Related Posts Plugin for WordPress, Blogger...

Saturday, January 18, 2014

ကားရိုက်အတွက် အဆင်ပြေအောင် ဒီဇိုင်းမျိုးစုံကို ဆိုင်တိုင်းမှာ ၀ယ်ဖြစ်တဲ့ ရွှေပိုးအိမ်



မာန်ထက်ချီ ထုတ်လုပ်ရေးက တင်လိုက်တဲ့ မင်းသမီးတစ်လက်ဖြစ်တဲ့အပြင် အပြင်တိုက်တွေနဲ့လဲ ဇာတ်ကားတွေ ရိုက်ကူးလာရင်း အနုပညာလောကထဲမှာ ဖြေးဖြေးနဲ့မှန်မှန် ကြိုးစားနေသူလေး ရွှေပိုးအိမ်ရဲ့ ဖက်ရှင် ပတ်သက်တဲ့ အကြေင်းအရာတစ်ချို့ကို မေးမြန်းကြည့်လိုက်တဲ့အခါ သူမက ‘ဖက်ရှင်ကတော့ ညီမ အနုပညာအလုပ်စလုပ်တဲ့အချိန်မှာ စပြီး စိတ်ဝင်စားလာတယ်။ ပြီးတော့ အင်တာနက်ကနေ ဖက်ရှင်နဲ့ပတ်သတ်တာတွေကို လေ့လာဖြစ်တယ်။ ကြည့်ဖြစ်တယ်။ သူများနိုင်ငံက အနုပညာရှင်တွေ ဖက်ရှင်ကို ဘယ်လိုဝတ်တယ်ပေါ့။ သူတို့ဝတ်တာကို ကြိုက်ပေမဲ့ ဒီမှာက အကုန် လိုက်ဝတ်လို့ အဆင်မပြေနိုင်ဘူး။ သူတို့ယဉ်ကျေးမှုနဲ့ဒီနိုင်ငံက ယဉ်ကျေးမှုနဲ့က မတူဘူးပေါ့။ ပြီးတော့ အ၀တ်အစားကိုလည်း တစ်ဆိုင်ထဲမှာ သီးသန့်မ၀ယ်ဘူး။ တွေ့တဲ့ဆိုင်တိုင်းမှာ ၀ယ်ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီအလုပ်က အ၀တ်အစားအများကြီး ကုန်တယ်။ ပြီးရင် တစ်ခါဝတ်ပြီး ထပ်ဝတ်လို့အဆင်မပြေဘူး။ အဲဒါကြောင့် ကားရိုက်မှာလဲ အဆင်ပြေအောင် ပုံစံမျိုးစုံဝယ်ဖြစ်တယ်။ ၀တ်ဖြစ်ပါတယ်’တဲ့။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U