တရုတ်၊ ရုရှား၊ ဆော်ဒီအာရေးဗီးရားနှင့် ဗီယက်နမ်
တို့သည် လူ့အခွင့်ရေးကောင်စီ အဖွဲ့ဝင်သစ်များအဖြစ် အကန့်အကွက်မရှိ ရွေးချယ်ခံရဖွယ် ရှိကြောင်း ABC သတင်းတစ်ရပ်တွင်ဖော်ပြသည်။
လူ့အခွင့်ရေး ကောင်စီသည် ကုလသမဂ္ဂ၏ အဆင့်မြင့်ဆုံး
အဖွဲ့များတွင် တစ်ဖွဲ့ အပါအ၀င်ဖြစ်သည်။
ကုလသမဂ္ဂအထွေထွေညီလာခံသည် လူ့အခွင့်ရေး
ကောင်စီ အဖွဲ့ဝင် ၄၇ နိုင်ငံနေရာအနှံ့ အဖွဲ့ဝင်သစ်
၁၄ နိုင်ငံအား အင်္ဂင်္ါနေ့(ယနေ့)တွင် မဲပေးရွေးချယ်
ကြပြီးဖြစ်သည်။
အဆိုပါလူ့အခွင့်ရေး ကောင်စီသည် လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်သည့် ပြဿနာများဖြစ်ပွားရာ
နိုင်ငံများ အား စောင့်ကြည့်သည့်အဖွဲ့လည်း ဖြစ်သည်။
နယူးယောက်အခြေစိုက် လူ့အခွင့်ရေးစောင့်ကြည့်ရေး အဖွဲ့က ပြောကြားခဲ့ရာတွင်မူ အဖွဲ့ဝင်သစ်အ ဖြစ်
ရွေးချယ်ခံရဖွယ်ရှိသော တရုတ်၊ ရုရှား၊ ဆော်ဒီအားရေး
ဗီးယား၊ ဗီယက်နမ်နှင့် အယ်လ်ဂျီးရီးယားတို့သည် ယင်း
တို့၏နိုင်ငံအတွင်း လူ့အခွင့်ရေးချိုးဖောက်မှုအခြေအနေ
များနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂလူ့အခွင့်ရေး စောင့်ကြည့်
သူများအား လွတ်လပ်စွာဝင်ရောက်စစ်ဆေးရန် ခွင့်မပြု ခဲ့ကြကြောင်း ပြောကြားခဲ့သည်။
“ကုလသမဂ္ဂ လူ့အခွင့်ရေး စောင့်ကြည့်ရေးအဖွဲ့အပေါ် ၀င်ရောက်ခွင့်မပေးတဲ့ နိုင်ငံတွေကို လူ့အခွင့်အရေး
ကောင်စီမှာရွေးချယ်တာဟာ နားမလည်နိုင်တဲ့ကိစ္စ
တစ်ရပ်ပါ” ဟု နယူးယောက်အခြေစိုက် လူ့အခွင့်အရေး
စောင့်ကြည့်ရေးအဖွဲ့က ပြောကြားခဲ့သည်။
Sayar Chan
0 comments:
Post a Comment