Related Posts Plugin for WordPress, Blogger...

Monday, December 9, 2013

Facebook သုံးသူများအတွက် ၀မ်းမြောက်ဖွယ်သတင်းကောင်းလာပါပြီ

............................................................

ကမ္ဘာ့အကြီးဆုံးအင်တာနက်လူမှုကွန်ရက်ဖေ့စ်ဘွတ်တွင် အသုံးပြုသူများက ၎င်းတို့၏ဖော်ပြချက် (status) ကို Update ပြုလုပ်ခြင်းထက် ၎င်းတို့၏ News Feed တွင် သတင်းအရည်အသွေးမြင့်မား သည့်အကြောင်းအရာများ ဖော်ပြခြင်းကိုသာ အရှိန်မြှင့်တင်ရန် ဆောင်ရွက်လျက်ရှိသည်ဟုFacebookကုမ္ပဏီက ပြောကြားလိုက်သည်။

၎င်းတို့ကုမ္ပဏီအနေဖြင့် ဖေ့စ်ဘွတ်အသုံးပြုသူ ဘီလီယံပေါင်းများစွာသို့ အချက်အလက်များပေးပို့သည့် နည်းလမ်းအသုံးပြုကာ စိစစ်လျက်ရှိကြောင်း ဒီဇင်ဘာ ၉ ရက်တွင် အင်တာနက်စာမျက်နှာတွင် Facebook ကုမ္ပဏီက ပြောကြားခဲ့ခြင်းဖြစ်သည်။

Facebook မှ အင်ဂျင်နီယာမန်နေဂျာ ဗာရန်ကာချိုလီအာနှင့် ဆော့ဖ်ဝဲလ်အင်ဂျင်နီယာ မီဝန်ဂျီတို့က “လူအများက နောက်ဆုံးရသတင်းများအပါအ၀င် ချိတ်ဆက်မှု၊ သတင်းအချက်အလက်များကို ဖြန့်ဝေ ပေးခြင်း၊ ကမ္ဘာပေါ်တွင် ဖြစ်ပျက်လျက်ရှိသည့်အကြောင်းအရာများ သို့မဟုတ် ၎င်းတို့ကြိုက်နှစ်သက် သည့် အနုပညာရှင်များအကြောင်းကို သိရှိရန်အတွက် ဖေ့စ်ဘွတ်ကို အသုံးပြုလျက်ရှိသည်”ဟူ၍ ၎င်းတို့၏ အင်တာနက် စာမျက်နှာများတွင် ဖော်ပြထားသည်။

၎င်းတို့က Facebook သည် News Feeds တွင် ဖော်ပြထားသောအကြောင်းအရာများ အဆင့်မြှင့်တင်မှု နည်းလမ်းကို လုပ်ဆောင်သွားမည်ဖြစ်ပြီး သတင်းအရည်အသွေးမြင့်မားသောအကြောင်းအရာများကို အသုံးပြုသူ၏ News Feeds တွင် အသားပေးဖော်ပြသွားမည်ဖြစ်ကာ ဓာတ်ပုံများကို သာမန်သာ ဖော်ပြ သွားမည်ဖြစ်သည်ဟု ဆိုသည်။

ထို့ပြင်Facebook သည် အသုံးပြုသူများ ဖတ်ရှုပြီးသည့်အကြောင်းအရာများနှင့် အလားတူအကြောင်း အရာများကိုလည်း ဖော်ပြသွားမည်ဖြစ်ကြောင်း၊ ပျမ်းမျှအားဖြင့် လူအများသည် ၎င်းတို့ ကြိုက်နှစ်သက် သည့် အားကစားအသင်း (သို့မဟုတ်) စိတ်ဝင်စားသည့်အကြောင်းအရာများ၊ လက်ရှိအဖြစ်အပျက် များနှင့် စပ်လျဉ်း၍ အရည်အသွေးမြင့်သော အကြောင်းအရာများကို ဖတ်ရှုရန် ကြိုက်နှစ်သက်ကြ ကြောင်း လေ့လာဆန်းစစ်မှုတွင် တွေ့ရှိခဲ့သည်ဟု အင်တာနက်စာမျက်နှာတွင် မှတ်ချက်ပြုပြောကြား ထားသည်။

အသုံးပြုသူများ ဖတ်ရှုလိုသည့် အကြောင်းအရာများကို ရှာဖွေရာတွင် အကူအညီပေးရန်အတွက် သိလို သည့် အကြောင်းအရာကို click ပေးရုံဖြင့် News Feed အောက်တွင် ယင်းအကြောင်းအရာနှင့် ဆက် နွှယ်သောအကြောင်းအရာများကို ဖတ်ရှုနိုင်မည်ဖြစ်သည်။

Facebook သည် အသုံးပြုသူများအတွက် ကမ္ဘာနှင့်တစ်ဝန်းဖြစ်ပျက်နေသောအကြောင်းအရာများကို သိရှိနိုင်ရုံသာမက အရေးပါသောသတင်းအရင်းအမြစ်များပေးသည့် လူမှုရေးကွန်ရက်တစ်ခု ဖြစ်လာမည် ဖြစ်ကြောင်း ယခုနှစ်အစောပိုင်းက ပြုလုပ်သော လေ့လာမှုများက ပြသလျက်ရှိသည်ဟု ဆိုသည်။

0 comments:

Post a Comment

Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U