Android ဖုန်းများကို USB ကြိုးမလိုပဲ ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး အသုံးပြုကြည့်ပါ မိတ်ဆွေ။Samsung Galaxy SIII မှာဆို ပိုဆိုးပါတယ်။
ကွန်ပျူတာနဲ့ ချိတ်တဲ့ အခါ Storageမတက်တာ တွေ့ရပါတယ်။အဲဒီ ပြဿနာကို ဖြေရှင်းဖို့နည်းလမ်းတစ်ခု ရှိပါတယ်။ကျွန်တော့်နောက်က လိုက်ခဲ့ကြပါ။ OK? Wifi ဖွင့်ထားကြနော်။ဟဲဟဲ............
အမြဲတမ်း ဆိုင်ကိုပဲသွားသွား ပိုက်ဆံပေးမနေစမ်းပါနဲ့ဗျာ။ကိုယ့်အားကိုယ်ကိုး စမ်းပါ။ဒါကို အင်တာနက်ဆိုင်မှာ လည်းလုပ်လို့ရတယ်။
စမ်းကြည့်ပါ။ကြိုက်ရင် သူများကို ပြောပြကြပါ။
ပထမဆုံး ခင်ဗျားတို့ လိုတာကတော့ Kies Air ဆိုတဲ့ ဆော့ဖ်ဝဲလ် ပါပဲ။
အဲဒါလေးကို ဒီမှာ>>>http://www.1mobile.com/kies-air-362962.html ယူပါ။ပြီးရင် ဖုန်းမှာ Install လုပ်ပါ။
နောက်တစ်ဆင့်ကတော့ ပုံမှာမြင်ရတဲ့ အတိုင်း LOGO လေးတွေ့ပြီဆိုရင် အဲ့ဒါကို ဖွင့်ပါ။

နောက်တစ်ဆင့်ကတော့ပုံမှာမြင်တဲ့ အတိုင်း Start Button ကို နှိပ်ပါ။

ပြီးရင်

အပေါ်ပုံဟာ ကိုယ့်ရဲ့ Network ကိုဖော်ပြနေတာဖြစ်ပါတယ်။
အဲဒီ Network ကို ချိတ်ပြီးတော့(Router က တစ်ဆင့်) မိမိတို့ ဖုန်းနဲ့ ဆက်သွယ်ရမှာဖြစ်ပါတယ်။အဲဒါတွေ ပြီးရင် တော့ Mozilla ကိုဖွင့်ပါ။အောက်ပုံမှာ မြင်ရတဲ့ အတိုင်း Address ကို Mozilla ရဲ့ Address Bar မှာ ရိုက်ပါ။
ဒီအဆင့်မှာတော့ ကိုယ့်ရဲ့ ဖုန်းပေါ်ကနေ Allow ဆိုပြီးလုပ်ပေးပါ။

အဲဒါပြီးရင်ပြီးပါပြီ။ကွန်ပျူတာပေါ်မှာ Kies Air တက်လာပါမယ်။အဲဒီမှာ စိတ်ကြိုက် File တွေ စီစဉ်လို့ရပါပြီ။
နောက်တစ်ဆင့်ကတော့ ဖိုင်တွေ ဖုန်းထဲကို ဘယ်လိုသွင်းရမယ် ဆိုတာ ဆက်ရှင်းပြပါမယ် ခင်ဗျာ။

အပေါ်ပုံကတော့ ကွန်ပျူတာနဲ့ ချိတ်လိုက်ရင် မြင်ရမယ် ပုံပါ။ပြီးရင် ဖိုင်တွေ သွင်းနည်။ပါ။ဆက်ကြည့်ကြပါ။

အဲ့ဒီမှာ Uploadဆိုတာ ဖုန်းထဲကို သွင်းတာဖြစ်ပါတယ်။ကိုယ်ကြိုက်တဲ့ ဖိုင်ကို ရွေးပြီး Upload လုပ်ပါ။
ကွန်ပျူတာ ထဲကို ပြန်ကူးချင်ရင် Download ဆိုတဲ့ Button ဖိုင်အောက်မှာ ပါပါတယ်။

ဒီပုံကတော့ နောက်ဆုံးပါပဲ။Browse ထဲမှာရွေးပြီး စိတ်ကြိုက်ကူးလို့ ရပါပြီ။အားလုံး အဆင်ပြေကြပါစေ။
ကျွန်တော်ရေးတာတွေ မရှင်းဘူးဆိုရင် http://www.youtube.com/watch?v=Ipwosi64P6M
ဒီ လင့်ခ်မှာသွားကြည့်ကြပါ။
အားလုံး ဖုန်းဆိုင်ကို ပိုက်ဆံသွားပေးခြင်း ကင်းပြီး အဆင်ပြေကြပါစေ။
Sayar Chan

12:44 AM
sayarchan.blogspot.com
Posted in:
0 comments:
Post a Comment