Related Posts Plugin for WordPress, Blogger...

Friday, November 22, 2013

အနုပညာသာမက အပြင် စီးပွားရေးကိုပါ စိတ်ဝင်စားတဲ့ မိုးယုစံ


လူငယ် ဆယ်ကျော်သက် ကောင်လေးများ၏ အချစ်တော်၊ ဇာတ်လမ်းတိုင်းမှာ အမြဲတမ်း ဖက်ရှင်ကျကျ လှပ နေတတ်တဲ့ မိုးယုစံက အနုပညာသာမက အပြင် စီးပွားရေးကိုပါ စိတ်ဝင်စားကြောင်း သိရသည်။

''ညီမကတော့ ဖြစ်နိုင်ရင် အပြင် စီးပွားရေးလည်း လုပ်ချင်တယ်။ အနုပညာကတော့ ကိုယ့်ရဲ့ ဝါသနာလေ၊ အနုပညာ အလုပ်က ခက်ခဲတယ်။ အပြင် စီးပွားရေးဆိုတာက စီးပွားရေး အကြောင်းပဲ သိရင် ရပြီ။ အနုပညာ အလုပ်က အကုန်လုံးကို သိရတယ်။ အနုပညာသမား ဆိုတာက ကိုယ့်စိတ်နဲ့ ဘာမှ လုပ်လို့မရဘူး။ အရာ အားလုံးကို ထိန်းချုပ် ထားရတယ်'' ဟု သူမက ပြောကြားခဲ့သည်။

သူမ၏ ရိုးသားမှုနှင့် ဂုဏ်သိက္ခာကို အထိခိုက် မခံနိုင်သည့် အတွက်ကြောင့် ပရိသတ်တွေ၊ ဒါရိုက်တာတွေက ပေးသည့် တစ်ခုကို တစ်ခုဆိုသလောက် ကြိုးစား သွားမည်ဟု သူမက ပြောကြားခဲ့သည်။

''ညီမက ဒီလောကထဲကို စဝင်လာကတည်းက ရိုးရိုးသားသားနဲ့ ဝင်ရောက်လာတယ်။ အဲဒီ အတွက်လည်း ကိုယ့်ရဲ့ ရိုးသားမှုနဲ့ ဂုဏ်သိက္ခာကိုတော့ အထိခိုက် မခံနိုင်ဘူး။ ညီမကို ပရိသတ်တွေက ပေးတဲ့
ဒါရိုက်တာတွေက ပေးတဲ့ တစ်ခုဆို အဲဒီတစ်ခုတည်းကို အကောင်းဆုံးဖြစ်အောင် ကြိုးစားမှာပါ'' ဟု သူမက ပြောကြားခဲ့သည်။

သူမအနေနှင့် ရောက်နေသည့် နေရာထက် ပိုကောင်းသည့် နေရာတစ်ခု ရချင်သေးကြောင်း၊ ဘယ်အ လုပ်ကိုပဲလုပ်လုပ် အကောင်းဆုံးနှင့် အရိုးသားဆုံး ကြိုးစားသွားမည် ဖြစ်ကြောင်း သူမ၏ ပရိသတ်များကို ပြောကြားခဲ့သည်။ ။

Sayar Chan

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U