၁၂.၂.၂၀၁၄
ရက်နေ့ ၂၁၃၀ အချိန် ကွမ်းခြံကုန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည်
ကွန်းခြံကုန်းမြို့နယ်၊ ဒရယ်လူးကျေးရွာတွင် အစ်မဖြစ်သူမှ မောင်ဖြစ်သူအား
ဓါးဖြင့်ထိုး၍ သေဆုံးမှုဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ပါသည်။
ဖြစ်စဉ်မှာ
ယင်းနေ့ ၂၁၀၀ အချိန်ခန့်က မိခင်ဖြစ်သူဒေါ်ထွေးကြည်နှင့်
သမီးဖြစ်သူမတင်မာညိုတို့ (၂)ဦးမှာ စကားများရန်ဖြစ်ကြကြောင်း၊ ထိုစဉ်
မောင်ဖြစ်သူ ကိုမျိုးမင်းထွန်းက မိခင်နှင့်ရန်ဖြစ်နေသည့်
အစ်မဖြစ်သူမတင်မာညိုကို ၀င်ရောက်လုံးထွေးသတ်ပုတ်ခဲ့ကြောင်း၊ ထိုသို့
သတ်ပုတ်ခဲ့၍ အစ်မဖြစ်သူ မတင်မာညိုက အနီးရှိထရံ၌ ထိုးထားသော
အရိုးအသွား(၁၀)လက်မခန့်ရှိ ဓါးမြှောင်ဖြင့် မောင်ဖြစ်သူ
ကိုမျိုးမင်းထွန်းကို ထိုးခဲ့သဖြင့် ကိုမျိုးမင်းထွန်းတွင် ၀ဲရင်အုံအောက်၌
ထိုးသွင်းဒဏ်ရာ(၁)ချက်ရရှိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိခဲ့ရ ပါသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍
သေဆုံးသူကိုမျိုးမင်းထွန်း၏ဇနီး မသီတာလွင်မှ အရေးယူပေးပါရန်
တိုင်တန်းခဲ့သဖြင့် ကွမ်းခြံကုန်းမြို့မရဲစခန်း (ပ)၂၉/၂၀၁၄၊ ပုဒ်မ ၃၀၂
ဖြင့်အမှုဖွင့်ကာ မတင်မာညိုအား ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း
သတင်းရရှိပါသည်။
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
5 years ago
0 comments:
Post a Comment