Related Posts Plugin for WordPress, Blogger...

Tuesday, December 3, 2013

ဘုန်းကြီးတစ်ပါး သင်္ကန်းကိုကြိုးပြုပြီး အမြင့်ပေနှစ်ဆယ်ခန့်ရှိ သစ်ပင်ပေါ်တက်၍ ဆွဲကြိုးချသေဆုံး



ဒီဇင်ဘာ(၂)ရက်နေ့ နံနက်(၇)နာရီအချိန်ခန့်တွင် မကွေးမြို့ နံကပ်ကျွန်းကျေးရွာအုပ်စု ချမ်းမြေ့သာယာ ကျေးရွာ စက်မှုဝန်ကြီးဌာန မြန်မာ့အထည်အလိပ်လုပ်ငန်း ဆေးဆိုးပန်းရိုက်စက်ရုံရှေ့ရှိ ဂန္ဓာရသစ်ပင်ပေါ်တွင် ဘုန်းကြီးတစ်ပါး အမြင့်ပေနှစ်ဆယ်ခန့်ရှိ သစ်ပင်ပေါ်တက်၍ သင်္ကန်းကိုကြိုးပြုပြီး ဆွဲကြိုးချသေဆုံးကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ(၂)ရက်နေ့ နံနက်(၃)နာရီခန့် စောစောအချိန်၌ သင်္ကန်းဝတ်ဖြင့် ဘုန်းကြီးတစ်ပါးကို ရေနံချောင်းဘက်မှလာသော လိုင်းကားတစ်စီးမှ ၎င်းနေရာ၌ ချထားခဲ့ကြောင်း၊ ၎င်းနေရာတွင် အဆိုပါဘုန်းကြီးက အော်ဟစ်နေကြောင်း၊ မြန်မာ့အထည်အလိပ်လုပ်ငန်း ဆေးဆိုးပန်းရိုက်စက်ရုံရှေ့က လုံခြုံရေးဂိတ်ပေါ်သို့ တက်ရန် ပြုလုပ်နေ၍ တားဆီးလိုက်ရကြောင်း ဂိတ်စောင့်တစ်ဦးကုပြောသည်။

နံနက်(၇)နာရီခန့်တွင် လမ်းသွားသူများမှ ဘုန်းကြီးတစ်ပါး ဆွဲကြိုးချသေဆုံးကြောင်း တွေ့မြင်ရပြီး သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်(လ.၀က)တို့ရောက်ရှိလာကြောင်း မကွေးမြို့နယ် မီးသတ် ဌာန မှ မော်တော်ယာဉ်ပါ မီးသတ်တပ်ဖွဲ့ဝင်လေးဦးတို့သည် နံနက်(၉း၂၀)နာရီအချိန် ရောက်ရှိလာ ကြောင်း၊ မီးသတ်ရဲဖော်နှစ်ဦးတို့က သစ်ပင်ပေါ်တက်ပြီး အဆိုပါ ကြိုးဆွဲချတန်းလန်းဖြင့် ဘုန်းကြီးကို မီးသတ် ကယ်ဆယ်ကြိုးဖြင့် ပထမချီနှောင်၍ သင်္ကန်းကြိုးအား ဖြတ်ချပေးပြီးမြေသို့ချပေးရကြောင်း၊ မီးသတ်ကယ် ဆယ်ရေးယာဉ်ငယ်အမှတ် ၇ခ/၉၄၆၃ ဖြင့် အလောင်းအားသယ်ယူ၍ မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ ``သင်္ကန်းတွေက အသစ်ကြီးတွေဗျ၊ သင်္ကန်းကြိုးတစ်ဖက်နဲ့ သစ်ကိုင်းကို အသေချီထားပြီး ကျန်တစ်ဖက်က လည်ပင်းမှာလဲအသေချီထားပြီး ခုန်ချလို့ ယခုလိုတန်းလန်းကြီးဖြစ်နေတာပါ၊ အခြားပြင်ပဒဏ်ရာ မရှိဘူး၊ ဒူးခေါင်းကတော့ သစ်ပင်နဲ့တိုက်ထားတယ်ထင် တယ်၊ ဒဏ်ရာအနည်းငယ်ပွန်းနေ တာတွေ့ရပါတယ်၊ သစ်ပင်အမြင့်က ပေနှစ်ဆယ်လောက်ရှိမယ်ထင်ပါတယ်။´´ ဟု မီးသတ်တပ်ဖွဲ့က တပ်ကြပ် ဦးဝင်းညွှန့် က ပြောသည်။

အဆိုပါသေဆုံးသောဘုန်းကြီးကို သံဃာ့သာသနာမှတ်တမ်း ပါ ၊ မပါ မကွေးမြို့နယ်(လ.၀.က)ရုံး သို့ သွားရောက်မေးမြန်းရာ သာသနာ့မှတ်တမ်းမပါကြောင်း၊ သေဆုံးသော ဘုန်းကြီးထံမှ နိုင်ငံသားကဒ်တွေ့ရှိ ကြောင်း။ သင်္ကန်းဝတ်ဖြင့် လူအမည် ဦးသန်းစိုး(အဘ) ဦးမြင့်သိန်း၊ အသက်(၄၄)နှစ်၊ နိုင်ငံသားစီစစ်ရေးအမှတ် ၁၄/မအန(နိုင်) ၁၆၀၁၁၀ ကိုင်ဆောင်သူဖြစ်ကြောင်း၊ နေရပ်လိပ်စာ မြန်အောင်မြို့နယ်၊ သရက်တောကေျးရွာအုပ် စု၊ ကျောက်စရစ်ကုန်းရွာတွင် နေထိုင်သူဖြစ်ကြောင်း၊ သင်္ကန်းအား ကြိုးအဖြစ်အသုံးချ၍ ဆွဲကြိုးချသေဆုံး နေကြောင်း မကွေးမြို့နယ်(လ.၀.က)မှ စုံစမ်းသိရှိရသည်။ ၎င်းသေဆုံးမှုကို မကွေးမြို့မရဲစခန်းတွင် ဒီဇင်ဘာ(၂)ရက် နံနက်(၁၁)နာရီခန့်၌ သေမှုသေခင်းအမှတ်စဉ် ၁၀/၂၀၁၃ အမှုဖွင့်ပြီး စစ်ဆေးဆောင်ရွက် နေကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U