
ဒီဇင်ဘာ ၄ ရက်က ချန်ရှာဆေးရုံ၌ ရိုက်ကူးခဲ့သောပုံတွင် ရှောင်ဝေ၏ လက်ပြတ်ကို ခြေထောက်၌ တပ်ဆင်ထားသည်ကို တွေ့မြင်ရစဉ်
တရုတ်နိုင်ငံမှ
ဆရာဝန်များသည် လူတစ်ယောက်၏ ပြတ်သွားသောလက်ကို တစ်လကြာ ရှင်သန်နေအောင်
ထိန်းထားရန်အတွက် ခြေထောက်တွင် တပ်ဆင်ထားခဲ့ကြောင်း ဒီဇင်ဘာ ၁၇ ရက်တွင်
သတင်းတစ်ပုဒ်က ဖော်ပြသည်။
ရှောင်ဝေဟုသာ အမည်လွှဲဖြင့် ဖော်ပြသော
အသက် ၂၅ နှစ်အရွယ်ရှိ လူတစ်ဦးသည် တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ်
ချန်တီမြို့တွင် လွှစက်ကို အသုံးပြုစဉ် ညာဘက်လက်ကို မတော်တဆ ဖြတ်မိခဲ့သည်။
လက်ပြတ်သွားသည့် နေရာတွင် ဒဏ်ရာသည် ကြီးမားလွန်းသောကြောင့်
လက်ကိုမူလနေရာတွင် ချက်ချင်းပြန်ဆက်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့်
ဟူနန်ပြည်နယ်မြို့တော် ချန်ရှာမှ ခွဲစိတ်ဆရာဝန်များသည် ပြတ်နေသည့်လက်ကို
ခြေထောက်ရှိ ဖနောင့်အထက်နားတွင် တပ်ဆင်ပေးကာ အနာကျက်အောင် ပြုလုပ်ခဲ့သည်။
ပြတ်သွားသော
ခြေလက်များသည် အခြေအနေရပ်များပေါ်တွင် မူတည်လျက် နာရီပေါင်း အတန်ကြာအတွင်း
သွေးထောက်ပံ့မှု ရရှိအောင် ဆောင်ရွက်ပေးနိုင်ပါက ပြန်လည်ရှင်သန်နိုင်သည်။
ယခုလ
အစောပိုင်းတွင် ဆရာဝန်များသည် လက်ကိုခြေထောက်မှ ပြန်ဖြတ်ယူကာ မူလနေရာတွင်
အောင်မြင်စွာ ပြန်လည်တပ်ဆင် ပေးနိုင်ခဲ့ကြောင်း Xiaoxiang Morning Herald က
ဖော်ပြခဲ့သည်။ ယင်းကဲ့သို့ လက်ကိုပြန်လည် တပ်ဆင်မှု ပြုလုပ်ရာတွင် ကိုးနာရီ
ကြာခဲ့သည်ဟု ဆိုသည်။
သို့သော် ရှောင်ဝေအနေဖြင့်
လက်၏လုပ်ငန်းဆောင်တာများကို ပြန်လည်ရရှိအောင် နောက်ထပ်ခွဲစိတ်
ကုသမှုများစွာနှင့် နာလန်ထကုထုံးများ ခံယူရဦးမည်ဟု ဆရာဝန်များက
ပြောကြားခဲ့သည်။
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
5 years ago




2:24 AM
sayarchan.blogspot.com
Posted in:
0 comments:
Post a Comment