Related Posts Plugin for WordPress, Blogger...

Friday, November 22, 2013

ဂိမ်းတွင် လက်စွပ်တစ်ကွင်းဖို့ တရုတ်ဂိမ်မာတစ်ဦး ကန်ဒေါ်လာ ၆၀၀၀ သုံး


တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ဂိမ်းဆော့သူ လူဦးရေအများဆုံးစာရင်းဝင် တဲ့ နိုင်ငံ တစ်နိုင်ငံလည်း ဖြစ်ပါတယ်။ လူဦးရေများတာ ကြောင့်လည်း ပါဝင်ပါတယ်။

ကမ္ဘာကျော်သွားစေတဲ့ ဖြစ်ရပ်တစ်ခု တရုတ်ဂိမ်မာလောကမှာ ဖြစ်ပေါ် သွားပါတယ်။ ယင်းကတော့ ဂိမ်း Item တစ်ခုကို အမေရိကန်ဒေါ်လာ ၆၀၀၀ ပေးဖို့ ဝယ်ယူခြင်းပဲ ဖြစ်ပါတယ်။ တကယ့်အပြင်မှာ ရှိတဲ့ လက်စွပ် မဟုတ်ပါဘူး။ သူဆော့တဲ့ ဂိမ်းက DNF လို့အမည်ရတဲ့ တရုတ်ပြည်က အွန်လိုင်း ဂိမ်းတစ်ခုပါ။ ဂိမ်းမှာ Item တွေ အရောင်းအဝယ် ဖြစ်ပြီး ငွေကြေး အပေးအယူကိစ္စ E-Comerce အတွက်ကတော့
5173 အမည်ရတဲ့ Third Party ကုမ္မဏီတစ်ခုက ပြုလုပ် ပေးပါတယ်။

ဂိမ်းထဲမှာ အသုံးပြုဖို့ Item တွေကို ကန်ဒေါ်လာ ထောင်ချီဂဏန်းနဲ့ တရုတ်ပြည်မှာ တကယ် အရောင်းအဝယ်ဖြစ်နေပါတယ်။ သမိုင်းတွင် သွားစေတဲ့ အကြီးမားဆုံး ဝယ်ယူမှုကြီးကတော့ Virtual Ring လို့ခေါ်တဲ့ အွန်လိုင်း လက်စွပ် ဝယ်ယူခြင်း ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၆ထောင်တောင် အသုံးပြုခဲ့ပါတယ်။ ဂိမ်းထဲမှာ သူ့အကောင်အတွက် ပြန်လည် အသုံးချမို့ပါ။

နောက်ပိုင်း ယင်းထက်ပိုမို ကြီးမားတဲ့ ဈေးနှုန်းနဲ့ ဂိမ်း Item တို့ အရောင်း အဝယ် ဖြစ်နိုင်ချေ ရှိကြောင်း သိရပါတယ်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U