Related Posts Plugin for WordPress, Blogger...

Friday, December 20, 2013

ပြည်ပရောက်မြန်မာအလုပ်သမား အခွင့်အရေး ကာကွယ်စောင့်ရှောက်ရန် အလုပ်သမား သံ အရာရှိများ စင်ကာပူ နှင့် ကူဝိတ်နိုင်ငံများတွင် ထပ်မံခန့်ထားမည်

ပြည် ပရောက်မြန်မာများအတွက် အလုပ် သမားအခွင့်အရေးများ စောင့်ရှောက်ပေးနိုင်ရန် အလုပ်သမားသံ အရာရှိများ စင်ကာ ပူနှင့် ကူဝိတ်နိုင်ငံများတွင် ထပ် မံခန့်ထားရန် စီစဉ်နေကြောင်း အလုပ်သမားအလုပ်အကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီးဦးအေး မြင့်က ပြောသည်။


ဒုတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်း သွားလာသူများနေ့ အခမ်းအနား ကို ဒီဇင်ဘာ ၁၈ရက်တွင် နေ ပြည်တော်ရှိ MICC ၌ကျင်းပ ရာ ပြည်ထောင်စုဝန်ကြီးက ယင်းသို့ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက ''ပြည်ပရောက် မြန်မာအလုပ် သမားတွေရဲ့ အခွင့် အရေးတွေ ကာကွယ်စောင့်ရှောက်ပေးနိုင် ဖို့ အလုပ်သမားသံအရာ ရှိတွေ ကိုထိုင်း၊ မလေးရှားနဲ့ကိုရီး ယားနိုင်ငံတွေမှာ ခန့်အပ်ထား ရှိသလို စင်ကာပူနဲ့ကူဝိတ်နိုင် ငံတွေမှာလဲ ခန့်အပ်ထားရှိဖို့ စီစဉ်ဆောင် ရွက်နေပါတယ်''ဟုပြောသည်။

ယင်းအခမ်းအနား သို့ ဒု တိယသမ္မတ ဒေါက်တာစိုင်း မောင်ခမ်းနှင့် အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိ ယဝန်ကြီးများ၊ သံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင် ရာအကြီး အကဲများ၊ အစိုးရမ ဟုတ်သော ပြည်တွင်းပြည်ပအ ဖွဲ့အစည်းများမှ ကိုယ်စားလှယ် များ တက်ရောက်ခဲ့ကြသည်။

ထို့ပြင် ပြည်ပအလုပ်အကိုင်အေဂျင်စီအပါအဝင် ပြည်တွင်းအကျိုးဆောင် လိုင် စင်ရအေဂျင်စီ၁၇၅ခုမှတစ် ဆင့် ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ မလေးရှား နိုင်ငံ၊ ကိုရီးယားသမ္မ တနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် အရှေ့ အလယ်ပိုင်း နိုင်ငံများ သို့ မြန်မာ အလုပ်သမားများ စေလွှတ် လျက်ရှိကြောင်း၊ ရွှေ့ပြောင်း အလုပ်လုပ်ကိုင်ခြင်းကြောင့် ရရှိသည့်ဝင်ငွေ များကိုလည်း မြန်မာ နိုင်ငံရှိမိသားစု များထံ လွှဲပြောင်းပေးပို့နိုင်ခြင်းသည် လည်း မိသားစု လူမှုစီးပွားဖွံ့ ဖြိုးတိုးတက်မှုကို အထောက် အကူပြုနိုင်သလို နိုင်ငံခြား ဝင် ငွေရရှိမှု ကိုလည်း အထောက် အကူပြုကြောင်း ယင်းကဆက် လက်ပြောသည်။

လက်ရှိတွင် ပြည်ပရောက် မြန်မာအလုပ်သမားများ၏ အ ခွင့်အရေးများကို ကာကွယ် ဆောင်ရွက်ရာတွင် မြန်မာသံ ရုံး၏ ဆောင်ရွက်မှု အားနည်းနေ သေးကြောင်း အဆိုပါအလုပ် သမားတချို့ က ဝေဖန်မှုများရှိ နေသည်။

မြန်မာနိုင်ငံသည် ၁၉၅၁ ခုနှစ်မှစတင်ဖွဲ့စည်းခဲ့သော ရွှေ့ပြောင်းသွား လာခြင်းဆိုင် ရာနိုင်ငံတကာအဖွဲ့ International Organization for Migration (IOM) ၏အဖွဲ့ ဝင်နိုင်ငံအဖြစ်လည်း၂၀၁၂ခု နှစ်တွင် အဖွဲ့ဝင် ဝင်ရောက်ခဲ့ ကြောင်း၊ ယခုတွင်လည်းအ လုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနအ နေဖြင့်လည်း ဖြစ်ပေါ်နေသည့် လုပ်သားဈေးကွက်ပေါ် မူ တည်၍ မြန်မာရွှေ့ပြောင်းအ လုပ်သမားများ အတွက် လုံခြုံ စိတ်ချရသည့် ရွှေ့ပြောင်းသွား လာမှု ပေါ်ပေါက်လာစေရေး၊ အခွင့်အရေးများကာကွယ် စောင့်ရှောက်ရေး၊ လူသား ချင်းစာနာထောက် ထားမှုမြှင့် တင်ရေးတို့ကို (IOM)ကဲ့သို့ သော ရွှေ့ပြောင်း အလုပ်သ မားဆိုင် ရာ နိုင်ငံတကာအဖွဲ့ အစည်းများ၊ အစိုးရမဟုတ် သည့်အဖွဲ့အစည်းများ၊ သက် ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်းနှင့် ယခုတွင်လည်း အဖွဲ့ဝင်နိုင်ငံအဖြစ် ဒုတိယအ ကြိမ်မြောက် ရွှေ့ပြောင်းသွား လာသူများနေ့ ကို ကျင်းပပြု လုပ်လျက်ရှိကြောင်း သိရသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U