Related Posts Plugin for WordPress, Blogger...

Monday, December 9, 2013

တရုတ်တွင် လေထုညစ်ညမ်းမှုကြောင့် မော်ဒယ်များမှာ မျက်နှာဖုံးတပ်ကာ ရှိုးလျှောက်ရ




တရုတ်နိုင်ငံ အရှေ့ပိုင်းတွင် မီးခိုးငွေ့ရောယှက်နေသည့် မြူခိုးထုများ ထူထပ်စွာ ကျဆင်းပြီး လေထုညစ်ညမ်းမှု အဆိုးရွား ဆုံး အခြေအနေနှင့် ကြုံနေရသည်။ ထို့အတွက် နန်ကျင်းမြို့ရှိ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ ကုန်သွယ်ရေးစင်ဆာ ပြင်ပတွင် ပြုလုပ်သည့် မော်ဒယ်ရိုးတွင် စင်မြင့်ပေါ် တတ်လာသမျှ မော်ဒယ်မလေးများမှာသည် မျက်နှာကို အလှပြခွင့် မရဘဲ မျက်နှာဖုံးများကိုယ်စီ မဖြစ်မနေတပ်ကာ ရှိုးလျှောက်ခဲ့ကြရသည်။

နန်ကျင်းတွင် ဒီဇင်ဘာ ၈ရက်က ကျင်းပသည့် မော်ဒယ်ရှိုးပွဲမတိုင်မီ
ဒီဇင်ဘာ ၆ရက်ကတည်းက ညစ်ညမ်းသော မြူခိုးထု ပိတ်မှောင်ခဲ့သဖြင့် အိမ်အပြင်ထွက်သူမှန်သမျှ ရောဂါကာကွယ်ရေး မျက်နှာဖုံးများ ကိုယ်စီတပ်ထားကြရသည်။ လေထု ထဲတွင် လူကိုရောဂါဖြစ်စေနိုင်သော မသန့်ရှင်းသည့် အမှုန်းအမွှား PM 2.5 အထိ မြင့်တတ်ခဲ့သမျှ မူကြို၊ မူလတန်းနှင့် အလယ်တန်းကျောင်းများကို ပိတ်ထားခဲ့ရသည်။

တရုတ်တွင် စက်မှုလုပ်ငန်းများ ထွန်းကားနှင့်အမျှ တွင်းထွက်
လောင်စာများစွာ သုံးစွဲသည့်အတွက် မှန်လုံအိမ်အာနိသင်ကို
ဆိုးရွားစွာ ထိခိုက်ကာ၊ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှု အများဆုံး ဖြစ်စေသောနိုင်ငံတစ်ခု ဖြစ်နေသည်။

Read more: http://www.myanmarcnn.com/2013/12/blog-post_6614.html#ixzz2n3kYStYt

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U