ကမ္ဘာ့အလယ်မှာ မြန်မာနိုင်ငံကိုယ်စားပြုကာ
သွားရောက်ယှဉ်ပြိုင်ကြတဲ့ အလှမယ်တွေကိုမြန်မာလူမျိုးတွေက မျိုးချစ်စိတ်
အပြည့်နဲ့ ဝိုင်းဝန်းပံ့ပိုးအားပေး ကြလို့ ပြိုင်ပွဲ တိုင်းလိုလို မြန်
မာအလှမယ်တွေက
အင်တာနက် Voting မှာ အမြဲတမ်း ထိပ်ဆုံးကနေ ဦးဆောင်ပြီး
ဆုတွေရရှိခဲ့တာတွေ့ရပါ တယ်။ ကမ္ဘာက လည်း မြန်မာ နိုင်ငံ သားတွေက တအား
စည်းလုံးကြသလို ကိုယ့်လူမျိုးကိုချစ်တဲ့စိတ်ပြင်းထန်တယ်လို့ အသိအမှတ်ပြု
ပြောဆိုကြပါပြီ။ ဂျပန်မှာကျင်းပတဲ့ Miss International 2012 ပြိုင်ပွဲ မှာ
နန်းခင်ဇေယျာက ပထမဦးဆုံးသွားရောက် ယှဉ်ပြိုင်ခဲ့ပြီး Miss Internet ဆုနဲ့
People Choice ဆု တွေရရှိခဲ့ပါတယ်။
ဒီလိုပဲ တိုင်းမ်မဂ္ဂဇင်းက
ကမ္ဘာပေါ်မှာ ထင် ရှားကျော်ကြားတဲ့လူပုဂ္ဂိုလ် ၁ဝဝ စာရင်းအား
ရွေးချယ်ရာဆယ်စုနှစ်အတွင်းကမ္ဘာမှာ ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်များအနက်မှ
ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံး၊ပုဂ္ဂိုလ်အား အင် တာနက်မှ မဲပေးရွေးချယ်တဲ့အ
ခါမြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာကျော်ပေါ့ပ်အဆိုတော်လေဒီဂါဂါကို
မဲအပြတ် အသတ်ဖြင့် အနိုင် ရရှိခဲ့ပြန်ပါတယ်။ဒီ့နောက်မှာတော့ Belarus
နိုင်ငံမှာ ကျင်းပတဲ့ Miss Supranat-ional 2013
ပြိုင်ပွဲမှာမြန်မာကိုယ်စားပြုအလှမယ် ခင်ဝင့်ဝါက လည်း မြန်မာလူမျိုးတွေ
ရဲ့မဲပေးအားပေးမှုကြောင့် Miss Internet ဆု People Choice Award
ကိုရရှိခဲ့ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံမှာကျင်းပတဲ့ Miss Tour-ism Queen
International ပြိုင်ပွဲမှာမြန်မာနိုင်ငံကိုယ်စားပြုယှဉ်ပြိုင်တဲ့
ခင်လပြည့်ဇော်ကိုလည်း ပြိုင်ပွဲမှာ Internet Voting ဆုမပါဝင်ပေမယ့် ပရိသတ်
တွေက Like လုပ် ကာ အားပေးခဲ့ကြပြန်ပါတယ်။ အဲဒီနောက် နှစ် ၅ဝ အကြာမှာ
ပထမဦးဆုံးပြန်လည်ယှဉ်ပြိုင်ခွင့်ရတဲ့
ရုရားနိုင်ငံမော်စကိုမြို့မှာကျင်းပတဲ့ Miss Universe 2013 ပြိုင်ပွဲ
ဝင်မြန်မာကိုယ်စားပြုအလှ မယ်မိုးစက်ဝိုင်ကိုလည်း မြန်မာနိုင်ငံရော၊
ကမ္ဘာမှာပါ ရောက်ရှိနေကြတဲ့မိဘပြည်သူညီအစ်ကိုမောင်နှမတွေက အားပေးခဲ့ကြပြန်ပါ
တယ်။
တရားဝင် Miss Universe ပြိုင်ပွဲမှာ Top 16 နေရာကို
မဲပေးရွေးချယ်တဲ့အခါမှာ Miss Philippines က ရရှိပြီး Top 16
ထဲပါဝင်သွားပေမယ့် တခြားအလှမယ် website များကပေးတဲ့ voting များမှာတော့
မိုးစက်ဝိုင်က ပထမနေရာမှာဦးဆောင်ကာ website ကပေးတဲ့ People Choice Award
ကို ရရှိခဲ့ပါတယ်။ အခု ထိုင်းနိုင်ငံမှာ Miss Grand Intern-ational
ပြိုင်ပွဲမှာ ယှဉ်ပြိုင်တဲ့ မြန်မာကိုယ်စား ပြုအလှမယ် ထားထက်ထက်ကလည်း
ပရိသတ်တွေရဲ့မဲပေးမှုကြောင့် Miss Popular Vote ဆုနဲ့ People Choice Award
များရရှိခဲ့ပြန်ပါတယ်။ အဲ့ဒီလို မြန်မာအလှမယ်လေးတွေကို ပြည်တွင်း၊
ပြည်ပမှာရှိနေကြတဲ့ မြန်မာလူမျိုးတွေက မျိုးချစ် စိတ်အပြည့်နဲ့ မဲပေးကြတဲ့
အပေါ် ဝမ်းသာမိကြောင်းကို ဒေါ်ဆွေဇင်ထိုက်က
” ပြည်တွင်းမှာ
ရှိနေတဲ့မြန်မာတွေလည်း ကြိုးစားပေးသလို ပြည်ပမှာရောက်နေတဲ့ မြန်မာတွေလည်း
ကြိုးစားပေးကြတယ်။ သူတို့တွေ တစ်နာရီတစ်ခါ Click လုပ်ပေးတာ လည်း
တွေ့ဖူးပါတယ်။ ပြည်တွင်းမှာရှိတဲ့လူတွေလည်း မျိုးချစ်စိတ်ရှိကြသလို
ပြည်ပမှာ ရောက်နေတဲ့ မြန်မာတွေက လည်း မျိုးချစ်စိတ်တွေနဲ့ ပံ့ပိုး
ပေးကြပါတယ်။ ကိုယ့် လူတွေ အတွက်ကိုယ်တွေအားစိုက် ပြီးလုပ်ပေးရင် အောင်မြင်
နိုင်တယ်ဆိုတာမျိုး လုပ် ပေးကြတာတွေ့ရတဲ့အ တွက်ဝမ်းသာပါတယ်” လို့
ပြောပါတယ်။
ကမ္ဘာ့အလှမယ်ပြိုင်ပွဲ တွေမှာမြန်မာအလှမယ်တွေပါဝင်
ယှဉ်ပြိုင်တိုင်း တက်ကြွစွာ အားပေးနေသူလည်းဖြစ်တဲ့ ဒါရိုက်တာ
ဝင်းထွန်းထွန်း၏ ဇနီးဖြစ်သူ မသစ်သစ်မြင့် ဆိုင်ကလည်း ” ကျွန်မတို့ Vote
လုပ်ပေးတယ်ဆိုတာကကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံကိုချစ်လို့ အခုလို Vote
လုပ်ပေးနေတာ ပါ။ ကိုယ့်အလုပ်ကိုလုပ်နေတဲ့ အပြင် ကိုယ့်နိုင်ငံကိုလည်း
ကိုယ်တတ်နိုင်သလောက် လုပ်ပေးတာပါ။ မြန်မာနိုင်ငံကိုယ်စားပြုပြီး
ကမ္ဘာ့အလယ်မှာယှဉ်ပြိုင်တဲ့ ဘယ်သူ့ကိုမဆို Vote လုပ်ပေးမှာပဲလေ။
ကျွန်မတို့မှ သွားမယှဉ်ပြိုင် နိုင်တာပဲ။ ကျွန်မတို့
မြန်မာနိုင်ငံကိုယ်စားယှဉ်ပြိုင်နေတဲ့ ထားထက်ထက်ပဲဖြစ်ဖြစ်၊
မိုးစက်ဝိုင်ပဲဖြစ်ဖြစ်၊ နန်းခင်ဇေယျာပဲဖြစ်ဖြစ်၊ ဒေါ်အောင် ဆန်းစုကြည်လို
ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် ဘယ်သူ့ကိုမဆို Vote လုပ်ပေးမှာပဲ။ မြန်မာကိုယ်စားပြု
စလွယ်ကိုလွယ်ထားပြီဆိုရင်တော့ နိုင်ငံတကာနဲ့ယှဉ်ပြိုင်နိုင်တဲ့ အရည်အ
ချင်းတွေရှိရမှာပေါ့။ ကျွန်မတို့ကမြန်မာစလွယ်လွယ်ထားပြီဆိုရင်
မျက်စိစုံမှိတ်ပြီး အားပေးရတော့မှာလေ။
သူတို့မှာလည်းကိုယ်ပိုင်အရည်အချင်းတွေ
ရှိကြမှာ ပါ။ မိုးစက် ဝိုင်တုန်းကလည်း သူ့ကို တရုတ်လို့ ဝိုင်းပြောနေ
ကြပေမယ့် ကျွန်မတို့မြန်မာနိုင်ငံကိုယ်စားပြုတစ်ယောက် ဖြစ်နေတဲ့အတွက်
ဘယ်သူတွေဘာပြောပြော အားပေး ခဲ့ပါ တယ်။ ကိုယ့်နိုင်ငံ၊
ကိုယ့်လူမျိုးကိုချစ်တဲ့ဘယ်သူမဆို ကတော့ Vote လုပ်ပေးကြမှာပါ။
မြန်မာလူမျိုးတွေက မျိုးချစ်စိတ်ရှိကြပါတယ်။ နောင်လည်း ကျွန်မချစ် တဲ့ မြန်
မာနိုင်ငံအတွက် တတ်နိုင်သမျှပံ့ပိုးကူညီပေးနေမှာပါပဲ” လို့ ပြောပါတယ်။
မြန်မာလူမျိုးတွေက
စည်းလုံးမှုရှိပြီး ကိုယ့်လူမျိုးအပေါ်မှာလေးလေးနက်နက် ချစ်တတ်ကြကြောင်းကို
Hello Madam Media Group ရဲ့ Media Department မန်နေ
ဂျာကိုချမ်းလင်းသူကလည်း ” တကယ်တမ်းတော့ကျွန်တော်တို့မြန်မာလူမျိုးတွေက
နဂိုကတည်းက စည်းလုံးပါတယ်။ ဒါပေမဲ့ နိုင်ငံစည်းလုံးတယ်၊ ပွင့်လင်းမြင်
သာမှုရှိ လာတာ နှစ်အနည်းငယ်ပဲ ရှိသေးတယ်။ မြန်မာနိုင်ငံက ကမ္ဘာကြီးနဲ့
အဆက်အသွယ်ပြတ်နေတာနှစ်ပေါင်း ဆယ်နဲ့ ချီခဲ့ပါပြီ။ အခု ပွင့်လင်းမြင်
သာမှုတွေ အများ ကြီးဖြစ် လာချိန်မှာ ဘက်ပေါင်းစုံက နေတိုးတက်လာတယ်။
မြန်မာဆိုတာကို
ကမ္ဘာမှာပိုပြီး သိလာတဲ့အတွက် မြန်မာလူမျိုးတွေရဲ့ စိတ်ဓာတ်က လည်း ပိုပြီး
စိတ် ထဲမှာ လေးေ လးနက်နက်နဲ့ ချစ်တတ်လာတယ်။ ကိုယ့်နိုင်ငံက Miss
မိန်းမငယ်လေးတစ်ယောက် နိုင်ငံကိုယ်စားပြုပြီး ကမ္ဘာမှာသွားပြိုင်တဲ့အခါ
မြန်မာလူမျိုးေ တွရဲ့စိတ် ထဲမှာ ဒါဟာငါတို့ မြန်မာဆိုပြီး
စိတ်ဓာတ်တက်ကြွတယ်။ ကိုယ့်မှာ နိုင်ငံခြားသားသူငယ်ချင်းတွေရှိရင် ဒီပွဲမှာ
ဒါငါတို့နိုင်ငံက မြန်မာမလေးဆိုပြီး ပြချင်ကြတယ်။
စိတ်ထဲ မှာပိုပြီး
တက်ကြွလာတယ်။မြန်မာကို ပိုပြီးချစ်တတ်လာတယ်။မြန်မာဆိုတာကို လေးလေးနက်နက်
ခံစားတတ်လာတယ်။ ကိုယ့် မြန်မာနိုင်ငံကို အကောင်း ဆုံးဖြ စ်စေချင်ကြ တယ်။
အားလုံးကလည်း ဝိုင်းဝန်းပံ့ပိုးပေး ကြတယ်။အဲဒီအတွက်အများ
ကြီးဂုဏ်ယူပါတယ်”လို့ ပြောပါတယ်။
မယ်ပြိုင်ပွဲတွေတင်မကဘဲအပြင်ဘက်မှာလည်း
တိုင်းရင်းသားလူမျိုး အားလုံး ချစ်ချစ်ခင်ခင် နေထိုင်သွားဖို့
မျှော်လင့်မိကြောင်းကို Miss International 2012 အလှမယ် နန်းခင်ဇေယျာက”
နောက်သွားပြိုင်တဲ့ သူတွေလည်း ဆုတွေရကြတော့ အများကြီး ဝမ်းသာဂုဏ်ယူပါ တယ်။
မြန်မာနိုင်ငံရဲ့ မျိုးချစ်စိတ်ကို ပြ တာပေါ့။ မြန် မာနိုင်ငံရဲ့စည်း
လုံးမှုကို နိုင်ငံ ပေါင်းစုံမှာပြသတဲ့ ဆုပါပဲ။
ညီမတို့
မြန်မာနိုင်ငံက နဂိုကတည်းက မျိုးချစ်စိတ်ရှိကြပါတယ်။ ဘယ်ကိစ္စမှာပဲ
ဖြစ်ဖြစ်၊လူ ငယ်မှာပဲ ဖြစ် ဖြစ်၊ လူကြီး တွေ မှာပဲ ဖြစ်ဖြစ်
ဘယ်နိုင်ငံမှာမှမရနိုင်တဲ့ မျိုးချစ်စိတ်တွေကို ရေရှည်ထိန်းသိမ်းဖို့
လိုအပ်တယ်။ မယ်ပြိုင်ပွဲတွေမှာတင်မကဘူး။ အပြင်ဘက်မှာရှိတဲ့ တိုင်းရင်းသား
လူမျိုးတွေ လည်း ချစ်ချစ်ခင်ခင်နေ သွားရင်ပို ကောင်းပါတယ်” လို့ပြော ပါတယ်။
Internet က တဆင့်မြန်မာ နိုင်ငံကို တစ်ကမ္ဘာလုံးကသိရှိသွားခဲ့ ကြောင်းကိုလည်း Miss Supran-ational 2013 အလှမယ် ခင်ဝင့် ဝါက…
”
ပြိုင်ပွဲတွေမှာ တစ်ကမ္ဘာလုံးကလည်း မြန်မာကို သိတယ်။ အင်တာနက်ကတစ်ဆင့်လည်း
ကျွန်မတို့ မြန်မာနိုင်ငံကို တစ်ကမ္ဘာလုံးကသိတယ်။ အဲဒီအတွက် အင်အား
အများကြီးဖြစ်စေတယ်။ အကျိုးအများကြီးရတယ်။
ပြိုင်တဲ့အခါမှာအင်တာနက်နဲ့ပတ်သက်ပြီး ဆုပေးတဲ့အတွက်ကြောင့်
မြန်မာလူမျိုးတွေရဲ့မျိုးချစ် စိတ်နဲ့ မဲပေးတဲ့ Miss Internet
ဆုကိုရခဲ့တယ်။ မြန်မာလူမျိုးတွေ ဘယ်လောက်စည်းလုံးသလဲဆိုတာ ပြသခွင့်ရတယ်။
အင်တာနက်တွေရှိတာ အများကြီးအထောက် အကူ ဖြစ်စေပါတယ်။ နည်းပညာတွေ
တိုးတက်လာတဲ့အတွက်မြန်မာနိုင်ငံက အရင်ကနဲ့ကိုမတူဘဲ ပြောင်းလဲလာတယ်လို့
မြင်ပါတယ်” လို့ပြောပါတယ်။
ပရိသတ်တွေရဲ့အားပေးမှုနဲ့အတူ
ပြိုင်ပွဲမှာအနိုင်ရအောင်လည်း ကြိုးစားဖို့ စိတ်ဆန္ဒတွေရှိနေတဲ့
ဂုဏ်ရည်အေးကျော်ကလည်း ” ဂုဏ်ရည်တို့နိုင်ငံက ပိတ်ထားတာ ကြာလှပြီ။
အခုမှပြန်လည်ပွင့်လင်းတဲ့အခါ နိုင်ငံတကာနဲ့ Miss ပြိုင်ပွဲတွေအပါအဝင်
အားကစားပြိုင်ပွဲတွေအများကြီး ပြန်လည်ထိတွေ့တဲ့အချိန်မှာ အနိုင်တွေ နဲ့ဝေးေ
နတော့ ဂုဏ်ရည်တို့ တအား ငတ်မွတ်နေတာအနိုင်ပါ။ ဂုဏ်ရည်
တို့လည်းကိုယ်လုပ်ရမယ့်အပိုင်းကို အကောင်းဆုံး လုပ်ရမှာပေါ့။
သူတို့ကဒီလောက်ထိ အနိုင်ကိုလို ချင်ေ နမှတော့ ဂုဏ်ရည်
ဘက်ကလည်းဘယ်လိုအနိုင်မျိုးကိုလုပ်ပေးရမလဲဆိုတာ ကိုတွေးမိပါတယ်” လို့
ဆိုပါတယ်။
မိမိကွန်ပြုတာမှာ USB ပေါက်တွေကနေလာတဲ့ ဗိုင်းရပ်ကို ကာကွယ်ကြမယ်
-
*USB DISK SECURITY 6.2.0.125 WITH KEYGEN*
*မိမိတို့ကွန်ပြူတာကို နေရာအမျိုးမျိုးကနေ ပြီးတော့ virus
အမျိုးမျိုးဝင်နိုင်ပါတယ်*
*အခုပေးချင်တာလေးကတော့ မိ...
9 years ago
0 comments:
Post a Comment