(
ဒီမိုကရေစီ မရသေးပေမယ့် ဖုန်းတွေတော့ တော်တော် ရကုန်ကြပါပြီ။ဒါပေမယ့်
တချို့က မြောက် အုန်းသီးရသလိုပါပဲ။ မသုံးတတ်ပါဘူး။ဒီတော့ဖုန်းဆက်တဲ့ အခါ
တိုင်းတိုင်းပြည်ကအသိတရားလူစဉ်မမီသေးတာကိုထုတ်ထုတ်ကြွားနေကြတဲ့သူတွေ
ဒုနဲ့ဒေး ဖြစ်နေ တာတွေ့ရပါတယ်။ပြင်များပြင်ကြမလားလို့သတိလေးပေးကြည့်တာပါ
ဗျာ။ )
နိုင်ငံတကာနဲ့ယှဉ်ရင် ဆက်သွယ်ရေးမှာ
အများကြီးနောက်ကျနေခဲ့တဲ့ကျွန်တော်တို့ တိုင်းပြည်မှာ အခု
ဆိုရင်အတိုင်းအတာတစ်ခုအထိဆက်သွယ်ရေးဆိုင်ရာတိုးတက်ဖြစ်ထွန်းမှုတွေ
မြင်နေတွေ့ နေရပြီဖြစ်လို့ ဝမ်းသာကြည်နူးစရာတော်တော်လေးကောင်းပါတယ်။
နောက်ထပ်တိုးတက်မှုများကိုလည်းမကြာခင် မြင်တွေ့ ကြရတော့မှာလည်းဖြစ်ပါတယ်။
မကြာမီလ အနည်းငယ်အတွင်းမှာ လူတိုင်းနီးပါး မိုဘိုင်းတယ်လီဖုန်းနဲ့
မိုဘိုင်းအင်တာနက် အပြင်wifi အင်တာနက်သုံးစွဲခွင့်ကိုပါ
ရရှိပိုင်ဆိုင်နိုင်ကြတော့မှာ သေချာနေပါပြီ။
အများကြီးခေတ်နောက်ကျကျန်နေခဲ့ရတဲ့ကျနော်တို့လူ့အဖွဲ့အစည်းဟာနိုင်ငံရေးပြုပြင်ပြောင်းလဲမှုများပြု
လုပ်နိုင်ခဲ့ပြီးနောက်ပိုင်းမှာဆက်သွယ်ရေးဆိုင်ရာတိုးတက်မှုများကိုလည်းအရှိန်အဟုန်နဲ့တည်ဆောက်
ပြောင်း
လဲနိုင်ခဲ့တယ်ဆိုတာမငြင်းနိုင်ပါဘူး။လူထုတစ်ရပ်လုံးလူစဉ်မီကြစေလိုတဲ့
စေတနာအား ကောင်းကြသူများရဲ့ ဝိုင်းဝန်းအားထုတ်ကြိုးပမ်းမှုများ၊
နိုင်ငံတော်သမ္မတရဲ့ စေတနာနဲ့လွှတ်တော်များကဆုံးဖြတ်ဆောင်ရွက်ပေးနိုင်မှု
တို့ပေါင်းဆုံတဲ့အခါလူထုဟာအကြီးအကျယ်အမြတ်ထွက်ခဲ့ရတယ်လို့
ပြောရင်လည်းမမှားနိုင်ဘူးလို့ထင် ပါတယ်။
ကောင်းမွန်တဲ့ဆက်သွယ်ရေးစနစ်ကိုတည်ဆောက်နိုင်ရင် နိုင်ငံတော်ရဲ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကိုအရှိန်အဟုန်မြှင့်
ပေးနိုင်ရုံမကပါဘူး။
လူထုရဲ့ လူမှုအဆင့်အတန်းဟာလည်းသိသိသာသာ မြင့်မားတိုးတက်လာဖို့ရှိပါတယ်။
၂၀၁၄ခုနှစ်အတွင်းမှာပဲတယ်လီဖုန်းနဲ့အင်တာနက်သုံးစွဲနိုင်မှုပမာဏဟာလက်ရှိအနေအထားနဲ့နှိုင်းယှဉ်ရင်
များစွာတိုး တက်ကောင်းမွန်လာတော့မယ်ဆိုတာကိုလည်းအလွယ်တကူ
ခန့်မှန်းလို့ရနေပြီဖြစ်ပါတယ်။
တစ်ဖက်မှာတိုးတက်မှုတွေရှိနေသလိုအခြားတစ်ဖက်မှာလည်းအဲဒီတိုးတက်မှုတွေနဲ့လိုက်လျောညီထွေ
လိုက်ပါပြောင်းလဲတိုးတက်မှုမရှိနိုင်သေးတဲ့လူထုရဲ့လူမှုအသိပညာချို့တဲ့ခြင်းဆိုင်ရာ
ပြသနာများကိုလည်း
ရင်ဆိုင်ကြုံတွေ့နေကြရပါပြီ။တိုးတက်တဲ့ရင့်ကျက်တဲ့လူ့ဘောင်အဖွဲ့အစည်းအတွင်းမှာအသိတရား
ရှိစွာ
နဲ့လိုက်လျောညီထွေပြုမူကျင့်ကြံနေထိုင်နိုင်မှုဟာကျွန်တော်တို့လူ့ဘောင်မှာလုံးဝမရှိသေးသလောက်ဖြစ်နေသေး
တယ်လို့
တောင်ပြောရမလားမသိပါဘူး။မိုဘိုင်းဖုန်းတွေသုံးခွင့်ရလာခြင်းကဝမ်းသာစရာဖြစ်ပေမယ့်အဲဒီမိုဘိုင်း
ဖုန်းတွေကြောင့်ပဲ လူ့အအဖွဲ့အစည်းကို ကြီးစွာသော
ထိခိုက်မှုနှောက်ယှက်မှုတွေ ဖြစ်ပေါ်နေတာကိုစိတ်မ ချမ်းမြေ့ဖွယ်မြင်တွေ့ နေကြ
ရပါတယ်။
ဘတ်စ်ဒရိုင်ဘာ
တွေကကားမောင်းရင်ဖုန်းပြောကြလေ့ရှိပါတယ်။သူတို့အတွက်ထုတ်ပြန်ထားတဲ့စည်းမျဉ်း
စည်းကမ်းတွေဘယ်လောက်ကောင်းတယ်မကောင်းတယ်တော့မသိရပေမယ့်ဘယ်စည်းမျဉ်းစည်းကမ်းကို
မှတိတိကျကျလိုက်နာခြင်းမရှိတဲ့ဘတ်စ်ဒရိုင်ဘာတွေကအများကြီးဖြစ်နေပါတယ်။
ခရီးသည် ရာဂဏန်း နီးပါးလောက်ကိုစည်းကမ်းချိုးဖောက်ပြီး
တင်ဆောင်ထားတဲ့ကားကို တာဝန်ယူ မောင်းနှင်ရတဲ့ ပုဂ္ဂိုလ်များ ဟာ
မိုဘိုင်းဖုန်းလေးတွေပြောရင်း မောင်းနှင်နေကြတာ မကြာခနမြင်ရတွေ့ ရပါတယ်။
ဂိတ်ရင်းလို့ခေါ် တဲ့သူတို့ရဲ့ သက်ဆိုင်ရာ ကားဂိတ်ပေါက်နားကိုရောက်တာနဲ့
တစ်ဖက်ကို ' ခနလေးဂိတ်ရှေ့ရောက်နေ လို့ ပြန်ခေါ်လိုက်မယ် 'လို့ ပြောပြီး
ဖုန်းကိုခနချပါတယ်။ ( ကားမောင်း ရင်း ဖုန်းမပြောရဘူးဆိုတာ သူတို့
သိသိကြီးနဲ့ချိုးဖောက်နေကြတာသေချာပါတယ်။ )
အဲဒီဂိတ်ကို
ကျော်တာနဲ့ ဖုန်းပြန်ခေါ်ပါတယ်။ နောက်ကစီးလာတဲ့ခရီးသည်တွေကရင်တမမ
နဲ့စိုးရွံ့နေကြ တာ၊ ဒရိုင်ဘာ ဖုန်းပြောနေတဲ့ကိစ္စကိုကြောက်လန့်တကြားနဲ့
ပြောဆိုနေကြတာကို သိရက်နဲ့ လုံးဝဂရုမ စိုက်ကြတာတွေ့ရပါတယ်။ မနေနိုင်လို့
ဖုန်းမပြောဖို့ လှမ်းသတိပေးတဲ့ခရီး သည်တွေကလည်းအဟိန်း
အဟောက်ခံရပါတယ်။များသောအားဖြင့်လူငယ်ဒရိုင်ဘာတွေဖြစ်နေတတ်
ပြီးသက်ဆိုင်ရာတာဝန်ရှိသူများ
ကဆင်ခြင်တုံတရားဘယ်လောက်ရှိသလဲမစစ်ဆေးဘဲရိုင်းစိုင်းတဲ့သူ
တွေကိုဘာကြောင့်ခရီးသည်အမြောက်
အများတင်ပြီးကားမောင်းဖို့ခွင့်ပြကြသလဲဆိုတာလည်းစဉ်းစားလို့မရပါ။အဲသလိုဖုန်းပြောရင်းကားမောင်းလို့
ခရီးသည်တင်ဘတ်စ်ကားတွေလမ်းဘေးဓါတ်တိုင်ကိုဝင်တိုက်ပြီးဒါဏ်ရာရတဲ့သူတွေရကုန်ကြတာလည်း
ကျွန်တော်ကိုယ်တိုင်ကြုံဖူးပေါင်းများလှပါပြီ။ယာဉ်တိုက်မှုများလည်းမကြာခနဖြစ်နေတာဖြစ်ပါတယ်။
ကိုယ်ပိုင်ကားမောင်းသူတွေကတော့အများကြီးပိုဆိုးပါတယ်။တယ်လီဖုန်းပြောရင်းကားမောင်းလို့ကားကအ
ရမ်းနှေးသွားတာအရမ်းမြန်သွားတာမီးပွိုင့်မှာမရပ်မိဘဲမီးနီကိုဖြတ်မိမလိုဖြစ်တာကို
နောက်ကျပြီးမှသတိထား မိလို့ရှေ့ကားရပ်နေတဲ့ကား ကိုဝင်တိုက်တာ ကားတွေ
လေးငါးစီး ဆင့်ကဲ တိုက်တဲ့ယာဉ်တိုက်မှုတွေဖြစ်
တာရေတောင်မရေတွက်နိုင်တော့ဘူးထင်ပါတယ်။စည်းကမ်းမလိုက်နာတဲ့လူတွေကိုနားမလည်နိုင်သလို
အဲဒီစည်းကမ်းတွေလိုက်နာလာအောင်ထိထိရောက်ရောက်ဆောင် ရွက်
ခြင်းမရှိကြသေးတာကိုလည်းနားမ လည်နိုင်တော့ပါဘူး။
တက္ကစီမောင်းတဲ့ပုဂ္ဂိုလ်များကတော့အဲဒီထက်တောင်အများကြီးပိုဆိုးပါတယ်။ကားမောင်းရင်းဖုန်း
ပြောသူ
အများစုကတက္ကစီမောင်းတဲ့ပုဂ္ဂိုလ်များလို့ထင်ပါတယ်။ခရီးသည်ကိုလှည့်တောင်မကြည့်အားကြပါ။အရေး
တကြီးကိစ္စမို့
မဖြစ်မနေဖုန်းပြောရတယ်ဆိုရင်တောင်မှလမ်းဘေးမှာခနရပ်ပြီးပြောရင်လက်ခံလို့ရ
ပါသေး တယ်။ တစ်ခါတလေ မှာ တက္ကစီဒရိုင်ဘာကို
သူ့ဇနီးဖြစ်သူကဖုန်းလှမ်းဆက်ပြီးစကားအကြာကြီးပြောနေ
တာမျိုးတောင်ကြုံဖူးပါတယ်။ ကားမောင်းနေတယ်လို့ ယောက်ျားဖြစ်သူက
သတိပေးတာကိုတောင် အိမ်က မိန်းမတွေ ပိုက်ဆံရှာဖွေပေးနေတဲ့ အိမ်ဦးနတ်အတွက်
လုံးဝလုံးဝစိုးရိမ်ရကောင်းမှန်းမသိကြတာ အံ့သြ ဖွယ်ကြုံတွေဖူးပါတယ်။
အရေမရအဖတ်မရတွေပြောနေ တာများပါတယ်။ဘယ်ယာဉ်ထိန်းရဲကမှ အရေးယူ တာလည်း
မကြုံဖူးပါ။
တစ်ခါတစ်ရံများဆိုလူစည်ကားတဲ့ကော်ဖီဆိုင်ထဲမှာအေးအေးလူလူအနားယူနေကြတဲ့သူတွေကိုအားမနာဘဲ
ဖုန်းကိုအကျယ်ကြီးအော်ပြောနေကြတာလည်းကြုံဖူးကြမယ်ထင်ပါတယ်။တယ်လီဖုန်းဆက်ရင်လည်းလူမှုကျင့်
ဝတ်ကိုမဖြစ်မနေလိုက်နာဖို့လိုတယ်ဆိုတဲ့အသိတရားလေးတောင်မွေးရကောင်းမှန်းမသိကြပါလားဆိုတဲ့အ
သိနဲ့စိတ်ပျက်လက်ပျက်ဖြစ်မိတာအမှန်ပါ။တယ်လီဖုန်းတွေလူတိုင်းကိုင်နိုင်ဖို့တစ်တပ်တစ်အားပါဝင်ကြိုးပမ်း
ခဲ့မိတဲ့အတွက်ကိုယ့်ကိုယ်ကိုယ်တောင်အပြစ်တင်မိတဲ့အခါမျိုးလည်းပါတယ်။
အားလုံးကဝိုင်းဝန်းစဉ်း စားဖြေရှင်းကြဖို့ အချိန်တန်နေပြီလို့ထင်ပါတယ်။
ကျွန်တော်ကလူထုကြားထဲကကျင့်ဝတ်စည်းကမ်းမလိုက်နာမှုတွေကိုကြည့်ပြီးစိတ်ပျက်လက်ပျက်ဖြစ်နေတုန်း
မှာပဲဟိုတစ်ရက်ကလွှတ်တော်ဆိုင်ရာသတင်းတစ်ပုဒ်ကိုဖတ်လိုက်ရတော့စိတ်ပျက်နေရာက
နေစိတ်ဓါတ်ပါ
ကျမသွားရအောင်ကိုယ့်ဘာသာမနည်းအားတင်းထားရတဲ့အဆင့်ရောက်သွားပါတော့တယ်။
လွှတ်တော် အစည်းအဝေးကျင်းပနေတုန်း အမတ်မင်းတို့ရဲ့ တယ်လီဖုန်းတွေ
ထအသံမြည်လို့လွှတ်တော်ဥက္ကဌဖြစ် သူက
မိုဘိုင်းဖုန်းနဲ့ပတ်သက်လို့သတိပေးရတယ်ဆိုတဲ့သတင်းပါ။သာမန်
အရပ်သူအရပ်သားတွေကကျင့်
ဝတ်တွေမလိုက်နာနိုင်ကြသေးတာကိုအသိပညာရေချိန်နိမ့်ပါးကြသေးလို့ပါ၊
နောက်တော့လိုက်နာရကောင်း
မှန်းသိလာကြပါလိမ့်မယ်ဆိုပြီးစိတ်ကိုဖြေလို့ရပါတယ်။လွှတ်
တော်ကိုယ်စားလှယ်တချို့အနေနဲ့လွှတ်တော် အစည်းအဝေးများကျင်းပနေစဉ်မှာringtone
တွေကိုအသံတိုးတိုး လျှော့ထားသင့်တယ်၊silentmodeပြောင်း
ထားသင့်တယ်၊ဖြစ်နိုင်ရင်ဖုန်းတွေပါပိတ်ထားသင့်တယ်ဆိုတဲ့အသိတရားမရှိကြတာအံ့သြကုန်နိုင်ဖွယ်ဖြစ်ပါ
တယ်ဗျာ။ နိုင်ငံတော်နဲ့ လူထုကိုဦး
ဆောင်ဦးရွက်ပြုနေကြတဲ့ပုဂ္ဂိုလိကြီးများကလူမှုကျင့်ဝတ်ဆိုင်ရာ အသိ
တရားမရှိကြတာကတော့ဘယ်လောက်ဆိုးရွားတယ်ဆိုတာပြောပြစရာစကားလုံးတောင်ရှာမရတာအမှန်ပါ။
အရပ်ထဲက
မဆင်မခြင်ဖုန်းပြောကြတဲ့ လူတွေ ကားဆရာတွေကို
အပြစ်တင်မိတာတောင်ကျွန်တော်မှားပြီ
လားလို့တွေးမိပါတယ်။အသိပညာမြင့်မားသူများလို့သတ်မှတ်ထားတဲ့လူထုကိုဦးဆောင်ဦးရွက်
ပြုနေကြသူ များပင်လျှင်စည်းမဲ့ကမ်းမဲ့ပြုမူနေကြလေတော့
အရပ်ထဲကလူတွေအသိတရားနိမ့်ပါးတာ ကိုခွင့်လွှတ်နား
လည်ပေးလို့ရလာပါတယ်။တဖြည်းဖြည်းနဲ့ကောင်းလာအောင်အမှန်တစ်ကယ်ထိထိ ရောက်ရောက်
ဆောင် ရွက်ကြပါလို့ပဲ တောင်းပန်ရုံရှိပါတော့တယ်။
ဒီပြသနာတွေကို
ထိထိရောက်ရောက်မကိုင်တွယ်ဘဲ
ပစ်ထားမယ်ဆိုရင်၂၀၁၄ခုနှစ်နောက်ပိုင်းမိုဘိုင်းဆက် သွယ်ရေးက အခုထက်
အဆများစွာတိုးတက်လာရင်ဆိုတဲ့အတွေးဝင်မိတော့ တော်တော်ထိတ်လန့် မိပါ
တယ်။ဖုန်းကိုစည်းနဲ့ကမ်းနဲ့မသုံးစွဲတတ်ကြဘူးဆိုရင်လူ့အဖွဲ့အစည်းကိုထ
ိခိုက်ပျက်စီးစေမှုတွေပိုများလာ
ပါတော့မယ်။အနှောက်အယှက်ဖြစ်မှုတွေတိုးပွားလာပါတော့မယ်။ဒီထက်ပိုပြီးအရေးကြီးတာကစည်းကမ်းမရှိ
တဲ့တယ်လီဖုန်းတွေကြောင့်တခြားတပါးသောနိုင်ငံသားတို့ကNational
Identityကိုပါအထင် အမြင်သေး တာကိုပါ ခံကြ ရတော့မှာဖြစ်တဲ့အတွက် သက်ဆိုင်သူ
များအနေနဲ့နိုင်ငံနဲ့လူထုအကျိုးကိုအမှန်တစ်ကယ်
လိုလားပါတယ်ဆိုရင်ဖြင့်အခုကတည်းကထိထိ
ရောက်ရောက်လေးတည့်မတ်ပြင်ဆင်ပေးကြစေလိုပါကြောင်း အနူးအညွတ်တောင်းပန်လိုက်ရ
ပါတယ်။ ။
မိမိကွန်ပြုတာမှာ USB ပေါက်တွေကနေလာတဲ့ ဗိုင်းရပ်ကို ကာကွယ်ကြမယ်
-
*USB DISK SECURITY 6.2.0.125 WITH KEYGEN*
*မိမိတို့ကွန်ပြူတာကို နေရာအမျိုးမျိုးကနေ ပြီးတော့ virus
အမျိုးမျိုးဝင်နိုင်ပါတယ်*
*အခုပေးချင်တာလေးကတော့ မိ...
9 years ago
0 comments:
Post a Comment