
သာကေတမြို့နယ်တွင်
 စသုံးလုံးမှ အငြိမ်းစားတစ်ဦးနှင့် အခြားအမျိုးသားတစ်ဦးထံမှ ကျပ်သိန်း ၉၀
 ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဇန်န၀ါရီ ၁၅ ရက် နံနက်က 
ဖမ်းဆီးရမိခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့ မှူးရုံးက သတင်းထုတ်ပြန်လိုက်သည်။
ယင်းနေ့နံနက်
 ၈ နာရီ ၅၀ မိနစ်က မူးယစ်ဆေးဝါးဖမ်းဆီးရေး တပ်ဖွဲ့ဝင်များသည် သာကေတမြို့နယ်
 ရှုခင်းသာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် စောင့်ဆိုင်းနေစဉ် 
ဦးကြည်ညွန့်မောင်းနှင်သော တက္ကစီယာဉ် သည် ရုံးရှေ့သို့ ရောက်လာခဲ့သည်။
ထို့ကြောင့်
 ယာဉ်ပေါ်၌ပါလာသော စသုံးလုံးမှ စုံစမ်းရေးမှူး အငြိမ်းစားဖြစ်သူ 
ဦးစိုးသိန်း (၆၇)နှစ် ရှမ်း ပြည်နယ်နေသူနှင့် ရဲအောင်စိုး (၃၇)နှစ် 
ရှမ်းပြည်နယ်နေသူတို့ နှစ်ဦးကို ရုံးအတွင်းသို့ ခေါ်ဆောင်စစ် ဆေးခဲ့သည်။
၎င်းတို့
 နှစ်ဦးသယ်ဆောင်လာသည့် နီညိုရောင် ခရီးဆောင်အိတ်အတွင်းတွင် 
ပလတ်စတစ်အကြည်ဖြင့် ထုတ်လျက် ငွေကျပ် ၉၈ သိန်းတန်ဖိုးရှိသော ၈၈/၁ စာတမ်းပါ 
စိတ်ကြွဆေးပြားပေါင်း ၁,၉၆၀ကို ဖမ်း ဆီးရမိခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့်
 အဆိုပါ စသုံးလုံးအငြိမ်းစားနှင့် ရဲအောင်စိုးတို့ နှစ်ဦးကို အရေးယူပေးရန်
 ရဲအုပ်ဝင်းနိုင်က တရားလိုပြုလုပ်တိုင်တန်းထားသည်။
ယင်းတိုင်တန်းမှုကို
 သာကေတနယ် မြေရဲစခန်းက မူးယစ်(ပ)၂/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး 
မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ 
၁၅/၁၉(က)/၂၁ တို့ဖြင့် အရေးယူရန် မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူနှစ်ဦးကို 
ဖမ်းဆီးစစ်ဆေးနေသည်။
ထို့ပြင် အထက်ပါနေ့ ညနေ ၃ နာရီ ၄၅ 
မိနစ်အချိန်ကလည်း တာမွေတရားရုံးမှ ရုံးထုတ်လာသည့် မူး ယစ်ဆေးဝါးမှုဖြင့် 
တရားစွဲတင်ခြင်းခံရသူတစ်ဦးထံမှ ငွေကျပ် ၇၅,၀၀၀ ခွဲတန်ဖိုးရှိ 
ဘိန်းဖြူမှုန့်များနှင့် တစ်စီစီ ဆေးထိုးအပ်တို့ကို ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ
 မူးယစ်ဆေးဝါးများကို အခြားအမျိုးသားတစ်ဦးက 
အချုပ်သားအားပေးဆောင်ထွက်ပြေးသွား သောကြောင့် အဆိုပါအချုပ်သားနှင့် 
မူးယစ်ဆေးဝါးပေးသွင်းသူကို တာမွေရဲစခန်းက မူးယစ်(ပ)၁/ ၂၀၁၄ ဖြင့် 
အမှုဖွင့်ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော 
ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၅/၁၆(ဂ)/၂၁ တို့ ဖြင့် 
အရေးယူရန်စစ်ဆေးနေသည်။ ထို့ပြင် မူးယစ်ဆေးပေးသွင်းသူကိုလည်း 
ဖမ်းဆီးနိုင်ရန် ဆောင်ရွက်နေသည်။
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
                      -
                    
 
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့ 
ဒီဆိုဒ်ရဲ့  Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
5 years ago




 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 



 1:05 AM
1:05 AM
 sayarchan.blogspot.com
 sayarchan.blogspot.com
 
 Posted in:
 Posted in:   
 
0 comments:
Post a Comment