Related Posts Plugin for WordPress, Blogger...

Tuesday, November 12, 2013

အီရန်၏ နျူစက်ရုံများအပေါ် ကုလသမဂ္ဂ၏ စုံစမ်း စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်ခွင့်ရရေးဆွေးနွေးခဲ့ကြ

Photo: အီရန်၏ နျူစက်ရုံများအပေါ် ကုလသမဂ္ဂ၏ စုံစမ်း
စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်ခွင့်ရရေးဆွေးနွေးခဲ့ကြ

နိုဝင်ဘာ ၁၂။

ကုလသမဂ္ဂ၏ နျူကလီးယားဆိုင်ရာ အကြီးအကဲ
ယူကိယာအာမန်နိုနှင့် အီိရန် အစိုးရတို့သည် နိုင်ငံ၏
နျူစက်ရုံတည်ရှိရာ နေရာများသို့ ကုလသမဂ္ဂ၏
စုံစမ်းစစ်ဆေးမှုများ ပိုမိုပြုလုပ်ခွင့်ရမည့် ဆွေးနွေးမှုကို
ပြုလုပ် လိုက်ကြောင်း နိုင်ငံပိုင်မီဒီယာများက နိုဝင်ဘာ ၁၁ရက် ကြေညာခဲ့သည်။

ယခု ဆွေးနွေးပွဲသည် နောင်လာမည့် စေ့စပ်ညှိနှိုင်းမှုများ ပိုမိုလက်တွေ့ဆန်စေပြီး စုံစမ်းစစ်ဆေးမှုများ ကျယ်ပြန့်စွာ လုပ်ဆောင်နိုင်စေရန် ရည်ရွယ် သည်ဟု သိရသည်။

ကုလသမဂ္ဂမှ စုံစမ်းစစ်ဆေးရေး သမားများ နိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့် ၀င်ထွက်သွားလာခွင့်ရှိမည့် လမ်းပြမြေပုံ
တစ်ခုဟု ဆိုသည်။ ယခုဆွေးနွေးမှုတွင် နျူစက်ရုံများသာမက
နိုင်ငံ၏ တည်ဆောက်ဆဲ ရေအားလျှပ်စစ်စီမံကိန်းကြီးများ
ယူနေရဒီယမ် သတ္တုတူးဖော်ရေး လုပ်ကွက်များကိုပါ
စစ်ဆေးခွင့် ရမည် ဖြစ်သည်။ ဆွေးနွေးပွဲ ပြုလုပ်ခဲ့သော
နိုဝင်ဘာ ၁၁ရက်မှ စတင်ကာ လာမည့် ၃လအတွင်း
လက်တွေ့ကျသည့် စစ်ဆေးမှုများ စတင်မည်ဖြစ်ကြောင်း
အာမန်နိုက ဆိုသည်။

နိုင်ငံတကာ အဏုမြူအေဂျင်စီက အီရန်နျူထုတ်လုပ်မှု
လုပ်ငန်းများသို့ ၀င်ရောက်ရန် တင်းကြပ်သော ကန့်သတ်
ချက်များ ရှိခဲ့ကြောင်း၊ လွတ်လပ်စွာ လေ့လာခွင့်မရခဲ့ကြောင်း
ဝေဖန်ထားသည်။ အကယ်၍ ယခု ဆွေးနွေးမှုသည် အမှန်
တကယ် အကောင်အထည်ဖော်နိုင်မည့် သဘောတူညီမှုမျိုး
ဖြစ်လာခဲ့လျှင်မူ လာမည့် ရက် သတ္တပတ်အတွင်း ပြန်လည်
စတင်မည့် အီရန်နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများအကြား စေ့စပ်
ညှိနှိုင်းမှုများအတွက် အဓိကကျသော ခြေလှမ်းတစ်ရပ် ဖြစ်ကြောင်း သုံးသပ်ထားကြသည်။

Ref: AP

အေးချမ်းမွန် Credit To >The Myanma Age <Thanks
https://www.facebook.com/excellencemedia

0 comments:

Post a Comment

Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U