လက်ပံတောင်းတောင်
ကြေးနီစီမံကိန်း ဆန္ဒပြသံဃာတွေကို အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့ ကိစ္စနဲ့
ပတ်သက်ပြီး ရန်ကုန်မှာ ဆန္ဒပြခဲ့ကြတဲ့ တက်ကြွလှုပ်ရှားသူ ၆ ဦးကို
ပြီးခဲ့တဲ့သတင်းပတ်က ချမှတ်ထားတဲ့ ထောင်ဒဏ် ၁ လ ပြစ်ဒဏ်နဲ့ ပူးတွဲ
တပေါင်းထဲ ကျခံဖို့ စမ်းချောင်းမြို့နယ် တရားရုံးက အောက်တိုဘာ ၂၅ ရက် မနက်က
အမိန့်ချမှတ်လိုက်ပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားသမဂ္ဂ ခေါင်းဆောင် ကိုဒီငြိမ်းလင်း၊ ကိုအောင်မျိုးဦး၊
ကိုမြင့်ကျော်ဦး၊ သူကြီး (ခေါ်) ကိုစိုးမိုးထွန်း၊ မသန္တာနဲ့
မျိုးဆက်သစ်လူငယ်များအဖွဲ့က ကိုမိုးဃ်သွေးတို့ ၆ ဦးကို ကြည့်မြင်တိုင်၊
စမ်းချောင်းနဲ့
အလုံမြို့နယ်တရားရုံးတွေက ပုဒ်မ ၁၈ ငြိမ်းချမ်းစွာ
စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ချိုးဖောက်မှုနဲ့ တရားစွဲဆိုခဲ့တာ
ဖြစ်ပြီး ကြည့်မြင်တိုင် တရားရုံးက နိုဝင်ဘာ ၂၁ ရက်နေ့က အလုပ်ကြမ်းနဲ့
ထောင်ဒဏ် ၁ လ ချမှတ်ထားတာ ဖြစ်ပါတယ်။
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
4 years ago
0 comments:
Post a Comment