
ရန်ကုန်မြို့မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ကာလနဲ့ ဧရိယာကို
လျှော့ချဖို့ JICA နဲ့ မြန်မာတို့ ပူးပေါင်းပြီး
ပိုင်းလော့စီမံကိန်းတစ်ခုကို စတင်လိုက်ပြီလို့ ဖေဖော်ဝါရီ ၁၁ရက်နေ့မှာ
ကြေညာလိုက်ပါတယ်။
Time Sequential Auto Sectionalizing System
လို့နာမည်ပေးထားတဲ့ ဒီပိုင်းလော့ပရောဂျက်ဟာ တစ်နှစ် ကြာမြင့်မှာဖြစ်ပြီး
ဂျပန်နိုင်ငံက လှူဒါန်းတဲ့ Auto Switch စက် ၄စုံထဲက မီးပြတ်တောက်မှုများတဲ့
သာကေတ ဓာတ်အားပေးလိုင်းမှာ ၃စုံတပ်ဆင်မှာဖြစ်ပြီး စက်တစ်လုံးဟာ ယန်းငွေ
၅သန်းတန်ဖိုးရှိတယ်လို့ ဆိုပါတယ်။
လက်ရှိအသုံးပြုနေတဲ့
ဓာတ်အားပေးစနစ်ဟာ ဟောင်းနွမ်းနေပြီး ပြဿနာတစ်ခုခုပေါ်ရင်
ဓာတ်အားလိုင်းတစ်ခုလုံးကို စစ်ဆေးရတာကြောင့် လိုင်းတစ်ခုလုံးကို ပိတ်ပြီး
ပြုပြင်တဲ့အခါ အချိန်ကုန်တာမို့ အခုစက်တွေဟာ ဖြစ်ပွားတဲ့နေရာကို
ချက်ချင်းသိနိုင်သလို ပြဿနာမပေါ်တဲ့ အခြားနေရာတွေကို လျှပ်စစ်မီး
ဆက်ပေးနိုင်မယ်လို့ ဆိုပါတယ်။
ဂျပန်ပညာရှင်တွေရဲ့ သင်ကြားပြသမှုနဲ့
ဒေါပုံ-ဒဂုံဆိပ်ကမ်း-သာကေတ သုံးနေရာကို ဆက်သွယ်ထားတဲ့ 33 KV လိုင်းပေါ်က
သာကေတ MOGE မှာ ၃လုံးတပ်ဆင်ခဲ့ပြီး နောက်တစ်လုံးကို မင်္ဂလာဒုံလိုင်းမှာ
တပ်ဆင်ဖို့ရှိတယ်လို့ ဆိုပါတယ်။
ဂျပန်နိုင်ငံက ကူညီမှုသာမရှိရင်
အစိုးရဘက်ဂျက်နဲ့ တပ်ဆင်ရမှာမို့ ငွေကြေးမလုံတဲ့အကြောင်း၊ ဂျပန်နိုင်ငံ
ချေးငွေနဲ့ ဆက်လုပ်ဖြစ်မှာဖြစ်တယ်လို့ ဆိုပါတယ်။
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
6 years ago




1:47 AM
sayarchan.blogspot.com
Posted in:
0 comments:
Post a Comment