
စွမ်းအင်
ခြွေတာဖို့လား။ ဟုတ်ပါပြီ၊ ဒါလည်းဒါပေါ့။ ဒါပေမဲ့
စွမ်းအင်ခြွေတာဖို့ဆိုတဲ့ ကိစ္စကို မစမ်းသပ်ရတာ နှစ်ပေါင်း တော်တော်ကြီးကို
ကြာသွားပြီ။ ခုတော့ ပုံစံကျကျလေ့လာမှုတွေရဲ့ ရလဒ်တွေအရ ကျွန်တော်တို့
ထင်ထားခဲ့တဲ့အရာတွေကို အတည်ပြုနိုင်ခဲ့ပါတယ်။ ခေါင်းခြောက်စရာ
မေးခွန်းတချို့တော့ ရှိတာပေါ့လေ။
ဗြိတိန်၊ Royal Veterinary
ကောလိပ်သုတေသီများဖြစ်တဲ့ Steven Portugal နဲ့ အဖွဲ့ဟာ ibisငှက်တွေမှာ
အာရုံခံကိရိယာတွေတပ်ပေးပြီး၊ လေယာဉ်ငယ်လေးရဲ့ အကူအညီနဲ့
ပြောင်းရွှေ့ကျက်စားနိုင်အောင် သင်ပေးပြီး လေ့လာမှုတွေ လုပ်ခဲ့ကြပါတယ်။
ငှက်တွေ
အုပ်စုဖွဲ့ပျံသန်းကြရာမှာ Vပုံစံ နေရာယူရုံနဲ့ မပြီးသေးဘဲ မှန်ကန်တဲ့
နရည်နဲ့ အတောင်ပံခက်ဖို့လည်း လိုပါတယ်။ ရှေ့ကတစ်ကောင် တောင်ပံခက်လိုက်ရင်
စွတ်ကြောင်းက တောင်ပံတွေထိပ်ကနေတဆင့် ထက်အောက် ရောက်ရှိသွားပါတယ်။ ဒါကို
နောက်ကငှက်က အာရုံခံနိုင်စွမ်းရှိပြီး ပင့်တင်မှုကင်းတဲ့
ရွေ့လျားဇုန်အတွင်းကနေ အဲ့ဒီ့အတိုင်းတောင်ပံခတ်ပြီး လိုက်ပျံသန်းပါတယ်။
“ရှေ့ကငှက်ရဲ့ ပျံသန်းမှုကို နောက်ကငှက်ဟာ လေထဲကတဆင့် ခြေရာခံတာပေါ့။” လို့
Portugalကရှင်းပြပါတယ်။
ရှေ့ကငှက်တစ်ကောင်ရဲ့ ဘယ်ဘက်အတောင်ပံထိပ်ရဲ့
အတောင်ပံခတ်ပျံသန်းမှုနဲ့ နောက်ကငှက်တစ်ကောင်ရဲ့ ညာဘက်အတောင်ပံထိပ်
အတောင်ပံခတ်ပျံသန်းမှုဟာ တစ်သားတည်းကျနေတယ်။ ကျွန်တော်တို့ ကလေးဘ၀တုန်းက
နှင်းတွေထဲမှာ တစ်ယောက်ရဲ့ခြေရာနောက်က နောက်တစ်ယောက်
တစ်ထပ်တည်းလိုက်သလိုပေါ့။
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
5 years ago




12:23 AM
sayarchan.blogspot.com
Posted in:
0 comments:
Post a Comment