Related Posts Plugin for WordPress, Blogger...

Monday, December 30, 2013

ပစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် အမိန့် သမ္မတ ဦးသိန်းစိန် ထုတ်ပြန်


ယခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်အရ လွတ်လာမည့်သူများကို အင်းစိန်ထောင်ရှေ့ တွင် စောင့်ကြိုနေကြသူများ (ဓာတ်ပုံ - ဧရာဝတီ)

သမ္မတ ဦးသိန်းစိန်ဟာ ပေးထားတဲ့ ကတိတည်စွာနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြဒ်ဒဏ် လွတ်ငြိမ်းခွင့်
ပေးလိုက်ပါတယ်။ အခု ထုတ်ပြန်လိုက်တဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဟာ စစ်အစိုးရများ သက်တမ်း တလျှောက် တကြိမ်တခါမျှ ထုတ်ပြန်ဖူးခြင်း မရှိတဲ့ ပုံစံဖြစ်ပါတယ်။

ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးနဲ့ တရားရင်ဆိုင်နေရဆဲ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အားလုံးကို သမ္မတ ဦးသိန်းစိန်အစိုးရက အမိန့်အမှတ် (၅၁/၂၀၁၃) နဲ့ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ကို ဒီဇင်ဘာ လ ၃ဝ ရက်နေ့ ညပိုင်းက ထုတ်ပြန်လိုက်လို့ပါ။

ထုတ်ပြန်လိုက်တဲ့ အမိန့်အပြည့်အစုံကတော့ မြန်မာ့အသံက အခုလို ဖော်ပြထားပါတယ်။

၁။ နိုင်ငံတော် တည်ငြိမ်ရေးနှင့် ထာဝရ ငြိမ်းချမ်းမှုဖော်ဆောင်ရေးအတွက်လည်းကောင်း၊ အမျိုးသား ပြန် လည် စည်းလုံး ညီညွတ်ရေးအတွက်လည်းကောင်း၊ နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်စေရေး အတွက်လည်းကောင်း၊ လူ သားချင်း စာနာထောက်ထားမှုကို အလေးပေးသောအားဖြင့် လည်းကောင်း၊ နိုင်ငံ
တော် ၏ မေတ္တာနှင့် စေတနာကို နား လည် ကြပြီး နိုင်ငံတော် တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေသည့် နိုင်ငံသားများအဖြစ်သို့ ပြုပြင်ပြောင်းလဲစေရေးအတွက်လည်းကောင်း နိုင်ငံတော် သမ္မတသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (က) အရ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။

၂။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ နဲ့ ထိုနေ့ မတိုင်မီ အပိုဒ် (၃) ပါ ပြစ်မှုတစ်ရပ်ရပ်နှင့် စဉ်လျဉ်း၍

(က) ပြစ်ဒဏ်ချမှတ်ခြင်း ခံနေရသူအားလုံးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်သည်။

(ခ) သက်ဆိုင်ရာ တရားရုံးများရှိ ကြားနာ စစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများကို ပိတ်သိမ်းပြီး တရားခံများအား အမှုမှ ချက် ချင်း လွှတ်ရမည်။

(ဂ) စုံစမ်း အရေးယူဆဲဖြစ်သော အမှုများကို ဆက်လက်အရေးယူခြင်းမပြုဘဲ ပိတ်သိမ်းရမည်။

၃။ ဤအမိန့်အရ အောက်ပါ ပြစ်မှုများ၌သာ ပြစ်ဒဏ်ခံနေရသူများ၊ ကြားနာစစ်ဆေးဆဲ ခံနေသူများနှင့် စုံစမ်းအရေးယူဆဲ ခံနေရသူများ ပါဝင်သည် -

(က) မတရားအသင်း အက်ဥပဒေပါ ပြစ်မှုများ၊

(ခ) နိုင်ငံ တော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ( ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၁၂၂)၊

(ဂ) အကြည်ညိုပျက်အောင် ပြုလုပ်မှု ( ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄-က)၊

(ဃ) နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပါ ပြစ်မှုများ၊

(င) ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပါ ပြစ်မှုများ၊

(စ) အများပြည်သူ အကျိုးပျက်စီးစေမှု ( ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅)၊

(ဆ) ၁၉၅၀ ပြည့်နှစ် အရေးပေါ် စီမံမှု အက်ဥပဒေပါ ပြစ်မှုများ နဲ့ ပြစ်ဒဏ်ခံနေရသူများ

ဤအမိန့်အရ ပေးအပ်သော အခွင့်အရေးသည် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့ နောက်ပိုင်းတွင် ကျူးလွန်သော အပိုဒ် (၃) ပါ ပြစ်မှုများနှင့် သက်ဆိုင်ခြင်း မရှိစေရ။

(ပုံ) သိန်းစိန်

 နိုင်ငံတော်သမ္မတ
 ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U