Related Posts Plugin for WordPress, Blogger...

Saturday, December 7, 2013

ကမာရွတ် မြို့နယ်တွင် အထပ် ၁၆ ထပ်ပါ ကွန်ဒို ၁ဝ ခု တည်ဆောက်ရန်ရှိ



ရန်ကုန်မြို့ အဆောက်အအုံများကို ဆောက်လုပ်ရာတွင် သတ်မှတ်ထားသော ယဉ်ကျေးမှု နေရာများတွင် အထပ်မြင့်များ ဆောက်လုပ်ခွင့် မပြုသော်လည်း ကမာရွတ်မြို့နယ်တွင် အထပ် ၁၆ ထပ်ပါသော ကွန်ဒို ၁ဝ လုံး တည်ဆောက်ရန် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

အဆိုပါ အထပ် ၁၆ ထပ်ပါသော ကွန်ဒိုများတွင် စီးပွားရေး ဆိုင်ရာ အထပ်များ ပါဝင်မည် ဖြစ်ပြီး ရန်ကုန်မြို့တွင် တိုးပွားလာမည့် လူဦးရေနှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံ လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည့် အစီအစဉ် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် စီးပွားရေး ဆိုင်ရာ အဆောက်အအုံ များစွာကို အချက်အချာကျသော မြို့နယ်များ အားလုံးတွင် ဆောက်လုပ်နေပြီး တန်ဖိုးမျှတ အိမ်ရာများကိုလည်း ရန်ကုန်မြို့၏ ဒေသအတော် များများတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ပြင်ပကုမ္ပဏီ များပူးပေါင်း ဆောင်ရွက်နေကြောင်း သိရသည်။

ထို့အပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် ရန်ကုန်တိုင်း ဒေသကြီးတွင် အကြီးဆုံး ဖြစ်သော မြို့တော်စည်ပင် သာယာရေးဌာန စည်ပင်ဝန်ထမ်းများ နေ ထိုင်သော လိုင်းခန်း အထပ်မြင့်များကို ရန်ကင်းမြို့နယ် အတွင်း၌ ဆောက်လုပ်နေကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ရှေးဟောင်း ယာဉ်ကျေးမှု အဆောက်အအုံများ ရှိသော နေရာများတွင် အထပ်မြင့်များကို သတ်မှတ် ချက်များဖြင့်သာ ဆောက်လုပ်ခွင့် ပေးထားသည်။

ထိုသို့ပြုရခြင်းမှာ ရှေးဟောင်း အဆောက်အအုံများကို ပျက်စီး ထိခိုက်နိုင်မှုနှင့် မြင်ကွင်းများ ပျောက်ကွယ် သွားစေနိုင်ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U