
တောင်သမန်အင်းသို့
နိုဝင်ဘာ လလယ်ခန့်မှစ၍ ဆောင်းခိုငှက်များဖြစ်သော ငဟစ်မွဲနှင့်
ဒေါင်းလန်းခြေထောက် ငှက်မျိုးစိတ်များ စတင် ၀င်ရောက်လျှက်ရှိကြောင်း
သိရသည်။
ယခုနှစ်တွင် အင်းရေကျဆင်းမှု နောက်ကျခြင်းကြောင့်
ဆောင်းခိုငှက်များ ၀င်ရောက်မှု နောက်ကျခဲ့ပြီး ပုလိပ်အင်းသို့ ဆောင်းခိုငှက်
ဝင်ရောက်မှု မရှိသေးကြောင်း၊ ယခုဝင်ရောက်သည့် ဆောင်းခိုငှက်များမှာ အနည်း
ငယ်သာရှိပြီး နှစ်စဉ်ဝင်နေကျ ငှက်မျိုးစိတ်များ ကျန်ရှိနေကာ အကောင်အရေအတွက်
ပြည့်မီခြင်း မရှိသေးကြောင်း သိရသည်။
"တောင်သမန်ကို
ဆောင်းခိုငှက်တွေ စ၀င်နေပြီဆိုပေမယ့် အနည်းငယ်ပဲ ရှိပါသေးတယ်။
ဒေါင်းလန်းခြေထောက် ငှက်မျိုးစိတ်နဲ့ ငဟစ်မွဲငှက်မျိုးတွေပဲ ၀င်သေးတယ်။
ဒေါင်းလန်း ခြေထောက်ကတော့ ရာချီဝင်နေပြီ။ ပုလိပ်အင်းကတော့
ရေသိပ်မကျသေးတဲ့အတွက် ၀င်ရောက်ခြင်း မရှိသေးပါဘူး"ဟု
မြန်မာနိုင်ငံငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်းမှ ဒုဥက္ကဋ္ဌ
ဦးဇေမောင်သိန်းက ပြောကြားသည်။
တောင်သမန်အင်းသို့
အောက်တိုဘာလအတွင်း၌ ဆောင်းခိုငှက်မျိုးစိတ်အချို့ စတင်ဝင်ရောက်မှုရှိခဲ့ပြီး
အောက်တိုဘာ လကုန်ပိုင်းတွင် မိုးရွာသွန်းမှုများကြောင့် အ၀င်ရပ်တန့်သွားကာ
အင်းရေကျချိန် နိုဝင်ဘာ လလယ်တွင် ပြန်လည် ၀င်ရောက်လာခြင်း ဖြစ်ကြောင်း၊
ယခင်နှစ် ဆောင်းခိုငှက်ရာသီတွင် တောင်သမန်အင်းသို့ စင်ရော်၊ ဟင်္သာ၊
နှုတ်သီးလန် ဒေါင်းလန်းခြေထောက်အစရှိသည့် ဆောင်းခိုငှက်နှင့်
ဌာနေငှက်မျိုးစိတ် ၅၀ ကျော် ၀င်ရောက်ခဲ့ကြောင်း၊ ပလိပ်အင်းသို့ ငန်းရိုင်း၊
ခရုတုတ်နှင့် ခရုစုတ် (ခေါင်းနက်)ငှက်မျိုးစိတ်များ အပါအ၀င်
ငှက်မျိုးစိတ်ပေါင်း ၆၀ ကျော် လာရောက်ကျက်စားခဲ့ပြီး
အချို့ငှက်မျိုးစိတ်များမှာ နှစ်စဉ် လာရောက်လေ့ရှိကြောင်း သိရသည်။
(တောင်သမန်အင်းတွင် ရောက်ရှိနေသော ဒေါင်းလန်းခြေထောက် ငှက်မျိုးများအား နိုဝင်ဘာ ၂၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဦးဇေမောင်သိန်း))
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
5 years ago




1:48 AM
sayarchan.blogspot.com
0 comments:
Post a Comment