Related Posts Plugin for WordPress, Blogger...

Friday, December 20, 2013

ကိုယ့်အပေါ် နားလည်ပြီး ကောင်းမွန်သူဖြစ်ပါက အချစ်ဆိုတာကို လက်ခံမည် ဆိုသည့် Patricia



ဘုန်းနေလ(ဒဂုံတက္ကသိုလ်)| ဒီဇင်ဘာလ ၂၀ ရက်၊ သောကြာနေ့၊ ၂၀၁၃ ခုနှစ်

ပရိသတ်တွေ စိတ်ဝင်တစားဖြင့် အားပေးလို့နေသည့် ဆယ်ကျော်သက် ကောင်မလေး၏ အနုပညာလှုပ် ရှားမှုများက စိပ်လို့လာသည်။ ကြော်ငြာများ၊ မဂ္ဂဇင်းတွင် သူမ၏ အနုပညာများက သူမကို ပိုမိုပြီးထင် ကျန်စေရစ်စေခဲ့ပြန်သည်။ တစ်လောက သူမ၏ အချစ်ရေး နှင့်ပတ်သက်ပြီး အားလုံးက စိတ်ဝင်စားခြင်းကို ခံရပြီးနောက်တွင် သူမ၏ချစ်သူနဲ့ လမ်းခွဲခဲ့တဲ့သတင်းကို အားလုံးက ကြားခဲ့မိချိန်က ကရုဏာသက်မိ ခဲ့ကြသည်။ သူမ၏ ချစ်သူကလည်း အနုပညာလောကထဲတွင် အကယ်ဒမီရပြီး နာမည်ကျော် တစ်ဦး ဖြစ်သော်လည်း သူမနှင့်အသက်အရွယ် ကွာဟလို့နေသူဆိုပြီး ပြောဆိုကြသည်။

“ညီမ အဲဒီအချိန်တုန်းက အရမ်း ငယ်သေးတဲ့အချိန်ဖြစ်တော့ ခံစားခဲ့ရပါတယ်။ ညီမအတွက် ပထမဦးဆုံး အချစ်ကို ယုံကြည်မိခဲ့တာပါ။ အသည်းကွဲခြင်းက ဘာဆိုဘာမှ မသိခဲ့ချိန်တုန်းကလေ” ဟု ပြောသည်။

သူမကို ယခုအချိန်တွင် ရည်းစားထပ်ပြီးထားရန် စဉ်းစားထားလားဟု မေးကြည့်ခဲ့ရာတွင် အချစ်ဆိုတာကို သူမအနေဖြင့် လောလောဆယ်တွင် မထားရှိသေးဘဲ အလုပ်ထဲတွင်သာ စိတ်ကို နှစ်မြှုပ်ထားကြောင်း ပွင့်လင်းစွာ ဆိုသည်။

သူမအပေါ် နားလည်ပြီး ကောင်းမွန်သူဖြစ်ပါက အချစ်ဆိုတာကို လက်ခံမိမှာပါလို့ ဆိုခဲ့ပြန်သည်။ ယခု အချိန်တွင် အသက် ၁၆ နှစ်သာရှိသေးသည့် သူမအနေနဲ့ အချစ်ဆိုတာကို ခံစားနားလည်ခဲ့ချိန်က အပျို စင်ဘ၀ကို ထိန်းသိမ်းနေထိုင်ခဲ့ခြင်းသည် မြန်မာမိန်းကလေးအနေဖြင့် ကောင်းမွန်သည့် ဂုဏ်တစ်ခုကို ပိုင်ခြင်းဖြစ်ကြောင်း ပြောသည်။

မြန်မာမိန်းကလေးတွေအနေဖြင့် များစွာထိန်းသိမ်းနေထိုင်သင့်ပြီး ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်ခြင်းဖြင့် ဖြတ်သန်းကြပါက လန်းဆန်းပြီး မညှိုးသောပန်းများ လောကအလယ် တွင် ဂုဏ်တင့်စေနိုင်ကြောင်း ပြောခဲ့သည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U