
ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်တွင် မှုးယစ်သောက်စားပြီး ဆဲဆို
ရမ်းကားနေသည့် သားဖြစ်သူအား ဖခင်ဖြစ် သူက ဓားမြှောင်နဲ့ ထိုး၍
သေဆုံးခဲ့ရကြောင်း မြို့မရဲစခန်းမှတာဝန်ရှိသူက ပြောကြားသည်။
ရဲစခန်းအရှေ့ဘက်(၇)မိုင်ခန့်အကွာ အောက်ကိုင်းအုပ်စု၊ ချင်းစုကျေးရွာနေ
ဦးမြင့်ရွှေ(၆၃)နှစ် (ဘ)ဦးသူငယ်အား သားအရင်းဖြစ်သူ ထွန်းထွန်းနိုင် က
ဖေဖော်ဝါရီလ(၈)ရက်နေ့ ၁၅း၁၅အချိန်ခန့်က ရမ်းကားဆဲဆိုခဲ့သဖြင့်
မခံရပ်နိုင်သည့် အဆုံးတွင် ဖခင်ဖြစ်သူက အရိုးအသွားတစ်ဆက်တည်း ရှိသည့်
သံဓားမြောင့်ထိုးခဲ့ရာ သားဖြစ်သူ၏ရင်ဘတ်နှင့် ဝမ်းဗိုက်တို့တွင်
ဒဏ်ရာရခဲ့ပြီး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။
သားဖြစ်သူသေဆုံးသဖြင့် မိခင်ဖြစ်သူ ဒေါ်ရင်မေက အုတ်ဖိုမြို့မရဲစခန်းသို့
တိုင်ကြားခဲ့ရာ ရဲစခန်းမှ(ပ)၃၄/၂၀၁၄ ပုဒ်မ ၃၀၂ အရ အမှုရေးဖွ
င့်ဆောင်ရွက်ပြီး စခန်းမှူး ဒုရဲမှူးသန်းဦးနှင့် တပ်ဖွဲ့ဝင်များက အခင်းဖြစ်
နေရာသို့
သွားရောက်ကာ ဓားနှင့်ထိုးသတ်ခဲ့သူ ဦးမြင့်ရွှေအား ဖမ်းဆီးခြင်း၊
သက်သေခံပစ္စည်းများ သိမ်းဆည်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း တပ်ကြပ်ကြီး
စာရေးဦးမြင့်ဆွေက ပြောကြားသည်။
သားဖြစ်သူမှာ အမြဲလို မှုးယစ်သောက်စားကာ
နေအိမ်တွင် ရမ်းကား ဆဲဆိုခြင်းများ ပြုလုပ်လေ့ရှိကြောင်း မခံရပ်
နိုင်သည့်အဆုံး ယခုလို ဓားနှင့် ထိုးသတ်မှုဖြစ်ခဲ့ရသည်ဟု သိရှိရသည်။
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
6 years ago




1:58 AM
sayarchan.blogspot.com
Posted in:
0 comments:
Post a Comment