Related Posts Plugin for WordPress, Blogger...

Wednesday, December 4, 2013

အိုင်ဆွန် ကြယ်တံခွန် မြန်မာနိုင်ငံ မြိ့ ကြီး ခြောက်မြို့ အပေါ်မှ ဖြတ်သန်းမည်




၂ဝ၁၃ ခုနှစ် နိုဝင်ဘာလ နှောင်းပိုင်းမှ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလ အတွင်း
ကမ္ဘာနှင့် အနီးဆုံး ဆုံမှတ်သို့ ချဉ်းကပ် ရောက်ရှိလာမည့် အိုင်ဆွန် ကြယ်တံခွန်ကို ရုရှားနိုင်ငံမှ သိပ္ပံပညာရှင် နှစ်ဦး စတင်ရှာဖွေ တွေ့ရှိ ခဲ့ကြသည်။

အိုင်ဆွန် ကြယ်တံခွန်သည် မြန်မာနိုင်ငံရှိ မြို့ကြီး ခြောက်မြို့ အပေါ်မှ ဖြတ်သန်းသွားမည် ဖြစ်ပြီး စိတ်ဝင်စားသူများ အနေဖြင့် သာမန် မျက်စိဖြင့်ပင် လေ့လာ တွေ့ရှိနိုင်မည်ဟု မြန်မာနိုင်ငံ နက္ခတ်ပညာ ရှင်များ အသင်းမှ သိရသည်။

အိုင်ဆွန် ကြယ်တံခွန်သည် ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့ ဝန်းကျင်တွင် ကမ္ဘာနှင့် အနီးဆုံးသို့ ချဉ်းကပ် ရောက်ရှိလာမည် ဖြစ်သည်။ အဆိုပါ ကြယ်တံခွန်သည် မြန်မာနိုင်ငံသို့ ၂ဝ၁၃ ခုနှစ် ဒီဇင် ဘာ ၁၄ ရက် မြန်မာ စံတော်ချိန် နံနက် ၁၁ နာရီတွင် မြိတ်မြို့မှ လည်းကောင်း၊

ဒီဇင်ဘာ ၁၅ ရက် မြန်မာ စံတော်ချိန် နံနက် ၁ဝ နာရီ ၅၅ မိနစ်တွင် ထားဝယ်မြို့ပေါ်မှ လည်းကောင်း၊ ဒီဇင်ဘာ ၁၆ ရက် မြန်မာ စံတော်ချိန် နံနက် ၁ဝ နာရီ ၅၃ မိနစ်တွင် ရန်ကုန်မြို့ပေါ်မှ လည်းကောင်း၊ ဒီဇင်ဘာ ၁၇ ရက် မြန်မာ စံတော်ချိန် နံနက် ၁ဝ နာရီ မိနစ် ၅ဝ တွင် နေပြည်တော်မှ လည်းကောင်း၊

နိုဝင်ဘာ ၁၈ ရက် မြန်မာစံ တော်ချိန် နံနက် ၉ နာရီ ၅၇ မိနစ်တွင် မန္တလေး မြို့ပေါ်မှ လည်းကောင်း၊ နိုဝင်ဘာ ၁၉ ရက် မြန်မာ စံတော်ချိန် နံနက် ၉ နာရီ ၅၄ မိနစ်တွင် မြစ်ကြီးနား မြို့ပေါ်မှ လည်းကောင်း ဖြတ်သန်း သွားမည်ဟု သိရသည်။ မြန်မာနိုင်ငံပေါ်မှ အိုင်ဆွန် ကြယ်တံခွန် ဖြတ်သန်းချိန်တွင် ကြယ်တံခွန်သည် ပင်လယ်ရေ မြွေကြယ်စု (Serpens Caput) အတွင်း၌ ရွေ့လျား တည်ရှိ နေလိမ့်မည်ဟု သတင်း ရရှိသည်။

''အိုင်ဆွန် ကြယ်တံခွန်က နေမင်း တည်ရှိရာ နေရာကို ဦးတည် သွားနေပြီး နိုဝင်ဘာ ၂၉ ရက် မြန်မာ စံတော်ချိန် နံနက် ၅ နာရီခွဲမှာ နေနဲ့ အနီးဆုံး ဆုံမှတ်ဖြစ်တဲ့ မိုင်ပေါင်း သန်းပေါင်း ၁၁ ဒသမ ၆ သန်း အကွာ အဝေးနေရာကို ရောက်ရှိ လာပါလိမ့်မယ်။

ကြယ်တံခွန်ဟာ နေနဲ့ နီးလာတာနဲ့ အမျှ ပေါက်ကွဲအား ပိုမို ပြင်းထန်ပြီး အလင်းရောင် ပိုမို ဖြာထွက်လာတာကိုလည်း တွေ့မြင် လေ့လာနိုင်မှာပါ'' ဟု မြန်မာနိုင်ငံ နက္ခတ် ပညာရှင်များ အသင်းမှ ဦးဇေယျာကိုက ရှင်းပြခဲ့သည်။

''အိုင်ဆွန် ကြယ်တံခွန်ကို နိုင်ငံတကာ နက္ခတ် သိပ္ပံပညာရှင်တွေက လာမယ့် ၂ဝ၅ဝ ပြည့်နှစ်မှာမှ နောက်ထပ် တစ်ကြိမ် ပြန်တွေ့နိုင်မယ်လို့ ခန့်မှန်း ထားပါတယ်။ ကြယ်တံခွန်တွေကို ကမ္ဘာက တွေ့မြင်ရခြင်း အပေါ် တချို့ အယူသီးသူတွေက ကမ္ဘာမှာ စစ်မက် ဖြစ်ပွားမှုတွေ၊

ကပ်ဆိုး ဘေးဆိုး ကျရောက်မှုတွေနဲ့ သဘာဝ ဘေးအန္တရာယ်တွေ
ဖြစ်တတ်တယ်လို့ ယူဆပေမဲ့ နက္ခတ် သိပ္ပံပညာရှင်တွေ ကတော့ စကြဝဠာရဲ့ သဘာဝတရား ဖြစ်တဲ့ အတွက် ကမ္ဘာကို ဆိုးကျိုး သက်ရောက်မှု မရှိနိုင်ဘူးလို့ လက်ခံကြတယ်။

မြန်မာ့ သမိုင်းကြောင်း မှာတော့ မှန်နန်းရာဇဝင်၊ ကုန်းဘောင် ရာဇဝင်တွေမှာ ကြယ်တံခွန်နဲ့ ဥက္ကာပျံတွေ ကြွေကျမှု၊ လကို ကြယ်ဖောက်မှု ဖြစ်စဉ်တွေက နန်းတွင်း ထူးခြား ဖြစ်စဉ်တွေနဲ့ ယှဉ်တွဲနေတယ်လို့ မှတ်တမ်း ပြုစုထားတာ ရှိပါတယ်။

၁၉၇ဝ ပြည့်နှစ်က မြန်မာနိုင်ငံမှာ ဘင်းနက် (Bennett) ကြယ်တံခွန်ကို တွေ့မြင် ခဲ့ရပြီး စက်တင်ဘာလက ရန်ကုန်မှာ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့တာ မှတ်တမ်း ရှိပါတယ်'' ဟု ဦးဇေယျာကိုက ဆက်လက် ရှင်းပြခဲ့သည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U