Related Posts Plugin for WordPress, Blogger...

Tuesday, December 3, 2013

ဇိမ်ခံဟိုတယ် စီမံကိန်း ဒေဝူးနဲ့ ကိုရီးယားကုမ္ပဏီတွေ လုပ်မယ်


 တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က Courtyard Seoul Times Square ဟိုတယ်၊ ဓာတ်ပုံ-myclubmarriot

ဒေဝူး ဦးဆောင်တဲ့ ကိုရီးယား ကုမ္ပဏီလုပ်ငန်းစုကြီးတခုဟာ မြန်မာနိုင်ငံ ရန်ကုန်မြို့ကြီးမှာ ဇိမ်ခံ ဟိုတယ်
တွေ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် စီမံကိန်းကြီးတခုကို လုပ်ဆောင်မယ်လို့ မနေ့က ပြောလိုက်ပါတယ်။

နိုင်ငံရေး၊ စီးပွားရေး ပွင့်လင်းစ ပြုလာတဲ့ မြန်မာနိုင်ငံကို နိုင်ငံခြားခရီးသွားတွေလည်း အလွန်စိတ်ဝင်စားပြီး လာ ရောက်ကြပေမယ့် မြန်မာနိုင်ငံမှာ ဟိုတယ်နဲ့ ဟိုတယ် ဝန်ဆောင်မှုအပိုင်းက အလွန် အားနည်းနေတာ အားလုံး အသိဖြစ်ပါလိမ့်မယ်။

အခုတော့ POSCO နဲ့ ကိုရီးယား ကုမ္ပဏီ ၃ခုဟာ အင်းယားကန်နားမှာ ၂၁၈၃ စတုရန် မီတာ ကျယ် တဲ့ မြေနေရာ တခုမှာ အထပ်၂၉ ထပ် လူနေ အဆောက်အအုံနဲ့ အထပ် ၁၄ ထပ် ဇိမ်ခံ ဟိုတယ်ဆောက် လုပ်တော့မယ်လို့ ကိုရီးယား သံတော်ဆင့် သတင်းတခုမှာ ဆိုပါတယ်။

ကုမ္ပဏီတာဝန်ရှိသူက ဒီစီမံကိန်းဟာ အမေရိကန် ဒေါ်လာ သန်း ၂၂၀ ကုန်ကျမှာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု အတိုင်း အတာစကေးလ်တွေ၊ စီမံကိန်း လုပ်ဆောင်မယ့် ကဏ္ဍတွေအတွက် အခြား ကိုရီးယား ကုမ္ပဏီ ၃ ခုတို့ သဘော တူပြီးဖြစ်တယ်လို့ ပြောထားပါတယ်။

အခုစီမံကိန်းမှာ ဆောက်လုပ်ရေးပိုင်းကို POSCO Engineering & Construction က ဆောင်ရွက်မှာ
ဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းပြီးတာနဲ့ Lotte Hotel ကုမ္ပဏီက ဟိုတယ်မွမ်းမံ ပြင်ဆင်မှုတွေ လုပ်ဆောင်မှာပါ။

KDB Daewoo Securities ကတော့ စီမံကိန်းရဲ့ အဓိက ငွေကြေး ဆိုင်ရာ အခန်းကဏ္ဍတွေကို ဦးဆောင် သွား မှာဖြစ်ပြီး ဒီ ကုမ္ပဏီတွေ စုပေါင်းလုပ်ကြမှာပါ။

ဒီစီမံကိန်းအတွက် ဘဏ္ဍာငွေ ကိစ္စမှာ ကုမ္ပဏီတွေ က ဒေါ်လာ သန်း ၅၀ အညီအမျှ ရင်းနှီးမြှုပ်နှံကြမှာ ဖြစ် ပါ တယ်။

ဒေဝူးကုမ္ပဏီရဲ့ အဆိုအရ အဲဒီ ဟိုတယ်နဲ့ အဆင့်မြင့်လူနေအဆောက်အအုံ စီမံကိန်းဟာ ၂၀၁၆ ခုနှစ်မှာ ပြီးစီး မယ်လို့ ဆိုပါတယ်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U