောင့် လိုက်လံ
ဖမ်းဆီးရာ မှော်ဘီမြို့ နယ် (၇၄)တပ်ကွေ့မှာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။
ယာဉ်ပေါ်မှာ
White Card ကိုင်ဆောင်ထားသူနှစ်ဦးအပါအ၀င် ဘင်္ဂလီ (၇)ဦးပါလာပြီး
ဘင်္ဂလီလူမျိုးတွေဟာ ရခိုင် ပြည်နယ် ကျောက်တော်မြို့နယ်မှာ
နေထိုင်သူတွေဖြစ်ကာ အသက် (၂၂)နှစ်ရှိ ဘင်္ဂလီလူမျိုး အမျိုးသမီးနှစ်ဦးနဲ့
အသက် (၂၀)ကျနေ၊ အသက်(၃၀) ဘင်္ဂလီလူမျိုး အမျိုးသား (၅)ဦးတို့ ပါလာပါတယ်။
ဖမ်းဆီးရမိသည့်
ဘင်္ဂါလီ လူမျိုးများမှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် နေထိုင်သည့်
ရှော်ဘီရော်မာန် (အသက် ၂၀ နှစ်)၊ လှမောင် (အသက် ၂၈ နှစ်)၊ ကျော်မောင် (အသက်
၂၀ နှစ်)၊ ဇော်မာလက်ဒီး (အသက် ၃၀ နှစ်)၊ မာမွတ်ဆာဟဲလ် (အသက် ၂၅ နှစ်)၊
မသိန်းနု (ခ) ဆော်ဖီရာ (အသက်၂၂ နှစ်)၊ မသန်းနု (ခ) မောစ်တော်ဘာ (အသက် ၂၂
နှစ်) တို့ဖြစ်ကြောင်း သိရသည်။
သူတို့ကို ယာဉ်မောင်း
အောင်မိုးထိုက်ဆိုသူက ရခိုင်ပြည်နယ်၊ မင်းဘူးနဲ့ ပဒ္ဒန်းကြား မိုင်တိုင်
(၁၇)ကတဆင့် ရန်ကုန်မြို့ရှိ ရွေပြည်သာကားဂိတ်ကို ငွေကျပ် (၃၂)သိန်းနဲ့
ပို့ဆောင် ပေးတာဖြစ်ပြီး စရံနေနဲ့ ကျပ် (၈)သိန်း လက်ခံရယူထားတယ်လို့
သိရပါတယ်။
ယာဉ်ကို သက်ဆိုင်ရာရဲတပ်ဖွဲ့က ရှာဖွေစစ်ဆေးခဲ့ရာ ဘင်္ဂလီ
(၇)ဦးအပါအ၀င် ပါတ်ဆံအိတ်အနက်ရောင် (၁)လုံး၊ ၇၂လက်မ အရွယ် ပလပ်စတစ်
ပါကင်အိတ် တစ်ထုပ်၊ ၃ဂ/၈၄၄၉ စာတန်းပါ မှတ်ပုံတင်သက်သေခံလက်မှတ်၊
လက်ကိုင်ဖုန်းတစ်လုံး၊ CDMA အထိုင်ဖုန်းခွံတစ်လုံးတို့ကို ရှာဖွေ
တွေ့ရှိခဲ့ပါတယ်။
ဒါ့အပြင် လက်ကိုင်ဖုန်းထည့်တဲ့ ဘူးခွံတစ်ခု၊
လက်ကိုင်ဖုန်းအားသွင်းပစ္စည်း (၃)မျိုး၊ Sumsung တံဆိပ်ပါ
လက်ကိုင်ဖုန်းကဒ်ပါ တစ်လုံး၊ ငွေစက္ကူ ငါးထောင်ကျပ်တန် ၈၈ရွက်နဲ့ ၃ဂ/၈၄၄၉
ခဲရောင် မစ်ဆူဘီရှိ ပါဂျဲရိုးကား လိုင်စင်မဲ့တို့ကိုလည်း
သိမ်းဆည်းရမိခဲ့ပါတယ်။
ဖမ်းဆီးရမိတဲ့ ဘင်္ဂလီတွေနဲ့ပါတ်သက်ပြီး
မှော်ဘီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဌာနက ဥပဒေအရ
အရေးယူဆောင်ရွက်နိုင်ဖို့ စစ်ဆေးနေတယ်လို့ သိရပါတယ်။
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
5 years ago




1:31 AM
sayarchan.blogspot.com
0 comments:
Post a Comment