Related Posts Plugin for WordPress, Blogger...

Saturday, January 18, 2014

အဟာရလည်းဖြစ် အလှအပအတွက်လည်း အကျိုးရှိပြီး အလွယ်တကူ ရနိုင်တဲ့ DIY မျက်နှာပေါင်းတင်နည်းလေးတွေ

သဘာဝကပေးတဲ့ ထွက်ကုန်တွေဟာ သင့်ရဲ့ အစားအသောက်စာရင်းထဲ ထည့်နိုင်ရုံသာမက အသားအရေ အလှအပ ထိန်းသိမ်းဖို့အတွက်လည်း အသုံးဝင်ပါတယ်။ အထူးသဖြင့် anti-aging ဗီတာမင် စီ ပါဝင်တဲ့ အစားအသောက်တွေဟာ အရွယ်ရင့်ခြင်းကို ကာကွယ်ပေးနိုင်ပြီး ပိုကြည့်ကောင်းတဲ့ ပိုပြီး စိုပြည်တဲ့ အသားအရေကို ပေးစွမ်းနိုင်ပါတယ်။

ဒါကြောင့် အသီးတွေ ၊ အရက်တွေကို ဆက်စားပါ။ ဒါတင်မက သင့်အသားအရေပေါ်မှာလည်း လိမ်းပါ။ ဒါကြောင့် မျက်နှာပေါင်းတင်နိုင်တဲ့ အသီးတွေနဲ့ လုပ်နည်းတွေကို ဖော်ပြပေးပါရစေ။



(၁) ထောပတ်သီး ။ ထောပတ်သီးကို ဖျော်သောက်ဖို့သာမက မျက်နှာပေါင်းတင်တဲ့ အနေနဲ့လည်း သုံးနိုင်ပါတယ်။



(၂) သဖန်းသီး။ သဖန်းသီးအစေ့ (၂)ဇွန်း ကို အုတ်ဂျုံမှုန့် လက်ဖက်ရည်ခွက်တစ်ခွက်နဲ့ ရောမွှေကြိတ်ပါ။ ပြီးရင် ခွက်တစ်ခုထဲ ပြောင်းထည့်လိုက်ပြီး ပျားရည် လက်ဖက်ရည်ဇွန်း (၂)ဇွန်း ၊ နို့ထောပတ် (၂)ဇွန်းနဲ့ ရောမွှေပြီး လိမ်းပေးပါ။



(၃) စတော်ဘယ်ရီ ။ စတော်ဘယ်ရီသီးတစ်ခွက် ၊ ဒိန်ချည်(အသန့်) တစ်ခွက်၊ ပျားရည် ထမင်းစားဇွန်း တစ်ဇွန်းတို့ကို blender နဲ့ရောမွှေပါ။ ပြီးရင် moisturizer (၈)အောင်စ ပမာဏ ထည့်ထားတဲ့ ဖန်ခွက်ထဲကို လောင်းထည့်ပြီး ရောမွှေပါ။ ပြီးရင်မျက်နှာမှာ လိမ်းလိုက်ပါ။ တစ်ပတ်ကို (၁)ကြိမ် (သို့) (၂)ကြိမ် ပြုလုပ်နိုင်ပါတယ်။



(၄) ပျားရည်။ ပျားရည်ကို မီးအေးအေးနဲ့ အပူပေးပါ။ နည်းနည်းပူပြီလို့ထင်ရင် ပျားရည်ပမာဏ အနည်းငယ်ကိုယူလိုက်ပြီး မျက်ခုံးပေါ်မှာ တို့ကြည့်လိုက်ပါ။ ခံနိုင်တဲ့ အပူချိန်ရပြီဆိုရင် မျက်နှာတစ်ခုလုံးကို လိမ်းလိုက်ပါ။ (၁၅)မိနစ်ကြာအောင်ထားပြီးနောက် ရေနွေးနဲ့အရင်ဆေးပါ။ ပြီးမှ ရေအေးနဲ့ဆေးပါ။



(၅) ဒိန်ချဉ်။ ဒိန်ချဉ်သီးသန့်တဖန်ခွက်ကို အယ်မွန်သီးအဆီ (ဒါမှမဟုတ်) သံလွင်ဆီ နှစ်စက် ၊ သုံးစက်ထည့်ပါ။ ပြီးရင် ပျားရည် ထမင်းစားဇွန်းတစ်ဇွန်းထည့်ပြီး ရောမွှေပါ။ မျက်နှာပေါ်မှာ လိမ်းပြီးနောက် မိနစ် (၂၀)မှ (၃၀)ကြာအောင်ထားပါ။ ပြီးနောက် ရေဖြင့်ဆေးပြီး ခြောက်အောင်သုတ်ပါ။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U