Related Posts Plugin for WordPress, Blogger...

Wednesday, January 1, 2014

ကျား-မတို့ အကြိုက်များနဲ့ ပထမဆုံး အတွေ့အကြုံ



ယောက်ျားတွေ သဘောကျတာ

ဗလာကျင်းနေတဲ့ အသား - အသားလို့ဆိုရာမှာ ဣတ္ထိယတို့ရဲ့ ပုခုံးသား၊ ခြေသလုံးသား၊ လက်မောင်းသား၊ ချိုင်းနားတ၀ိုက်က အသား၊ လည်ပင်းအောက် ရင်ညွန့် အထက်က အသားများ အပါအဝင် ရှိရှိသမျှ တစ်ကိုယ်လုံးက အသားများ ဗလာကျင်းနေရင် ယောက်ျားတွေက လွှတ်သဘောကျပါတယ်။ အခုခေတ် ကလေးမတွေ အတိုတွေ၊ အကွဲတွေ၊ ချက်ပြုတ်အလွန်တွေ ဝတ်ကြတာများဟာ ယောက်ျားများအတွက် အလွန့်ကို မျက်စိကျစရာ ကောင်းပါသဗျား။ အဲလို ဟိုဖော် သည်ဖော် ဖော်ခြင်းဟာ ကျွန်တော်တို့ ယောက်ျားသားများအတွက် “လာနော် အစ်ကို့”လို့ လှမ်းခေါ်နေသလို ခံစားရတတ်စေပြီး ယောက်ျားတွေကို အကြီးအကျယ် နိုးကြားလာစေနိုင်ပါတယ်။

သည်အချက်ကို သတိထားမိကြမယ်ဆိုရင် “လာနော် အစ်ကို့”လို့ လူတကာကို ဖိတ်ခေါ်ရာ မရောက်လေအောင် ဝတ်တာစားတာကို ဆင်ခြင်ကြဖို့ မဖိတ်ခေါ်လိုသူ သမီးငယ်များ ဂရုထားမိကြမယ် ထင်ပါတယ်။
မိတ်ခပ်(ပ်) မျက်နှာချေ - စိုစိုတောက်တောက် နှုတ်ခမ်းနီ ရဲရဲများကလည်း ယောက်ျားတို့ရဲ့ လိင်စိတ်ကို နိုးကြားလာစေတတ်တဲ့ သဘော ရှိပြန်တယ်။ ဒါ့အပြင် ဆံပင်ပုံတွေ၊ ဆံပင်အရောင်တွေကလည်း ယောက်ျားသားတွေအတွက် စိတ်နိုးကြားစရာ ကောင်းနေတတ်တယ်။ မျက်နှာချေတွေ ပိန်းနေရင်တော့ သိပ်မကြိုက်တတ်ကြပြန်ဘူး။
တစ်တစ်ခွခွ စာနယ်ဇင်းနဲ့ ရုပ်သေ ရုပ်ရှင်တွေ - ယောက်ျားတွေ အလွန် သဘောကျတဲ့အထဲမှာ အဲဒါတွေလည်း ထိပ်ဆုံးက ပါသဗျ။ ယောက်ျားတို့ရဲ့ စိတ်ကူးယဉ် အတွေးတွေကို အစာဝ၀ ကျွေးဖို့၊ တစ်ကိုယ်ရေ အာသာဖြေဖို့ အဲဒါတွေကို သုံးကြပါတယ်။ သို့ပေမယ့် ယောက်ျားအများစုဟာ ကိုယ့်အိမ်ထောင်ဖက်၊ ကိုယ့်ချစ်သူရဲ့ ဝတ်လစ်စလစ်ပုံကို အဲလို စာနယ်ဇင်းတွေ၊ ရုပ်သေ၊ ရုပ်ရှင်ထဲမှာ မြင်ရရုံနဲ့ကျတော့ အာရုံ မနိုးတတ်ပြန်ဘူး။ အဲဒါတွေထဲမှာ ပါတဲ့ အမျိုးသမီးတွေက ကိုယ်နဲ့ ဘယ်လိုမှ မပတ်သက်တဲ့သူ ဖြစ်နေတာကိုက ယောက်ျားတွေအတွက် ဆွဲဆောင်မှု ပိုရှိနေတဲ့သဘောပါပဲ။
ရမ္မက်ဇောကြွစေတဲ့ အဝတ်အစား – ယောက်ျား အများစုအတွက်က အနက်ရောင် ဇာနဲ့ ချုပ်လုပ်ထားတဲ့ အတွင်းခံတွေ၊ တိုစိတိုနံ့ ညဝတ်အင်္ကျီတွေကို အလွန် သဘောကျတတ်ပါတယ်။ ဒါ့ကြောင့်လည်း အနောက်တိုင်းက ကိုယ်ဟန်ပြမယ်တွေဟာ အဲသလို ဝတ်ဆင်ပြီး ကြော်ငြာတတ်ကြတာပါ။
ကျွန်တော်တို့ မြန်မာအမျိုးသမီးတွေရဲ့ ထမီဝတ်တဲ့ ဓလေ့ကလည်း အစ်ကိုကာလသားတွေအတွက် ရှယ်ပါပဲ။ ကိုယ်လုံးအလှကို ထင်းထင်းပပ ပေါ်လွင်စေတယ် မဟုတ်လား။ သည်မှာလည်း မြန်မာ ကိုယ်ဟန်ပြမယ်တွေ၊ မင်းသမီးတွေဟာလည်းပဲ ထမီကို လုံလုံခြုံခြုံ ဝတ်ဆင်ထားကြသည့်တိုင် သူတို့ရဲ့ ကိုယ်လုံးအလှကို ဖော်ကျူးတဲ့ ကိုယ်နေဟန်ထားမျိုးစုံနဲ့ ကိုယ်ဟန်ပြနေကြတာပါပဲ။

မိန်းမတွေ သဘောကျတာ

ကိုယ်ကာယပိုင်းအရ ဆွဲဆောင်မှု – ရုပ်ရည်၊ ကိုယ်လုံးကိုယ်ပေါက်၊ အရပ်အမောင်း စတာများဟာ မိန်းမတွေအတွက် အရေးပါလှတဲ့ အရည်အသွေးထဲမှာ မပါပင် မပါလင့်ကစား ယောက်ျားတစ်ယောက်ရဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်း တစ်ခုခုကြောင့် အဲဒီ့ယောက်ျားကို သဘောကျသွား ရတတ်ပါတယ်။ သို့ပေမယ့် အဲဒီ့ အစိတ်အပိုင်းထဲမှာ မျိုးဆက်ပွား အင်္ဂါအစိတ်အပိုင်းတွေ လုံးဝ မပါပါဘူး။

ကြော်ငြာထိုးရရင်တော့ဗျာ၊ ကျွန်တော့်ကိုဆိုရင် ကျွန်တော့် နှုတ်ခမ်းနဲ့ ကျွန်တော့် ရယ်ပုံကြောင့် သဘောအကျ ခံဖူးပါတယ်။ မျက်လုံးနဲ့ မျက်ခုံးကြောင့်လည်း သဘောကျတာ ခံဖူးပါတယ်။ အဲဒီ့အောက်ကို ဆင်းတာတော့ တစ်ခါမှ မကြုံခဲ့ဖူးပါဘူး။ အဲ… ရှိသေးတယ်၊ ကျွန်တော့်အရပ်ကြောင့်လည်း ကျွန်တော့်ထက် နှစ်လက်မလောက် ပိုမြင့်ချင်တဲ့ မိန်းမတစ်ယောက်က ကျွန်တော့်ကို ငြင်းတာလည်း ခံဖူးပါသဗျ။ အရပ်ပုတဲ့အတွက် တစ်သက်လုံး ဘယ်လိုမှ မနေခဲ့တာ၊ အဲဒီ့ မိန်းမနဲ့ကျတော့မှ အဲဒါကို အကြောင်းပြုပြီး အငြင်းခံလိုက်ရတဲ့အတွက် ကျွန်တော့်အရပ်ကို တစ်သက်လုံးမှာ အဲဒီ့တစ်ခါ စိတ်အနာကြီး နာသွားရဖူးပါသဗျာ။

သူက ယဉ်ကျေးသူဆိုတော့ အရပ်ကြောင့် ရှင့်ကို ငြင်းတာပါလို့ တိုက်ရိုက်ကြီးတော့ မပြောပါဘူး။ ငြင်းရုံပဲ ငြင်းခဲ့တာပါ။ နှစ်ပေါင်း များစွာကြာတော့မှ ကျွန်တော့်ကို သိပ်ချစ်တဲ့ သူ့မောင်က သူ့အစ်မနဲ့ ကျွန်တော့်ကို ဖြစ်စေချင်ခဲ့တဲ့အကြောင်း၊ ကျွန်တော့်ကို ဘာဖြစ်လို့ လက်မခံတာလဲလို့ မေးတဲ့အခါ ကျွန်တော်က သူ့ထက် အရပ်ပုနေလို့ ငြင်းတာဖြစ်ကြောင်းများကို မူးမူးနဲ့ ပြောပြတော့မှ ကျွန်တော့်မှာ နင်သွား ရတော့တာပါပဲ။ (သနားစရာလေးနော်…)
ဩဇာအာဏာနဲ့ ကြွယ်ဝမှု – လွှမ်းမိုး ခြယ်လှယ်နိုင်မှန်း သိသာလှတဲ့ သက်သေ အထောက်အထားတွေ ဖြစ်တာနဲ့အညီ ပိုက်ဆံနဲ့ ရာထူးဂုဏ်ရှိန်ကလည်း မိန်းမ အများစုအတွက် မက်စရာ ကောင်းနေတတ်ပါတယ်။
ကြည်နူးစရာကောင်းတာနဲ့ ရင်းနှီးကျွမ်းဝင်တာ – ကြည်နူးစရာလည်း ကောင်း၊ ရင်းနှီးရာလည်း ရောက်စေတဲ့ လရောင်ဆမ်းတဲ့ ညမှာ မွှေးပျံ့ ချိုအီတဲ့ ပန်းစည်းလေး ဆိုတာမျိုးဟာလည်းပဲ အမျိုးသမီး အများစုအတွက် စိတ်လှုပ်ရှား တိမ်းမူးစရာ ကောင်းနေတတ်ပါတယ်။
ရမ္မက်နိုးစေတဲ့ စာပေတွေ – အချစ်ဝတ္ထုလို ရမ္မက်နိုးစေတဲ့ စာပေ အမျိုးအစားတွေကို သဘောကျတဲ့အကြောင်း အမျိုးသမီးတွေ ဝန်ခံတတ်ကြပါတယ်။ တစ်ဖက်ကလည်း အမျိုးသမီး အများအပြားအတွက် တစ်တစ်ခွခွ စာနယ်ဇင်းနဲ့ ရုပ်သေရုပ်ရှင်တွေကလည်းပဲ ရမ္မက်နိုးစေတတ်ကြောင်း သုတေသနတွေက အခိုင်အမာ တွေ့ရှိထားပါတယ်။ သည်မှာ “အများအပြား”လို့သာ ရေးထားပါတယ်။ အမျိုးသမီးတိုင်းအတွက် သည်အဆိုက မှန်ချင်မှ မှန်မယ်ဆိုတာ သတိချပ်ကြစေချင်ပါတယ်။

ပထမဆုံး အတွေ့အကြုံ

ပထမဆုံး ချစ်တင်းနှောတဲ့ အတွေ့အကြုံကို ရရှိလာအောင် လှုံ့ဆော်တဲ့ အင်အားဟာ အချစ်လည်း ဖြစ်ချင်ဖြစ်နိုင်တယ်၊ တပ်မက်မှု သက်သက်ကြောင့်လည်း ဖြစ်ချင်ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် စူးစမ်းလိုစိတ် သက်သက်ကြောင့်လည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်၊ အဲလို ပထမဆုံးအကြိမ်မှာတော့ ယောကျာ်းရော မိန်းမပါ အတော်များများအတွက်က စိုးရိမ်ပူပန်နေမှာ၊ တောင့်တောင့်ကြီး ဖြစ်နေမှာလည်း သဘာဝပါပဲ။ ဒါ့အပြင် ပေါ်ထွန်းလာတဲ့ ရလာဒ်နဲ့ ပတ်သက်လို့လည်းပဲ စိတ်ပျက်လက်ပျက်ကြီး ဖြစ်ရတတ်ပြန်ပါသေးတယ်။ စိတ်ပျက်ရဆို ကိုယ်မျှော်လင့်ထား၊ စိတ်ကူးယဉ်ထားခဲ့တာနဲ့ မတူဘဲ ပထမဆုံး အတွေ့အကြုံက အီလည်လည်နိုင်နေတတ်တာကိုး။

အမှန်တော့ လူ့ဘဝဟာ အလေ့အကျင့်နဲ့ အကျွမ်းတဝင်ရှိမှုအပေါ် မှာ အခြေခံပြီးမှ တတ်ပွန် ကျွမ်းကျင်လာရတာတွေနဲ့ ဖွဲ့စည်းထားတာပါ။ ကနေ့အခါမှာ ပြေးချင်တိုင်း ပြေး၊ ဖြည်းဖြည်းလှမ်းချင်လည်း လှမ်း၊ သွက်သွက်ခုန်လို့လည်း ဘာမှမဖြစ်အောင် ခြေထောက်နှစ်ချောင်းလုံးကို ပိုင်ပိုင် နိုင်နိုင်သုံးတတ်တာဟာ ဝမ်းလျားမှောက်တာ၊ ထိုင်တာ၊ လေးဘက်သွားတာ၊ မတ်တတ်စမ်းတာ၊ တစ်ခုခုကို ကိုင်ပြီး လျှောက်တာစတဲ့ တစ်ဆင့်ချင်း လုပ်ယူရာက အလေ့အကျင့်များလာ၊ ကျွမ်းဝင်လာရာကနေ ကျွမ်းကျင်လာတာပါပဲ။ အဲလိုပဲ ချစ်တင်းနှောတဲ့ကိစ္စမှာလည်း အလေ့အကျင့်နဲ့ အကျွမ်းဝင်မှုအပေါ်မှာ အများကြီး မူတည်ပါတယ်။

အမျိုးသားအများစုအတွက် ပထမဆုံးအကြိမ် ချစ်တင်းနှောရာမှာ ဇာတ်သိမ်းက အလိုလို စွတ်မြန်နေတတ်ပေမယ့် အမျိုးသမီးတွေအတွက်တော့ ပထမအကြိမ်နဲ့တင် ဇာတ်သိမ်း ရောက်ဖို့ အင်မတန်မှ ခဲယဉ်းလှပါ တယ်။ ဒါက အမျိုးသမီးတွေအတွက် သင်ယူလေ့ကျင့်ယူမှ နောက်ပိုင်းမှာ တတ်ပွန်လာနိုင်မယ့် သဘောပါပဲ။

ပထမအကြိမ်အတွက် အဆင်ပြေအောင် ပြင်ဆင်မှု

ပထမအကြိမ်အတွက် ပြင်ဆင်ရာမှာ ခြေခင်းလက်ခင်း သာယာတဲ့ အခင်းအကျင်းကို ရွေးချယ်တာ အကောင်းဆုံးပါပဲ။ ဆိုလိုတာက ကိုယ်နဲ့ သူနဲ့ နှစ်ဦးတည်း လွတ်လွတ်လပ်လပ်နဲ့ ဘေးပန်း အနှောင့်အယှက် ကင်းကင်း ဖြစ်နေသင့်တယ်။

ကမူးရှူးထိုးချင်တတ်ကြတဲ့ ယောက်ျားလေးအများစုက တွေ့ကရာ နေရာမှာ လွယ်သလို စခန်းသွားချင်တတ်ကြတယ်။ လူသူပြတ်လပ်တဲ့ ကန်စပ်လိုနေရာတွေ၊ သစ်ပင်အောက်လို နေရာတွေပေါ့။ အမှန်တော့ အဲဒါမျိုးဟာ ပထမဆုံးအကြိမ်အတွက် အတော့်ကို ဟန်မကျလှတဲ့ နေရာတွေပါ။

နောက်တစ်ချက်က အချိန်အများကြီးရမှ ပထမဆုံးအကြိမ်ကို ကြိုးပမ်းသင့်ပြန်တယ်။ ဒါမှလည်း အလောသုံးဆယ် နိုင်နေတော့မှာ မဟုတ်သလို နှစ်ဦးနှစ်ဖက် စိတ်လက် ကြည်ကြည်သာသာ၊ အေးအေးဆေးဆေးနဲ့ သာယာနိုင်ကြမှာပါ။ အချိန်က သည်နေရာမှာ အင်မတန်စကား ပြောပါတယ်။ ပထမဆုံးအကြိမ်မှာ နှစ်ယောက်စလုံးပဲ ဖြစ်ဖြစ်၊ တစ်ယောက်ယောက်ပဲဖြစ်ဖြစ် စိတ်က တရားလွန် လှုပ်ရှားနေတတ်တယ်။ အာရုံ တကယ်နိုးလာတော့မှသာ အဲဒီ့ စိတ်လှုပ်ရှားမှုက ပပျောက်သွားမှာပါ။ ဒါမှလည်း ရှေ့ဆက်ဖို့ အဆင်ပြေမှာ ဖြစ်ပါတယ်။ သည်နေရာမှာ ယောက်ျားသားများဘက်က မလောဖို့ အထူး သတိထားကြရမှာ ဖြစ်ပါတယ်။

အရေးတကာ့ အရေးအကြီးဆုံးအချက်ကတော့ အေအိုင်ဒီအက်(စ်)ရောဂါကို ဖြစ်ပွားစေတဲ့ အိပ်(ခ်ျ)အိုင်ဗှီ ဗှိုင်းရပ်(စ်)ပိုးနဲ့တကွ လိင်အင်္ဂါမှာ ပေါက်တဲ့ ရေယုန်၊ ခလာမစ်ဒီးယားတို့လို လိင်မှ တစ်ဆင့်ကူးစက်တဲ့ အခြား ရောဂါဘယများက ပထမဆုံးအကြိမ်၊ တစ်ကြိမ်ဆို တစ်ကြိမ်တည်းနဲ့ ကူးစက်လာတတ်ပါတယ်။ ဒါ့ကြောင့် အမျိုးသားများအနေနဲ့ ပထမဆုံးအကြိမ် ဖြစ်လင့်ကစား ကွန်ဒုံးကို မဖြစ်မနေ သုံးသင့်ပါတယ်။

ကံကိုယုံပြီး ဆူးပုံနင်းတယ်ဆိုတာ ကနေ့ခေတ်မှာ မဖြစ်သင့်တော့ပါဘူး။ တချို့သွန်သင်မှု အလွဲတွေကလည်း အဲဒီ့ရော်ဘာကို သုံးတာဟာ မိုးကာအင်္ကျီဝတ်ပြီး ရေချိုးသလိုမို့  တွေ့ထိခံစားမှုပိုင်းမှာ လျော့ရဲတယ်လို့ အောက်မေ့တတ်ကြတယ်။ မဟုတ်ပါဘူး။ အင်မတန် ပါးလွှာတဲ့ ရော်ဘာအသားနဲ့ ပြုလုပ်ထားတာမို့ တွေ့ထိ ခံစားမှုပိုင်းကို လုံးဝ မလျော့ရဲစေတဲ့အပြင် မျိုးဆက်ပွားအင်္ဂါဆိုတာတွေ ကိုယ်၌က လူ့ခန္ဓာတစ်ခုလုံးရဲ့ အာရုံခံစားမှု အစူးရှဆုံး ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ဖြစ်တဲ့အတွက် တွေ့ထိခံစားမှုပိုင်းမှာ ဝ.ဝ၀ဝ၀၁ ရာခိုင်နှုန်းတောင် မလျော့ဘူးဆိုတာ ရဲရဲကြီး ယုံလိုက်ကြစေချင်ပါတယ်။

ယောက်ျားတွေအနေနဲ့က နောက်ပိုင်းဇာတ်ထုပ် တန်းမကခင် အပျိုးကာလကို အနည်းဆုံး ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်အထိ အချိန်ယူဖို့လည်း လိုပါတယ်။
သက်သောင့်သက်သာဖြစ်စေအောင် တံတွေးကိုဖြစ်စေ၊ တခြား ချောဆီတွေကိုဖြစ်စေ သုံးမယ်ဆိုလည်း သုံးနိုင်တာမှန်ပေမယ့် ဗှက်ဆလင် အဆီပျစ် အလှဆီလို ရေနံကတစ်ဆင့် ဖော်ထုတ်ထားတဲ့ ချောဆီများကို လုံးလုံး မသုံးအပ်ပါဘူး။ ယောနိမှာ ယားယံမှုတွေ ဖြစ်စေနိုင်တဲ့အတွက်ပါ။ ရေကို အခြေခံပြီး ဖော်ထုတ်ထားတဲ့ ချောဆီများကသာ အဆင်အပြေဆုံးဖြစ်ပါတယ်။

သာသနာပြုပုံစံလို့ ခေါ်ကြတဲ့ အမျိုးသားဦးဆောင်မှု ပုံစံက ပထမဆုံးအကြိမ်အတွက် အသင့်တော်ဆုံးပါပဲ။ ညင်ညင်သာသာ ရှိဖို့ကတော့ ပထမဆုံးအကြိမ်မှာ အထူး သတိထားရပါမယ်။ ပိုင်ပိုင်နိုင်နိုင်တော့လည်း ရှိစေ၊ ညင်လည်း ညင်သာစေပေါ့ခင်ဗျာ။ လိုအပ်မယ်ဆိုရင်တော့ အမျိုးသမီးဘက်က လမ်းညွှန် တည့်မတ်ပေးတာများကို လုပ်ဆောင်ရင်းနဲ့ ပံ့ပိုးပေးနိုင်ပါတယ်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U