မန္တလေး ကုသိုလ်တော်ဘုရားမှာ ဒီမနက် ကျင်းပမယ့် ဧရာဝတီစာပေပွဲတော်ကို နေရာပြောင်းလိုက်ပါပြီ။
Mandalay Hill Resort ဟိုတယ်ကို ပြောင်းလိုက်တာလို့ သတင်းထောက် တေဇလှိုင်က အခုလေးတင် ဖုန်းဆက် ပြောပြပါတယ်။
-
ဒီမနက်မှ ကမန်းကတန်း ဘာကြောင့်ပြောင်းလိုက်ရတာလဲ။
ခွင့်ပြုချက်ပေးတဲ့ အာဏာပိုင်တွေ ရှိသလို ခွင့်မပြုတဲ့သူလည်း ရှိနေလို့ပါ တဲ့။
ပွဲကတော့ မပျက်ပါဘူး။ နေရာပြောင်းရုံလေးပါပဲ။
ဒီပွဲကို ပြည်တွင်းပြည်ပ ကလောင်ရှင် အများအပြား တက်ရောက်ကြမှာပါ။
ဧရာဝတီစာပေပွဲတော် (Irrawaddy Literary Festival) ကျင်းပရေး ကော်မတီက ထုတ်ပြန်ခဲ့ချက်အရဆိုရင် မနက်ဖြန်
မနက် ၁၁ နာရီမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်တဲ့ အစီအစဉ် တခု ရှိနေပါတယ်။
အချိန် တနာရီ ကြာမယ့် အဲဒီအစီအစဉ်ရဲ့ ခေါင်းစဉ်က "In Conversation" ဖြစ်ပါတယ်။
အချိန်စာရင်းအရ ဆိုရင်တော့ တနာရီကြာမယ့် စကားဝိုင်းလေးတွေကို ငါးနေရာ ခွဲပြီး လုပ်ကြတဲ့ ပွဲတော်ပါ။
ဒါကြောင့် ပရိသတ်က ကိုယ်ပါဝင်ဆွေးနွေးလိုတဲ့ နားထောင်လိုတဲ့ နေရာကို ရွေးချယ်ပြီး ပါဝင်နိုင်ပါလိမ့်မယ်။
တနေကုန် စကားဝိုင်းတွေနဲ့ ပြည့်နေပါတယ်။
ကိုယ်နှစ်သက်တဲ့ စကားဝိုင်းတွေက တပြိုင်နက် ကျင်းပရင်တော့ ရွေးချယ်ရ ခက်ပါလိမ့်မယ်။
ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဆွေးနွေးမယ့် စကားဝိုင်း ကျင်းပချိန်မှာတော့ တခြားအစီအစဉ်တွေကို ရပ်နားထားပါတယ်။
ပြီးရင်တော့ ထုံးစံအတိုင်း စကားဝိုင်း ငါးခုစီ ငါးခုစီကို တပြိုင်နက် ကြုံရပါမယ်။ စကားဝိုင်းတွေအပြင် ဆွေးနွေးပွဲတွေလည်း ပါပါတယ်။
မြန်မာပြည်ဖွား စာရေးဆရာမ ၀င်ဒီလောရုံလည်း ဒီပွဲ တက်မယ် ဆုတဲ့အကြောင်း ဧရာဝတီသတင်းတပုဒ် http://www.irrawaddy.org/burma/burma-born-english-novelist-attend-second-irrawaddy-literary-festival.html မှာ ဖော်ပြခဲ့ပြီးပါပြီ၊ သူက နေရှင်းသတင်းစာ တည်ထောင်ခဲ့တဲ့ ဦးလောရုံရဲ့သမီးဖြစ်ပါတယ်။
ဒီပွဲကို မြို့ခံစာပေသမားတချို့က သပိတ်မှောက်ထားပါတယ်။
သို့သော်လည်း Mandalay Hill Resort ဟိုတယ်မှာ ဒီပွဲကို အဆင်ပြေပြေနဲ့ ဆက်လက် ကျင်းပသွားနိုင်မယ်လို့ ယူဆရပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီအချိန်လောက်မှာပဲ ရန်ကုန်မှာ ဧရာဝတီစာပေပွဲတော် ပြုလုပ်ခဲ့ပါသေးတယ်။
အထက်ဖော်ပြပါပုံကတော့ အဲဒီပွဲတော်ရောက် ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပါတယ်။




8:49 PM
sayarchan.blogspot.com

Posted in:
0 comments:
Post a Comment