ရန်ကုန်တိုင်း
ဒေသကြီးအတွင်း မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ
ရောင်းချထားသည့် အိမ်ရာစီမံကိန်း ၁၀ ခုရှိ လုံးချင်းနှင့် တိုက်ခန်းဝယ်ယူ
ထားသူများအား နိုဝင်ဘာလကုန် နောက်ဆုံးထားပြီး တန်ဖိုးငွေများ
အကျေပေးသွင်းရန် သတိပေးထားကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး
ဦးစီးဌာနမှ သိရသည်။
အဆိုပါ အိမ်ရာစီမံကိန်း ၁၀ ခုမှာ
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ကမာကြည်အိမ်ရာ၊ ရတနာပုံအိမ်ရာ၊
ရတနာလမ်းသစ်အိမ်ရာ၊ လမ်းမတော်မြို့နယ်ရှိ ကျုံးကြီးလမ်းအိမ်ရာ၊
ဗဟန်းမြို့နယ်ရှိ အောင်ချမ်းသာအိမ်ရာ၊ အင်းစိန်မြို့နယ်ရှိ
အောင်ဇေယျအိမ်ရာ၊ ကြို့ကုန်းအိမ်ရာ၊ ဒဂုံတောင်ပိုင်းမြို့နယ်ရှိ
ဣစ္ဆိတံအိမ်ရာ၊ ဒဂုံအရှေ့ပိုင်း မြို့နယ်ရှိ ဒဂုံတောင်တိုးချဲ့၊ အကြီးစား
စက်မှုဇုန်၊ ဂရုဏာလမ်းဘေးရှိ Shop House၊ ဒဂုံမြောက်ပိုင်း မြို့နယ်ရှိ Rose
Park (၃)၊(၄)၊ ရွှေပင်လုံအိမ်ရာနှင့်
ကမာရွတ်မြို့နယ်ရှိ ဟံသာရိပ်မွန်
အိမ်ရာတို့တွင် လုံးချင်းတိုက်၊ တိုက်ခန်း၊ လူနေဆိုင်ခန်း Shop House
ဝယ်ယူထားများ ဖြစ်ကြောင်း သိရသည်။ အဆိုပါအိမ်ရာ စီမံကိန်းများတွင် မြို့
ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနမှ ရောင်းချထားခြင်းဖြစ်ပြီး
ဝယ်ယူထားသူ အချို့မှာ ငွေပေးရမည့် သတ်မှတ်ကာလအတွင်း ပေးသွင်းခြင်း မရှိဘဲ
နောက်ကျနေသည်ကို စိစစ်တွေ့ရှိထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။
အထက်ပါ
အိမ်ရာစီမံကိန်းများရှိ တိုက်ခန်းတန်ဖိုးငွေ အကျေပေးသွင်းရန်
ကျန်ရှိသူများ အနေဖြင့် ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၃၀ ရက် နောက်ဆုံးထား၍
တိုက်ခန်းတန်ဖိုးငွေ အကျေပေးသွင်းရန်နှင့် ပေးသွင်းခြင်း မရှိပါက
ဝယ်ယူခွင့် အလိုအလျောက် ပယ်ဖျက်သွားမည် ဖြစ်ကြောင်းနှင့် ပေးသွင်းထားသော
တိုက်ခန်းတန်ဖိုး ငွေများကို မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန
အနေဖြင့် ပြန်လည်ထုတ်ပေးမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ
ထုတ်ပြန်ထားချက်များအရ သိရသည်။
မြို့ရွာနှင့်အိုးအိမ်
ဖွံ့ဖြိုးရေးဦးစီးဌာန အနေဖြင့် ရန်ကုန်မြို့ရှိ ပြည်တော်သာခေတ် ၅၁ လမ်း
အိမ်ရာစီမံကိန်းနှင့် ရွှေဂုံအိမ်ရာ စီမံကိန်းများကို အထပ်မြင့်
အဆောက်အအုံများအဖြစ် ပြန်လည်အဆင့် မြှင့်တင်လျက် ရှိကြောင်း သိရသည်။
မိမိကွန်ပြုတာမှာ USB ပေါက်တွေကနေလာတဲ့ ဗိုင်းရပ်ကို ကာကွယ်ကြမယ်
-
*USB DISK SECURITY 6.2.0.125 WITH KEYGEN*
*မိမိတို့ကွန်ပြူတာကို နေရာအမျိုးမျိုးကနေ ပြီးတော့ virus
အမျိုးမျိုးဝင်နိုင်ပါတယ်*
*အခုပေးချင်တာလေးကတော့ မိ...
9 years ago
0 comments:
Post a Comment