အရင်ဆုံးဖိုင်ကိုဒေါင်းပြီး ဖုန်းမှာ သွင်းလိုက်ပါ။
ပထမဆုံး GameHacker ဆော့ဝဲလ်ကို ဖွင့်ပြီး Super User access တောင်းရင် Accept လုပ်ထားလိုက်ပါ။
ပြီးရင် back ကိုနှိပ်ပြီးပြန်ထွက်ပါ။ ဖုန်းမျက်နှာပြင်ရဲ့ ဘယ်ဘက် အပေါ်နားမှာ ဂွပုံလေး ပေါ်နေပါလိမ့်မယ်။
ဒါဆိုသုံးလို့ရပါပြီ။ ဘယ်လိုသုံးမလဲဆိုတော့ ----
၁။ ကိုယ်ဟက်မယ့် ဂိမ်းကိုဖွင့်ပါ။ ဂိမ်းမှာ ပိုက်ဆံ(အကြွေစေ့)မရှိသေးဘူးဆိုရင် နည်းနည်းလောက်ရအောင် ဆော့လိုက်ပါဦး။ ပိုက်ဆံ(အကြွေစေ့) နည်းနည်းရပြီဆိုရင် အောက်ကပုံထဲကလို အပေါ်က ဂွပုံလေးကိုနှိပ်လိုက်ပါ။
ပြီးရင် ဂိမ်းဆီကိုပြန်သွားပြီး ပိုက်ဆံ/ရွှေ နည်းနည်းထပ်ရအောင်ဆော့လိုက်ပါဦး... :)
ပြီးသွားရင် စုစုပေါင်းရတဲ့ပိုက်ဆံကို မှတ်ထားပြီး ခုဏ ဂွပုံလေးကို ပြန်နှိပ်ပါ။
ပြီးသွားရင် နောက်ကအကွက်လေးမှာ မှတ်ထားတဲ့ရွှေ/ပိုက်ဆံတန်ဘိုးကိုထဲ့ပေးပါ။
Search ကိုနှိပ်ပါ။ သူရှာလို့တွေ့ရင် ပုံထဲကလို result ထွက်လာမယ်...
ရပြီဆိုရင် Modify ဆိုတဲ့အကွက်မှာ ကိုယ်လိုချင်တဲ့/ဟက်ချင်တဲ့ ရွှေပမာဏကို ထဲ့ပေးပါ။
ကျွန်တော်ကတော့ ၁၀၀၀၀၀ ထဲ့ပြထားပါတယ်... ပြီးရင် Modify ကိုနှိပ်ပေးပါ။
သူ့ဟာသူ ပြင်ပြီး ပျောက်သွားပါလိမ့်မယ်... Game ကိုပြန်သွားပြီး ထပ်ဆော့လိုက်ပါ။ သင့်ရဲ့ရွှေတွေ ၁၀၀၀၀၀ ထိ(ကိုယ်ပြင်ထားသလောက်) တိုးနေတာကိုတွေ့ရပါလိမ့်မယ်... ဆော့နေရင်းနဲ့ ထပ်ခိုးချင်ရင်လည်း အပေါ်အဆင့်တွေထပ်လုပ်စရာမလိုဘဲ Modify လေးပဲ နှိပ်ပေးလိုက်ယုံနဲ့ ခိုးပေးသွားပါလိမ့်မယ်... :D အဆင်ပြေနိုင်ကြပါစေဗျာ... ဒီပို့စ်ကိုတင်တာ ၅ ရက်လောက်ကြာသွားတယ်... အားတဲ့အချိန် နဲနဲဝင်ရေးလိုက် save လုပ်ထားလိုက်နဲ့ အခုမှပဲပြီးတော့တယ်.... ဘော်ဒါတွေ ရွှေတွေအများကြီးနဲ့ ပျော်ရွှင်နိုင်ပါစေဗျာ...
Download : DropBox Mirror Creator
0 comments:
Post a Comment