Related Posts Plugin for WordPress, Blogger...

Friday, November 22, 2013

ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်ညွှန်းရေးသားမှုအား သမိုင်းပညာရှင်များနှင့် တိုင်ပင်ကာ အချက်အလက်တချို့ ပြင်ဆင်ခဲ့ရ

Photo: ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်ညွှန်းရေးသားမှုအား သမိုင်းပညာရှင်များနှင့် တိုင်ပင်ကာ အချက်အလက်တချို့ ပြင်ဆင်ခဲ့ရ
==========================================
နွေးနွေး
==========================================
ရန်ကုန် ၊ နိုဝင်ဘာ ၂၁ ။ ။ ဗိုလ် ချုပ်ရုပ်ရှင်ရိုက်ကူးရန်အတွက် ဇာတ်ညွှန်းရေး သားမှုပိုင်းနှင့် ပတ်သက်၍ သမိုင်းပညာရှင် များ နှင့်တိုင်ပင် ကာ အချက် အလက် တချို့ပြင်ဆင်မှုများ ပြုလုပ်ခဲ့ရ ကြောင်း သိရသည်။

အဆိုပါဇာတ်ညွှန်းပြင်ဆင် မှုတွင် သမိုင်းသုတေသီများဖြစ် ကြသော ဒေါက်တာဒေါ်ခင်လှ ဟန်၊ ဒေါ်ခင်နှင်းဦး၊ ဦးမြဟန်၊ ဦးဇော်လင်းနှင့် အဖွဲ့ဝင်များသည် ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေး ရုံးခန်းတွင် နိုဝင်ဘာ ၁ရ ရက် တွင် ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက် ရေးမှ တာဝန်ရှိသူများနှင့်တွေ့ ဆုံ၍ ပြင်ဆင်မှုများ ပြုလုပ်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

''သမိုင်းပညာရှင်တွေနဲ့ တွေ့ဆုံတယ်ဆိုတာက ဇာတ်ညွှန်း ပါအချက် အလက်တွေ မှားယွင်း တာမျိုးတွေမဖြစ်ရအောင်၊ ပြီး တော့ ဗိုလ်ချုပ် ဇာတ်ကားက နိုင်ငံ တကာအထိဖြန့်မှာဆိုတော့ မှား ယွင်းမှုမဖြစ် ရအောင် အသေးစိတ် တိုက်ဆိုင်စစ်ဆေးတာပါ။ အခု တော့ ပြီးသွားပါပြီ။ ဇာတ်ညွှန်း ပါအချက်အလက်တချို့ ပြင်ဆင် ခဲ့ရတာပဲ ရှိပါတယ်။ အများကြီး တော့ မပြင်ဆင်ခဲ့ရပါဘူး''ဟု ဗိုလ် ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးရုံးခန်း မှ ပြန်ကြားရေးတာဝန်ခံ ဦးဇော် သက်ထွေးက ပြောသည်။

ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရန်အတွက် အမေရိကန် နိုင်ငံနှင့် အင်္ဂလန်နိုင်ငံမှ ထုတ် လုပ်ရေးကုမ္ပဏီများအား ဒီဇင် ဘာအကုန်တွင် အပြီးသတ်ရွေး ချယ်သွားမည်ဖြစ်ပြီး ရွေးချယ်ခံ ရသောကုမ္ပဏီမှ ဇာတ်ကားရိုက် ကူးမည့်ဒါရိုက်တာအား နိုင်ငံ တကာမှ ပြန်လည်ရွေးချယ်သွား မည်ဖြစ်သည်။

ဇာတ်ကားရိုက်ကူးရန်အ တွက် ရွေးချယ်ရန်ကျန်ရှိနေသော သရုပ်ဆောင် များနှင့်ပတ်သက် ၍ ထုတ်လုပ်ရေးနှင့် ဒါရိုက်တာ တို့မှ အပြီးသတ်ရွေး ချယ်မှုပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

''ကုမ္ပဏီကိုတော့ ဒီဇင်ဘာ အကုန်လောက်မှာ အပြီးသတ်ရွေး ချယ်သွားမှာပါ။ ဒါရိုက်တာကို လဲ ရွေးချယ်ခံရတဲ့ကုမ္ပဏီကနေ ပဲ ပြန်ပြီးရွေးချယ်မှာဆိုတော့ မြန်မာနိုင်ငံက ဒါရိုက်တာတွေ ပါဖို့က ရာခိုင်နှုန်းနည်းပါတယ်''ဟု ယင်းကဆက်လက်ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ် ရှင်ဇာတ်ကားရိုက်ကူးရန် အတွက် ဆောင်ရွက်မှု အပိုင်းမှာ နောက် ဆုံးအဆင့်သို့ရောက်ရှိနေပြီဖြစ် ကာ 'အောင်ဆန်း' အမည်ရ အ ဆိုပါဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကား အား ၂၀၁၄ခုနှစ် နှစ်ဆန်းပိုင်း တွင် စတင်ရိုက်ကူးသွားမည်ဖြစ် ကြောင်း သိရသည်။

အေးချမ်းမွန် Credit To > Yangon Media Group <Thanks
https://www.facebook.com/excellencemedia
ဗိုလ် ချုပ်ရုပ်ရှင်ရိုက်ကူးရန်အတွက် ဇာတ်ညွှန်းရေး သားမှုပိုင်းနှင့် ပတ်သက်၍ သမိုင်းပညာရှင် များ နှင့်တိုင်ပင် ကာ အချက် အလက် တချို့ပြင်ဆင်မှုများ ပြုလုပ်ခဲ့ရ ကြောင်း သိရသည်။

အဆိုပါဇာတ်ညွှန်းပြင်ဆင် မှုတွင် သမိုင်းသုတေသီများဖြစ် ကြသော ဒေါက်တာဒေါ်ခင်လှ ဟန်၊ ဒေါ်ခင်နှင်းဦး၊ ဦးမြဟန်၊ ဦးဇော်လင်းနှင့် အဖွဲ့ဝင်များသည် ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေး ရုံးခန်းတွင် နိုဝင်ဘာ ၁ရ ရက် တွင် ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက် ရေးမှ တာဝန်ရှိသူများနှင့်တွေ့ ဆုံ၍ ပြင်ဆင်မှုများ ပြုလုပ်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

''သမိုင်းပညာရှင်တွေနဲ့ တွေ့ဆုံတယ်ဆိုတာက ဇာတ်ညွှန်း ပါအချက် အလက်တွေ မှားယွင်း တာမျိုးတွေမဖြစ်ရအောင်၊ ပြီး တော့ ဗိုလ်ချုပ် ဇာတ်ကားက နိုင်ငံ တကာအထိဖြန့်မှာဆိုတော့ မှား

ယွင်းမှုမဖြစ် ရအောင် အသေးစိတ် တိုက်ဆိုင်စစ်ဆေးတာပါ။ အခု တော့ ပြီးသွားပါပြီ။ ဇာတ်ညွှန်း ပါအချက်အလက်တချို့ ပြင်ဆင် ခဲ့ရတာပဲ ရှိပါတယ်။ အများကြီး တော့ မပြင်ဆင်ခဲ့ရပါဘူး''ဟု ဗိုလ် ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးရုံးခန်း မှ ပြန်ကြားရေးတာဝန်ခံ ဦးဇော် သက်ထွေးက ပြောသည်။

ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရန်အတွက် အမေရိကန် နိုင်ငံနှင့် အင်္ဂလန်နိုင်ငံမှ ထုတ် လုပ်ရေးကုမ္ပဏီများအား ဒီဇင် ဘာအကုန်တွင် အပြီးသတ်ရွေး ချယ်သွားမည်ဖြစ်ပြီး ရွေးချယ်ခံ ရသောကုမ္ပဏီမှ ဇာတ်ကားရိုက် ကူးမည့်ဒါရိုက်တာအား နိုင်ငံ တကာမှ ပြန်လည်ရွေးချယ်သွား မည်ဖြစ်သည်။

ဇာတ်ကားရိုက်ကူးရန်အ တွက် ရွေးချယ်ရန်ကျန်ရှိနေသော သရုပ်ဆောင် များနှင့်ပတ်သက် ၍ ထုတ်လုပ်ရေးနှင့် ဒါရိုက်တာ တို့မှ အပြီးသတ်ရွေး ချယ်မှုပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

''ကုမ္ပဏီကိုတော့ ဒီဇင်ဘာ အကုန်လောက်မှာ အပြီးသတ်ရွေး ချယ်သွားမှာပါ။ ဒါရိုက်တာကို လဲ ရွေးချယ်ခံရတဲ့ကုမ္ပဏီကနေ ပဲ ပြန်ပြီးရွေးချယ်မှာဆိုတော့ မြန်မာနိုင်ငံက ဒါရိုက်တာတွေ ပါဖို့က ရာခိုင်နှုန်းနည်းပါတယ်''ဟု ယင်းကဆက်လက်ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ် ရှင်ဇာတ်ကားရိုက်ကူးရန် အတွက် ဆောင်ရွက်မှု အပိုင်းမှာ နောက် ဆုံးအဆင့်သို့ရောက်ရှိနေပြီဖြစ် ကာ 'အောင်ဆန်း' အမည်ရ အ ဆိုပါဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကား အား ၂၀၁၄ခုနှစ် နှစ်ဆန်းပိုင်း တွင် စတင်ရိုက်ကူးသွားမည်ဖြစ် ကြောင်း သိရသည်။


0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U