ကျွန်တော်ဒီအကြောင်းလေးကို ဆိုက်ပေါ်မှာရေးဖို့ စိတ်ကူးမရှိပါဘူး..ကျွန်တော်တီေ
ကျွန်တော်တို့ ရတနာပုံမန္တလေး ရွှေမြို့တော်ကြီးကို မြို့ ၊ ကျုံး ၊စေတီ သိင်္ဂီလျှံမောင်း သိမ် ၊ ကျောင်း ၊ သုဓမ္မာ ရွှေစာ ပိဋကတ်ဟူပြီး(၇)ဌာနကိုတစ်ပြိုင်
(၁) မြန်နန်းစံကျော် ရွှေနန်းတော်
မြန်နန်းစံကျော် ရွှေနန်းတော် သည် မန္တလေး၏(၇)ဌာန တွင်တစ်ဌာနအပါဝင်ဖြစ်သည်။
မင်းတုန်းမင်းကြီး တည်ထား ခဲ့သော နန်းတော်ဖြစ်သည်။ အမရပူရ နေပြည်တော်မှ
မန္တလေး ရတနာပုံနေပြည်တော် သို့ပြောင်း ရွှေ့စံမြန်းတော်မူခဲ့သော
ပထမဆုံးနန်တော်ကြီးဖြစ်ပါတယ်...
(၂)ပိဋကတ်တိုက်
ပိဋကတ်တိုက် တော်သည် မန္တလေးတောင်ခြေအနီးတွင် တည်ရှိပါတယ်...။မြတ်စွာဘုရား ဟောကြားတော်
မူသောတရားဒေသနာတော်များကို ပေထက်အက္ခရာတင်ညပီး ထိန်းသိမ်းထားသော
စာတိုကကြီးတစ်ခုဖြစ်တယ်... ။သို့သော် ဒုတိယကမ္ဘာစစ် အတွင်း ဗုံးဒဏ်ကြောင့်
မီးလောင်ပျက်စီး ခဲ့ပါတယ်.. ။ ။
(၃)ကုသိုလ်တော်
ကုသိုလ်တော် ဘုရားသည် မန္တလေးတောင်၏အရှေ့ဘက်တွင် တည်ရှိသည်....
။မင်းတုန်းမင်း ကြီး၏ ကုသိုလ်တော်ဖြစ်သည်.. ။မြန်မာသက္ကရာဇ်(၁၂၂၄)
တွင်တည်ထားကိုးကွယ် ခဲ့သော ဘုရားဖြစ်ပြီး ဘွဲ့အမည်မှာ"
မဟာလောကမာရဇိန်"ဖြစ်သည်။ တံတိုင်း(၃)ထပ်ရှိသည်။ ၀ိနည်း (၅)ကျမ်းအတွက်
ကျောက်ချပ်ရေ (၁၁၁) ချပ် ၊ အဘိဓမ္မာ(၇)ျကျမ်းအတွက် ကျောက်ချပ်ရေ(၂၀၈)ချပ် ၊ သုတ္တန်ပါဠိတော်
အတွက်ကျောက်အချပ်ရေ(၄၁၀) စုစုပေါင်း ဓမ္မစေတီတော် (၇၂၉)ဆူတည်ထားခဲ့ပါတယ်...
။ ။ကမ္ဘာအကြီးဆုံးစာအုပ် ကြီးလို့ တင်စားခေါ်ဝေါ်ကြပါတယ်.... ။ ။
(၄)ကျုံး
ကျုံးမှာ ရှေးဘုရင်များ မြို့တော်အတွင်းသို့ ရန်သူများအလွယ်တကူ
မ၀င်ရောက်နိုင်ရန် မြို့တံတိုင်း၏ အပြင် ဖတ်တွင်ပတ်ဝန်းရံပြီးပြုလုပ်ထား
ကျုံးအမျိုးအစား (၃) ရှိပါတယ်..။ ။ရေကျုံး ၊ညွန်ကျုံး ၊ အခြောက်ကျုံးတို့
ဖြစ်သည်။ မြို့ရိုးတံခါးများ တွင် ထိုကျုံးတို့ကို ကူးဖြတ်ရန် တံတား
ငယ်များထားရှိပြီး ထိုတံခါးပေါက်တွင်စစ်သည်ရဲမတ်အေ
အနက်(၁၁)ပေရှိသည်။ ရေနီမြောင်းခေါ် ရတနာ နဒီချောင်းမှ ရေသွယ်ယူထားသည်.... ။ ။
(၅)သုဓမ္မာ
မန္တလေးတောင်ခြေအနီးတွင် တည်ရှိသည်... ။ (၁၈၅၉) ခုနှစ် မေလ(၂၂)ရက်နေ့
တွင်မင်းတုန်းမင်းကြီး တည် ဆောက်လှူဒါန်းခဲ့ပါတယ်... ။ ။ ယခင်က ပန်းပု
ထွင်းလက်ရာများဖြင့် ရွှေပိန်း ချထားသော ဇရပ်များဖြစ်သည်... ။ ရတနာပုံခေတ်က
ထိုသုဓမ္မာ ဇရပ်တွင် စာပြန်ပွဲများကျင်းပခဲ့ကြသည်...
(၆)အတုမရှိကျောင်း
အတုမရှိကျောင်း တော်ကြီးသည် မင်းတုန်းမင်းလက်ထက် တွင် မြန်မာမှု အုတ်အင်္ဂတေ
ပန်းတော့လက်ရာများဖြင့် တည်ဆေညက်ထားသော ကျောင်းတော်ကြီးဖြစ်သည်..
။ကျောင်းတိုင်ပေါင်း
(၂၄၆)တိုင် ရှိပြီး ၄င်းခေတ် ငွေတော်(ငါသိန်း)ကုန်ကျခဲ့သည်..
(၇)သိမ်တော်ကြီး
မန္တလေးမြို့၏ (၇)ဌာန တွင်အပါဝင်ဖြစ်ပြီး မန္တလေးတောင်ခြေ အနီးနှင့်
ကျောက်တော်ကြီး အ၀င်နားတွင်ညတ်ရှိသည်..။ ။သစ်သားအဆောက်အအုံဖြစ်ပြီး
ပန်းတော့လက်မှု အနုပညာဖြင့် မွမ်းမံတည်ဆောက်ထားသည်.... ။ ။
ကျွန်တော်တို့ မန္တလေးမြို့ ကြီး ဟာ အပြောင်းလဲမကြာခဏဖြစ်ပေါ်တက်သောေ
နေ၀န်းနီ(မန္တလေး)
(12.22014) Web
7:06pm
မိမိကွန်ပြုတာမှာ USB ပေါက်တွေကနေလာတဲ့ ဗိုင်းရပ်ကို ကာကွယ်ကြမယ်
-
*USB DISK SECURITY 6.2.0.125 WITH KEYGEN*
*မိမိတို့ကွန်ပြူတာကို နေရာအမျိုးမျိုးကနေ ပြီးတော့ virus
အမျိုးမျိုးဝင်နိုင်ပါတယ်*
*အခုပေးချင်တာလေးကတော့ မိ...
9 years ago
0 comments:
Post a Comment