Related Posts Plugin for WordPress, Blogger...

Tuesday, December 24, 2013

စနိုးဒင်က သူ၏ဖွင့်ချမှု လုပ်ငန်းစဉ်များ ပြီးဆုံးကြောင်း ကြေညာ




ဂါးဒီးယန်းသတင်းစာက ထုတ်ပြန်ပေးခဲ့သည့် ဟောင်ကောင်တွင် ရောက်ရှိနေသော စနိုးဒင်၏ဓာတ်ပုံ (Photo:AFP)

အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်စီ (NSA) ၏ လျှို့ဝှက်ချက်များကို စတင်ဖွင့်ချခဲ့ပြီးနောက် ခြောက်လအကြာတွင် အက်ဒ၀ပ်စနိုးဒင်က သူ၏ဖွင့်ချမှု လုပ်ငန်းစဉ်များ ပြီးဆုံးကြောင်း ဒီဇင်ဘာ ၂၄ ရက်တွင် ကြေညာခဲ့သည်။ စနိုးဒင်၏ ဖွင့်ချမှုများသည် အမေရိကန်တွင်သာမက ကမ္ဘာတစ်လွှားသို့ပါ အကြီးအကျယ် ဂယက်ရိုက်သွားစေခဲ့ပြီး အမေရိကန်၏ ထိန်းချုပ်စောင့်ကြည့်ရေး မူဝါဒများကို ပြန်လည်သုံးသပ်ရန် လှုံ့ဆော်ပေးသည့် အပြောင်းအလဲ တစ်ရပ်ကို ဖြစ်စေခဲ့သည်။

စနိုးဒင်သည် ဇွန်လတွင် ရုရှားသို့ ရောက်ရှိခဲ့ပြီးနောက် ပထမဆုံးအဖြစ် ၀ါရှင်တန်ပို့စ် သတင်းစာနှင့် လူတွေ့အင်တာဗျူး ပြုလုပ်ခဲ့ရာတွင် ယခုအခါ ပြည်သူများသည် အမေရိကန်အစိုးရ၏ အင်တာနက်နှင့် ဖုန်းမှတ်တမ်းများ အကြီးအကျယ် စုဆောင်းခဲ့သည့် အကြောင်းကို သိရှိသွားကြပြီ ဖြစ်သောကြောင့် သူ့အနေဖြင့် ကျေနပ်အားရသွားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

သူက “ကျွန်တော့်အတွက်တော့ ပုဂ္ဂိုလ်ရေးအရ ကျေနပ်မှုရရှိပြီး ကျွန်တော့်ရဲ့ လုပ်ငန်းစဉ်ဟာလည်း ပြီးမြောက်အောင်မြင် သွားခဲ့ပါပြီ။ ဂျာနယ်လစ်တွေ အလုပ်လုပ်နိုင်စွမ်း ရှိလာတာနဲ့ ကျွန်တော်လုပ်ဖို့ ကြိုးစားခဲ့သမျှ အရာရာဟာ တရားဝင် ဖြစ်သွားပါပြီ။ ကျွန်တော်က လူ့အဖွဲ့အစည်းကို ပြောင်းလဲချင်ခဲ့တာ မဟုတ်ပါဘူး။ လူ့အဖွဲ့အစည်း အနေနဲ့ သူတို့ဘာသာသူတို့ ပြောင်းလဲသင့်တာကို ဆုံးဖြတ်နိုင်ဖို့ အခွင့်အရေး တစ်ရပ်ကိုပဲ ပေးချင်ခဲ့တာပါ” ဟု ပြောကြားခဲ့သည်။

၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ကတည်းက NSA သည် ဆက်သွယ်ရေး လမ်းကြောင်းများမှနေ၍ အချက်အလက်များကို အကြီးအကျယ် သူလျှိုလုပ် စုဆောင်းခဲ့ခြင်း ဖြစ်သည်။

ဒီဇင်ဘာ ၂၀ ရက်တွင် အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ပြည်သူများအနေဖြင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အခွင့်အရေးများနှင့် ပတ်သက်၍ အကြီးအကျယ် အော်ဟစ်နေကြချိန်တွင် သူ့အနေဖြင့် ကျယ်ပြန့်သော လုပ်ပိုင်ခွင့်များကို ပြောင်းလဲရန် ဖြစ်နိုင်ဖွယ်များကို ချိန်ဆနေပြီး NSA ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ ငြင်းခုံမှုတစ်ရပ်ကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။ အိုဘားမားက NSA ကို မည်သို့မည်ပုံ အလုံးစုံ ပြောင်းလဲသင့်ကြောင်း ဇန်န၀ါရီလတွင် အလွန်တိကျသည့် ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ပေးမည်ဟုလည်း ပြောကြားခဲ့သည်။ ဥပဒေနှင့် ထောက်လှမ်းရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကို အိမ်ဖြူတော်က ရွေးချယ်ကာ အဖွဲ့တစ်ဖွဲ့ ရွေးချယ်ခဲ့ပြီး NSA ၏ အာဏာများကို အဆိုပြုထားသည့် အပြောင်းအလဲ ၄၆ ခုထဲမှ မည်သို့မည်ပုံ လျှော့ချမည်ကို အကြံပြုရန် တာဝန်ပေးထားကြောင်း သိရသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U