Related Posts Plugin for WordPress, Blogger...

Sunday, December 1, 2013

အရှေ့တရုတ်ပင်လယ်ရှိ လေကြောင်းကာကွယ်ရေးဇုန်သို့ တရုတ်က စစ်လေယာဉ်များ စေလွှတ်




တရုတ်နိုင်ငံ အရှေ့တရုတ်ပင်လယ်ရှိ ၄င်း၏ အသစ်ကြေညာထားသော လေကြောင်းကာကွယ်ရေးဇုန်သို့ စစ်လေယာဉ်များ စေလွှတ်လိုက်ပြီဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာသတင်းတွင် ဖော်ပြသည်။ လွန်ခဲ့သော သီတင်းပတ်က ကြေညာခဲ့သည့် အဆိုပါ ကာကွယ်ရေးဇုန်သည် တရုတ်၊ ဂျပန်၊ ထိုင်ဝမ် (တရုတ်တိုင်ပေ)နှင့် တောင်ကိုရီးယား နိုင်ငံတို့၏ ပိုက်နက်နယ်မြေ အငြင်းပွားရာ ဒေသကို လွှမ်းခြုံထားသည်။ အဆိုပါ ကာကွယ်ရေးဇုန်သို့ ဖြတ်သန်းသော လေယာဉ်အားလုံးသည် ပျံသန်းရေး အစီအစဉ်များ ဖိုင်မှတ်တမ်း ပြုလုပ်ရမည်ဖြစ်ပြီး ယင်းတို့ကိုယ်တိုင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ အတည်ပြုခြင်း သို့မဟုတ် အရေးပေါ် အစီအမံများကို ရပ်ဆိုင်းခြင်း ခံရမည်ဖြစ်ကြောင်း တရုတ်တို့က ပြောကြားသည်။ သို့ရာတွင် ဂျပန်၊ တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် စစ်လေယာဉ်များ ၄င်းဒေသ၌ ရှိနေခဲ့ကြသည်။ ယင်းအခြေအနေကြောင့် စစ်ရေးတင်းမာမှုများ ဖြစ်လာနိုင်၍ စိုးရိမ်ပူပန်နေကြသည်။ အဆိုပါ လေကြောင်းကာကွယ်ရေးဇုန်အတွင်း ကင်းလှည့်လုပ်ငန်း ဆောင်ရွက်ရန် ဂျက်တိုက်လေယာဉ် အချို့နှင့် သတိပေး လေယာဉ်တစ်စင်း စေလွှတ်တပ်ဖြန့် ချထားပြီဖြစ်ကြောင်း လေတပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးချန်ကျင်းက ပြောကြားသည်။ တရုတ်လေတပ်အနေဖြင့် အမျိုးသား လုံခြုံရေးကို ကာကွယ်ရေန် လေကြောင်း သတိပေးမှုများ ဆက်လက် ပြုလုပ်မည်ဖြစ်ပြီး အစီအမံများ ချမှတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U