Related Posts Plugin for WordPress, Blogger...

Tuesday, December 3, 2013

မူးယစ်စစ်ချက်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသည့် အနုပညာမောင်နှမများကို စိုးမြတ်သူဇာတောင်းပန်



အွန်လိုင်းတွင် ပျံ့နှံ့နေသော ရန်ကုန်အရှေ့ မူးယစ်အထူးအဖွဲ့က  စိုးမြတ်သူဇာအား ၂၀၀၈ ခုနှစ်က စစ်ဆေးခဲ့သည့်စစ်ချက် နာမည်ပါဝင်ခဲ့သည့်  အနုပညာရှင်များ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသည့်အတွက်    တောင်းပန်ကြောင်း စိုးမြတ်သူဇာ၏ တရားဝင်ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် တောင်းပန်ထားသည်။

““ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး နာမည်ပါခဲ့တဲ့ အနုပညာမောင်နှမများရှင်၊  ကျွန်မနဲ့ပတ်သက်ပြီး စိတ်အနှောင့်အယှက်ရခဲ့ကြတဲ့အတွက် ဒီနေရာကနေ ကျွန်မတောင်းပန်ပါတယ်။ ကျွန်မကို နားလည်ပေးကြပါ”” ဟု စိုးမြတ်သူဇာက ဒီဇင်ဘာ ၂ ရက် မွန်းလွဲပိုင်းတွင် ရေးသားထားသည်။

စိုးမြတ်သူဇာအား ၂၀၀၈ ခုနှစ်က မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ပတ်သက်၍ စစ်ဆေးခဲ့သော စစ်ဆေးချက်အကြောင်းအရာ အသေးစိတ်ကို နိုဝင်ဘာ ၃၀ ရက်က လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်တွင်  Moe Zay Nyein အမည်ဖြင့် တင်ခဲ့ပြီး   အွန်လိုင်းအသုံးပြုသူများကြား စိတ်ဝင်စားခဲ့ကြသည်။ ထို့အပြင် န၀ရတ်၏ စစ်ဆေးချက်အသေးစိတ်ကို  ယင်းအကောင့်တွင် ထပ်မံတင်ထားသည်။

လွန်ခဲ့သော ငါးနှစ်ကဖြစ်သည့် စစ်ဆေးချက်တွင် လူမင်း၊ န၀ရတ်၊ ဒါရိုက်တာ မောင်မျိုးမင်း စသည့် အနုပညာရှင် ၂၀ ခန့်က မူးယစ်ဆေးဝါးသုံးစွဲသည်ဟု သိရှိရကြောင်း ပြောဆိုခဲ့သည့်အတွက် စိုးမြတ်သူဇာက နာမည်စာရင်းတွင် ပါဝင်ခဲ့သော  အနုပညာရှင်များကို သတင်းထွက်ပေါ်ပြီး နှစ်ရက်မြောက်နေ့တွင် တောင်းပန်ထားခြင်းဖြစ်သည်။
““ပရိသတ်များရှင်    MZN တင်ပြချက်မှာပါတဲ့ ကျွန်မနဲ့ပတ်သက်တဲ့ ဓာတ်ပုံအပါအ၀င် အကြောင်းအရာအားလုံးကို ကျွန်မ လုံးဝလက်မခံပါဘူး။ အစစ်မှန်ဆိုတာကိုလည်း မယုံတဲ့အတွက် အသိအမှတ်လည်း မပြုပါဘူး။ ကျွန်မအတွက် အချိန်က ဘ၀ပါ။ ဘ၀ကို တန်ဖိုးထားသလို အချိန်ကိုလည်း ကျွန်မ အရမ်းတန်ဖိုးထားပါတယ်”” ဟု စိုးမြတ်သူဇာက ငြင်းဆိုထားသည်။

ယခုလို အနုပညာရှင်နာမည်စာရင်းများ ပါဝင်ခဲ့သည့်အတွက် အများကြီး ထိခိုက်နစ်နာစေပြီး လုပ်ဖော်ကိုင်ဖက်အချင်းချင်း သံသယကြောင့် ရင်းနှီးမှုကို ပျက်ပြားစေကာ ယနေ့အချိန်ထိ မည်သူတစ်ဦးတစ်ယောက်ကိုမှ နစ်နာအောင်မလုပ်ခဲ့ကြောင်း   စိုးမြတ်သူဇာက ဆိုသည်။

Moe Zay Nyein အကောင့်ပိုင်ရှင်ကို မသိရှိဘဲ ဘယ်လိုရည်ရွယ်ချက်ဖြင့် လုပ်ခဲ့သည်ကို နားမလည်ကြောင်း၊ ယင်းအကောင့်ပိုင်ရှင်တင်ထားသည့် အကြောင်းအရာများကို တစ်ဦးတစ်ယောက်မျှ မထောက်ခံထားသည့်အတွက် လုံးဝအမှန်လို့ မယူဆသင့်ကြောင်း စိုးမြတ်သူဇာက ဆက်လက်ရေးသားထားသည်။

ထိုအကြောင်းအရာများ အွန်လိုင်းတွင် ပေါ်ပေါက်ခဲ့ပြီး ပျံ့နှံ့ခဲ့သည့်အတွက် သူနှင့်ပတ်သက်သော မိသားစု၊ မိတ်ဆွေသူငယ်ချင်းများနှင့် ပရိသတ်များအားလုံး စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသလို     ကိုယ်တိုင်လည်း စိတ်ထိခိုက်နာကျင်ရပြီး ၎င်းရပ်တည်မှုအတွက် လိပ်ပြာသန့်ကြောင်း စိုးမြတ်သူဇာက ပြောသည်။

မူးယစ်ဆေးဝါးသုံးစွဲခဲ့သည့် အနုပညာရှင်များအား ၂၀၀၈ ခု နှစ်က ရန်ကုန်တိုင်းမူးယစ်ရဲတပ်ဖွဲ့က စစ်ဆေးခဲ့ကြောင်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် မှုခင်းအထူးအဖွဲ့မှ ရဲအရာရှိကြီးတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U