Related Posts Plugin for WordPress, Blogger...

Monday, December 30, 2013

လက်လုပ်သေနတ် နှင့် ခဲယမ်းများ သိမ်းဆည်းရမိ




ဦးအားရွှေ ၊ ဦးအားဆယ် တို့အား သိမ်းဆည်းရမိ လက်လုပ်သေနတ် ၊ ခဲယမ်းနှင့်အတူတွေ့ရစဉ်

ကျိုင်းတုံ ၊ ၃၁-၁၂-၂၀၁၃

ကျိုင်းတုံမြို့နယ် ကျိုင်းတုံ - မိုင်းလား ကားလမ်းပေါ် ရှိ ၀မ်တာပင်း ပူးပေါင်း စစ်ဆေးရေး ဂိတ်၌ ဒီဇင်ဘာ ၂၉ ရက် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က ကျိုင်းတုံ မှ မိုင်းလား ဘက်သို့ မောင်းနှင်သူ ဦးအားရွှေ (ဘ) ဦးအားမျော နန့်ခေးမိုင် ရွာနေသူ နှင့်အတူ ဦးအားဆယ် (ဘ) ဦးလောဟယ် နမ့်ကြွပ်ရွာ နေသူတို့ စီးနင်း လာသော ဆိုင်ကယ်အား မသင်္ကာသဖြင့် ရပ်တန့် ရှာဖွေရာ ဦးအားဆယ် ၏ ခါးကြားမှ အရှည် ၆ လက်ရှိ ( ခြောက်လုံးပြူး ပုံစံ ) လက်လုပ် သေနတ် တစ်လက် နှင့် အတူ ၉ မီလီမီတာ ကျည် ၁၂ တောင့် တို့အား သိမ်းဆည်း ရမိခဲ့ပြီး အဆိုပါ ဖမ်းဆီး ရမိသော တရားခံ နှစ်ဦးအား တရား ဥပဒေနှင့် အညီ အရေးယူ နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ (၁၀၀)

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U