နိုဝင်ဘာ ၁၁၇က်က ရုရှားတရားရုံးက မော်စကိုလေဆိပ်
အသေခံဗုံးခွဲမှုနှင့် ပတ်သတ်ခဲ့သူ ကော့ကေးဆက် ဒေသ
Ingushetia မှ တရားခံလေးဦး သူတို့၏ ပြစ်မှုအတွက်
ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့သည်။ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလက ဖြစ်ပွားခဲ့သော မော်စကို လေဆိပ် အသေခံဗုံး ဖောက်ခွဲမှုကြောင့် စုစုပေါင်း ၃၇ဦး
သေဆုံးခဲ့သည်။
တရားခံလေးဦးအနက် အစ္စလာမ်နှင့် အိုင်လစ်ဇ် ယန်ဒီယိဗ် ညီနောင်နှစ်ဦးနှင့် ဘက်ရှ်ဟီခန်းခိုယိဗ် တို့ကို လူသတ်မှု၊ လူသတ်ရန်ကြံစည်မှု၊ အကြမ်းဖက်မှုများအတွက် ထောင်ဒဏ်
တစ်သက် ချမှတ်လိုက်ပြီး၊ ကျန်တစ်ဦး ဖြစ်သူ အာမက်ယီဗိုယိဗ်
ကိုမူ တိုက်ခိုက်မှုတွင် အနည်းငယ်သာ ပတ်သတ်ခဲ့သဖြင့်
ထောင်ဒဏ် ၁၀နှစ် ချမှတ်ခဲ့သည်။
အာဏာပိုင်များက ယန်ဒီယိဗ် ညီနောင်နှင့် ဘက်ရှ်ဟီခန်းခိုယိဗ် တို့သည် ကော့ကေးဆတ်ခွဲထွက်ရေး လှုပ်ရှား မှုမှ ခေါင်းဆောင် ဒိုခုအုမာရော့ဗ်၏ ညွှန်ကြားချက်ဖြင့် အသေခံဗုံး ဖောက်ခွဲရေး အစီအစဉ်များကို လုပ်ဆောင်ခဲ့ ကြောင်း၊ သူတို့လူစုသည်
Ingushetia ၊ နေဇ်ရန်မြို့မှ လူတစ်ဦးကို စည်းရုံးပြီး အသေခံဗုံးခွဲရန် ငွေပေးခြင်း၊ ခရီးသည်တင်ကားပေါ် တင်ပေးခြင်းများ ပြုလုပ်ခဲ့ကြသည်ုဆိုသည်။
၁၉၉၉ခုနှစ်တွင် ရုရှားသမ္မတ ဗလာဒီမြာပူတင်က ခွဲထွက်ရေး သမားများကို နှိမ်နှင်းရန် ချေချင်းညာသို့ စစ်တပ်စေလွတ်ကာ ကိုင်တွယ်ခဲ့သော်လည်း ကော့ကေးဆက်မြောက်ပိုင်းတွင် ယခုအချိန်အထိ နေ့စဉ်နှင့်အမျှ အကြမ်းဖက်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရဆဲ ဖြစ်သည်။

0 comments:
Post a Comment