Related Posts Plugin for WordPress, Blogger...

Wednesday, January 8, 2014

ဖုန်းဆိုင်များ မကြာခဏ ဖောက်ထွင်းခံနေရပြီး ကျူးလွန်သူ အများစုကို ဖမ်းမမိသေး


တာမွေမြို့နယ်မှ ဖုန်းဟန်းဆက်များ ခိုးယူခံခဲ့ရသည့် ဖုန်းဆိုင်အား တွေ့ရစဉ် (ဓာတ်ပုံ-မြင့်သူ)


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဖုန်းဆိုင်များ ဖောက်ထွင်းခိုးယူခံရမှု မကြာခဏ ဖြစ်ပွားခဲ့ပြီး နှစ်ပတ်အတွင်း၌ ဖောက်ထွင်းခိုးယူခံခဲ့ရသည့် မြို့နယ်များမှာ တာမွေမြို့နယ်၊ လှိုင်မြို့နယ်နှင့် ကျောက်တံတားမြို့နယ်များဖြစ်ကြောင်း သိရသည်။

တာမွေမြို့နယ်မှ ဖုန်းဆိုင်ဖောက်ထွင်း ခိုးယူခံခဲ့ရသည့် ဖြစ်စဉ်မှာ ဇန်န၀ါရီ ၂ ရက် နံနက် ၉ နာရီခွဲခန့်တွင် သီရိမင်္ဂလာဥယျာဉ်အိမ်ရာ၊ လွတ်လပ်ရေးရပ်ကွက်၊ အလုံမြို့နယ်နေ ဦး.....(၂၉)နှစ်သည် ဗဟန်းမြို့နယ်၊ ဆရာစံတောင်ရပ်ကွက်၊ ဦးချစ်မောင်လမ်းတွင် ဖွင့်လှစ်ထားသော ၎င်းပိုင် MOBILE PARK လက်ကိုင်ဖုန်းနှင့် အပိုပစ္စည်း အရောင်းဆိုင်သို့ ဆိုင်ဖွင့်ရန် ရောက်ရှိပြီး ဆိုင်အတွင်း သော့ဖွင့်ဝင်ရောက်စဉ် ဆိုင်ခန်းဘေးပြတင်းပေါက်မှာ ပွင့်နေသဖြင့် စစ်ဆေးကြည့်ခဲ့ကြောင်း ထိုသို့စစ်ဆေးရာ ဆိုင်အတွင်းရှိ စုစုပေါင်း ကျပ် ၆၃၆၃၀၀၀ တန်ဖိုးရှိ ဟန်းဆက် ၆၉ လုံး၊ ဘက္ထရီများနှင့် ငွေဖြည့်ကတ်များမှာ ပျောက်ဆုံးနေခဲ့ကြောင်း သိရသည်။

ထို့အတူ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်တွင် လှိုင်မြို့နယ် အင်းစိန်လမ်း၊ ၉ ရပ်ကွက်၊ သံလမ်းရှိ ဆိုင်ခန်းတစ်ခန်းကို ငှားရမ်းကာ ဟန်းဖုန်းဆိုင်၌ ဟန်းဆက်ထည့်သည့် မှန်ဗီဒိုအား သော့မခတ်ဘဲ ဆိုင်အပြင် သံပန်းတံခါးကိုသာ သော့ပိတ်ကာ နေအိမ်သို့ ပြန်ခဲ့ကြောင်း၊ ထို့နောက် ဒီဇင်ဘာ ၇ ရက် နံနက် ၁၀ နာရီခန့်တွင် ဆိုင်သို့လာပြီး ဆိုင်တံခါးဖွင့်စဉ် မှန်ဗီဒိုအတွင်း ထားရှိခဲ့သည့် စုစုပေါင်း ကျပ် ၅၉၄၉၀၀၀ တန်ဖိုးရှိ ဟန်းဆက် ၉၂ လုံး၊ တစ်သောင်းတန် ငွေဖြည့်ကတ် ၄၀ ကတ်၊ ငါးထောင်တန် ငွေဖြည့်ကတ် ၄၀ ကတ်နှင့် အခြားဆက်စပ်ပစ္စည်းများ ပျောက်ဆုံးနေကြောင်း တွေ့ရှိခဲ့ရသည်။

ယင်းဖြစ်စဉ်များနည်းတူ ဒီဇင်ဘာ ၇ ရက်က ဗိုလ်အောင်ကျော်လမ်း (အလယ်)၊ ၉ ရပ်ကွက်၊ ကျောက်တံတားမြို့နယ်ရှိ Mobile Bank ဖုန်းဆိုင်မှ ကျပ်ကိုးသိန်းကျော်တန်ဖိုးရှိ ဟန်းဆက် ၁၄ လုံး ခိုးယူခံခဲ့ရသည့်ဖြစ်စဉ်၊ ဒီဇင်ဘာ ၆ ရက်နေ့ ညပိုင်းတွင် အင်းစိန်မြို့နယ်၊ ၆ ရပ်ကွက်ရှိ Mobile Light ဖုန်းဆိုင်မှ ကျပ် ၁၅ သိန်းကျော်တန်ဖိုးရှိ ဟန်းဆက်များနှင့် ငွေဖြည့်ကတ်များ ခိုးယူခံခဲ့ရသည့်ဖြစ်စဉ်တို့ ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်အများစုမှ ကျူးလွန်သူကို ဖမ်းမမိသေးကြောင်း သိရသည်။ -

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U