ပုံမှာ မြင်တွေ့နေရတဲ့ ငှက်ကတော့ ဇီးကွက်ကြက်တူရွေး ခေါ် Kakapo ငှက်ဖြစ်ပြီး ကြက်တူရွေးမျိုးစိတ်ထဲက ငှက် ဖြစ်ပါတယ်။
ယင်းငှက်ဟာ
နယူးဇီလန်နိုင်ငံမှာသာ ရှိတော့ပြီး အကောင်ရေ ၁၂၀ ကျော်သာ ကျန်ရှိပါတယ်။
ဒါကြောင့်လည်း ကမ္ဘာ့အရှားပါးဆုံး ငှက်မျိုးစိတ်တွေထဲမှာ ထိပ်တန်း စာရင်း
ဝင်လာတာ ဖြစ်ပါတယ်။ ပြီးတော့ ကမ္ဘာပေါ်မှာ မပျံသန်းနိုင်တဲ့
ကြက်တူရွေးဆိုလို့ Kakapo တစ်မျိုးပဲ ရှိပါတယ်။ ကမ္ဘာဦးခေတ် တိရစ္ဆာန်
စာရင်းထဲမှာလည်း ပါဝင်ပါ တယ်။ ခေတ်တွေ ပြောင်းလဲလာတာနဲ့ အမျှ မျိုးသုန်း
ပျောက်ကွယ် လာမှု ဖြစ်ပါတယ်။
အစိမ်းရောင်ရောတဲ့ အမွေးအမျှင်များ
ပါရှိပြီး ဇီးကွက်အသွင်သဏ္ဍန်နဲ့လည်း အနည်းငယ် တူပါတယ်။ ဒါကြောင့်သူ့ကို Owl
Parrot လို့ ခေါ်ဆိုခြင်း ဖြစ်ပါ တယ်။ အထီးရဲ့  အကြီးဆုံး အရွယ်ကတော့ ၂၄
လက်မ
အထိဖြစ်ပြီး ၄ ပေါင်နဲ့ ၉ ပေါင်ကြား အလေးချိန် ရှိပါတယ်။ တောင်ပံ
အရွယ် အစား သေးတဲ့အတွက် မပျံနိုင်ပါဘူး။ မပျံနိုင်တာကလည်း အကောင်များ
မျိုးသုန်းစေခြင်း အကြောင်း တစ်မျိုး ဖြစ်ပါတယ်။ တောကြောင်၊ ကျား၊ ဝံပုလွေ
အစရှိသဖြင့် တောရိုင်းတိရစ္ဆာန်များအတွက် သားကောင် ဖြစ်နေပါ တယ်။
ဒါကြောင့်လည်း
နယူးဇီလန်အစိုးရအနေနဲ့ ကမ္ဘာ့ရှားပါး မျိုးစိတ် ဖြစ်နေတဲ့ Kakapo များအတွက်
ဘေးမဲ့တော တစ်ခုကို ကျွန်းမှာ သတ်မှတ်ပေး ထားပြီး ပြုစုပျိုးထောင်ပါတယ်။
သို့ပေမယ့် အကောင် အရေအတွက် တိုးလာဖို့အတွက် လျော့နည်းမျိုးသုန်းလာဖို့သာ
ပိုမို ဖြစ်နိုင်ချေ ရှိတဲ့အတွက် ဇီး-ကြက်တူရွေးများဟာ ကမ္ဘာ့အရှားပါးဆုံး
ငှက်မျိုးစိတ်များ အဖြစ် အသတ်မှတ်ခံလိုက်ရပါတယ်။
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
5 years ago
0 comments:
Post a Comment