တစ်ဘဝစာ၊ တစ်နပ်စာ ကြီးပွားတိုးတက်ရေးအတွက်
ကုန်ကုန်ပြောလိုက်မယ်။ စိတ်မဆိုးကြပါနဲ့။
နှစ်လုံးထီ၊ သုံးလုံးထီ လစဉ်မှန်မှန်ပေါက်ဖို့အတွက်ကလေးနဲ့...
ဘုရား တရားကို စိတ်ဝင်စားတာမျိုး မဖြစ်ကြပါစေနဲ့။
သူတို့မှာ ဒီနှစ်လုံးတိုက်ဖို့က အတော်အရေးကြီးနေကြတာ။
ဒီနှစ်လုံးထီတိုက်ဖို့အတွက် ဘာလုပ်သလဲဆိုတော့
'ဒိဝါတပတိအာဒိစ္စော' ဂါထာရွတ်ပြီး ပုတီးနာနာစိပ်၊
နမောတဿ ၃၇ အုပ် မန်းပြီး ထမင်း ၃၇ ဆုပ် စား၊
သြော် - ဓာတ်ဆရာ၊ နတ်ဆရာတွေက နည်းပေးထားကြာတာတွေနော်။
အဲဒီတော့ ဘုရားသာသနာတော်ကို
တစ်နပ်စားလောက်၊ တစ်ဘဝစားလေးလောက်ပဲ
တန်ဖိုးထား အသုံးချနေကြတာဆိုတော့ . .
ကိုယ့်ဘာသာ၊ ကိုယ့်သာသနာကို ကိုယ်တွေပဲ တန်ဖိုးမထားတတ်ကြရာ
ရောက်နေပါတယ်။
နိဗ္ဗာန်အထိ ပေးနိုင်တဲ့ မြတ်စွာဘုရားရဲ့ သာသနာတော်ကို
တစ်ဘဝစာ၊ တစ်နပ်စာလောက်ပဲ အသုံးချတယ်ဆိုတာဟာ
ကိုယ့်သာသနာကို သူများက လာဖျက်တာ မဟုတ်ပါဘူး။
ကိုယ့်သာသနာရဲ့ တန်ဖိုးကို ကိုယ်တိုင်က ဖျက်တာဖြစ်လေတော့
ကိုယ့်သာသာနာကို ကိုယ်ကပဲ ဖျက်ပစ်နေတာလို့ ...
ဒီလိုပြောရင် စိတ်မဆိုးကြပါနဲ့။
( သီတဂူဆရာတော်ဘုရားကြီး )
0 comments:
Post a Comment