Related Posts Plugin for WordPress, Blogger...

Thursday, February 6, 2014

Rose(နှင်းဆီ)

သူငယ်ချင်းတို့ရေ ........
သူငယ်ချင်းတို့ကို နှင်းဆီပန်းအကြောင်းနည်းနည်းပြောကြည့်မယ်
နှင်းဆီပန်းအကြောင်းပြောရမယ်ဆိုရင်တော့လူ့သမိုင်းနဲ့ချီပြီးပြောရမှာပဲ
နှင်းဆီပန်းကိုတော်ဝင်နန်းသုံးရှေးအကျဆုံးပန်းလို့ကမ္ဘာသမိုင်းမှာမှတ်တမ်းတင်ခဲ့တယ်၊လွန်ခဲ့တဲ့နှစ်သန်းပေါင်း၇၀ကျော်လောက်ကနှင်းဆီရွက်တွေရဲ့ကျောက်ဖြစ်ရုပ်ကြွင်းတွေတောင်ပြန်တွေ့ရတယ်တဲ့လေ။ကျါန်တော်ရှာနေဆဲမို့အဲဒီဓာတ်ပုံမဖော်ပြဖြ စ်တာကိုခွင့်လွှတ်ပါ။ဒါပေမယ့်ခုခေတ်သစ်နှင်းဆီပန်းမျိုးတွေရဲ့သက်တမ်းကတော့နှစ်ပေါင်း၂၀၀ထက်မကျော်နိုင်သေးဘူးလို့ြေ ပာကြတယ်။နှင်းဆီပန်းတွေကတော့ကမ္ဘာပေါ်မှာမျိုးစုပေါင်း၄၀၀ကျော်နဲ့မျိုးကွဲပေါင်း၂၀၀၀၀ကျော်တောင်ရှိနေပြီတဲ့။၁၈၂၉ခုနှ စ်ကတည့်ကပြင်သစ်နှင်းဆီခြံပိုင်ရှင်Desportesဟာနှင်းဆီအမျိုးအစား၂၅၆၂မျိုးကိုသူရဲ့ကက်တလောက်မှာဖော်ပြခဲ့တယ်။နှင်းဆီရဲ့ပေါက်ရာဒေသတွေကိုကျွန်တော်ပြောပြပါ့ဦးမယ်၊နှင်းဆီကိုအရှေ့အလယ်ပိုင်းဒေသတရုတ်၊ဂျပန်၊ကိုးရီးယားစပြီးမြန်မာပြည်မြောက်ပိုင်း၊အိန္ဒိယ၊ပါရှန်၊မြေထဲပင်လယ်၊ ဥရောပ၊မြောက်အမေရိကတိုက်တွေမှာမျိုးရင်းတွေရှိတယ်၊ဒါပေမယ့် နှင်းဆီရဲ့မူလဇာတိမြေပုံထဲမှာတော့မြေက်ကမ္ဘာအခြမ်းမှာပဲတွေ့ရပြီးအီကွေတာနဲ့တောင်ကမ္ဘာခြမ်းမှာတွေ့ရဘူး။ရှေးတုန်းကဆိုရင်နှင်းဆီပန်းကိုအလှအပနဲ့ချစ်ခြင်းမေတ္တာရဲ့သင်္ကေတအဖြစ်သတ်မှတ်ခဲ့ကြတယ်လေ။နောက်ပြီးသမိုင်းတစ်လျှောက်မှာနှင်းဆီပန်းလောက်လူတွေနှစ်သက်မြတ်နိုးခံခဲ့ရတဲ့၊တန်ဖိုးထားခံခဲ့ရတဲ့ ၊သီချင်းဖွဲ့ဆိုခံခဲ့ရတဲ့ပန်းမျိုးရှားပါးတယ်။နှင်းဆီပန်း နဲ့ပတ်သက်ပြီးစာပေတွေ၊ယဉ်ကျေးမှုတွေသမိုင်းဝင်အဖြစ်ပျက်တွေ ကလည်းတခမ်းတနားပေါ့၊BC612လောက်ကဂရိအမျိုးသမီးစာဆိုSapphcဟာနှင်းဆီပန်းအကြောင်းပခမဆုံးဖွဲ့သီတဲ့စာဆိုပဲ။နောက်ပြီး ၁၄ရာစုကနှင်းဆီပန်းနဲ့ပတ်သက်ပြီးစပ်ဆိုခဲ့တဲ့Le Romaunt be la Roseကဗျာလက်ရေးမှုတောင်ရှိ
သေးတာတဲ့။
"နှင်းဆီက ယဉ်၊သဇင်က ပြုံး
အပွင့်မှာ တော်ဝင်
အပင်မှာ ဘယ်အတွက်ကြောင့်
ဆူးဖက်ရသတုန်း"
ဒီကဗျာလေးကကုန်းဘောင်ခေတ်နှောင်းပိုင်းကမြန်မာစာဆိုတွေအစောဆုံးဖွဲ့ဆိုခဲ့တဲ့ကဗျာတွေထဲတစ်ပိုဒ်ပါ၊နှင်းဆီနဲ့ပတ်သက်ြ ပီးဖွဲ့သီခဲ့တဲ့ကဗျာတွေကတော့အများကြီးပါပဲ။နှင်းဆီပန်းကို အနုပညာနဲ့ပထမဆုံးသရုပ်ဖော်ခဲ့တာကတော့လွနခဲ့တဲ့နှစ်ပေါင်း၃ ၅၀၀ကျော်ကနရံရေဆေးပန်းချီကားတစ်ခုပဲ။Knossosမှာရှိတဲ့Minoanနန်းတော်အကြွင်းအကျန်မှာတွေ့ရတာပါ။လူမှုဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့လည်းသမိုင်းမှာနှင်းဆီပန်းဟာအရေးပါခဲ့တယ်လေ။ကလီယိုပါထရာဘုရင်မဟာ မတ်အန်ထော်နီကိုကြိုဆိုတဲ့အခန်းထဲမှာနှင်းဆီပန်းတွေဒူးဆစ် လောက်အထိမြှပ်အောင်နှင်းဆီကော်ဇောကြီးခင်းပြီးကြိုခဲ့တာတဲ့ ။ကျွန်တော်ကတော့ မတ်အန်ထော်နီကိုအားကျတာပဲ။ကော်ဇောကြီးနဲ့မဟုတ်ပါဘူး။နှင်း ဆီတစ်ပွင့်တည့်နဲ့ကြိုနေမယ့်သူရှိရင်တော်ပါပြီ ။AD37-68ရာစးလောက်က"နီရိုး"ဘုရင်ဆိုတာတစ်နေ့မှာစတာလင်ပေါင်၄၅၀၀၀ဖိုးသုံးပြီးနှင်းဆီပန်းကော်ဇောကြီးကိုခင်းတယ်ဆိုပဲ ။သူရဲ့နှင်းဆီပန်းရူးသွပ်မှုကအံ့မခန်းပဲနော်။နှင်းဆီပန်းဟာ စီးပွားရေးအရဈေးကွက်ဝင်တဲ့ပန်းတစ်မျိုးပါပဲ။ကျွန်တော်တို့ ပတ်ဝန်းကျင်မှာတောင်နှင်းဆီပန်းစိုင်ပြီးစီးပွားရေးဖြစ်ထွန်းနေကြတာပဲနော်။ကမ္ဘာပေါ်မှာနှစ်စဉ်ပန်းမန်သုံးစွဲမှုဟာစုစုပေါင်းအမေရိကန်ဒေါ်လာသန်း၁၃၀၀၀နဲ့အထက်ရှိတယ်တဲ့လေ။အဲဒီအထဲ က၁၇ရာခိုင်နှုန်းဟာနှင်ဆီပန်းရောင်းရတဲ့ဝင်ငွေပဲတဲ့။ကျွန်ေ တ်ာတို့ကမ္ဘာမှာတော့နှင်းဆီပန်းအများဆုံးစိုက်ပျိုးတာဟာနယ် သာလန်နိုင်ငံလို့ဆိုတယ်။၁၇၅၂ခုနှစ်မှာအာရှတိုက်ရဲ့ပထမဆုံး နှင်းဆီRose Chinensis ကိုတရုတ်နိုင်ငံ ကန်တုန်ကနေကနေဒါအထိယူဆောင်ခဲ့ကြတယ်။၁၈၂၉ခုနှစ်နောက်ပိုင်း မှာတော့မျိုးစပ်ထားတဲ့တရုတ်နှင်းဆီတွေပေါ်ပေါက်လာခဲ့ကြတယ်။ နှင်းဆီရဲ့သက်တမ်းဟာနှစ်ပေါင်းရာချီပြီးရှိနိုင်တယ်။အဲဒါက လည်းမြေပေါ်စိုက်မှပါ။ပန်းအိုးနဲ့စိုက်ရင်တော့အဲဒီလောက်မခံ နိုင်ဘူး။တကယ်လို့မြေနေရာရွေးချယ်တာမှန်ကန်ပြီးအပင်ကလည်းေ နရာကြိုက်သွားပြီဆိုရင်နှစ်ပေါင်း၂၀နီးပါးအပွင့်ပွင့်ပေးနိုင်သတဲ့လေ။Germanyနိုင်ငံကHildesheimဘုရားကျောင်းထဲကနှင်းဆီပင်ကြီးဆိုရင်နှစ်ပေါင်းထောင်ကျော်ရှိပြီလေ။နှင်းဆီအသီး၊အပွင့်တွေဟာနေရာတော်တော်များများ မှာအသုံးဝင်တတ်ကြပါတယ်။ကျွန်တော်လေ့လာမိသလောက်ပေါ့။AD1ရာစုလောက်ကCDioseoridesဆိုတဲ့ပညာရှင်ဟာသူရဲ့Herbalဆိုတဲ့စာအုပ်ထဲမှာနှင်းဆီရိုင်းသီးဆေးဝါးမှာအသုံးပြု ကေငြ်းဖော်ပြခဲ့တယ်။နှင်းဆီရိုင်းသီးမှာမှာVitamin-Cဓာတ်ေ တွအများကြီးပါဝင်လို့ပါတဲ့လေ။အလေးချိန်တူရင်တောင်လိမ္မော်သီးမှာပါဝင်တဲ့Vitamin-Cဓာတ်ထက်နှ်းဆီသီးမှာပါတဲ့ဓာတ်ကအဆနှ စ်ဆယ်ပိုများတယ်လို့ဆိုတယ်။ပြီးတော့BC5000လောက်ကပဲနှင်းဆီ ပန်းကိုဆေးဝါးနဲ့ပတ်သက်ပြီးအသုံးပြုခဲ့ကြတယ်။နှင်းဆီပန်းမှာပါတဲ့Vitamin-Cနဲ့Phenilieဒြပ်ပေါင်းတွေဟာအသားအရေကိုစိုပြေစေတယ်လေ။နှင်းဆီပွင့်ချပ်တွေနဲ့လည်းRose Pumch လုပ်လို့ရတယ်။Pumch ဆိုတာWineတို့Champagneတို့နဲ့ရောစပ်ထားတဲ့ဖျော်ရည်တစ်မျိုးပေါ့။နှင်းဆီပွင့် ခပ်ကိုအခြောက်ခံပြီးလက်ဖက်ရည်တောင်လုပ်သောက်လို့ရသေးတယ်။ သူထဲမှာပါတဲ့ပစ္စည်းတွေဟာနှလုံးငြိမ်စေပြီးအသည်းနဲ့သည်းခြေ အိတ်တွေကိုသန်စွမ်းစေတယ်လို့ဆိုတယ်။နှင်းဆီပန်းရနံ့နဲ့အဆီ ကိုဆေးဝါး၊ဆပ်ပြာ၊ရေမွှေးတို့လိုကုန်ပစ္စည်းတွေပြုလုပ်ရာမှာပါသုံးလို့ရတယ်။နှင်းဆီအဆီတစ်စက်ရဖို့နှင်းဆီပန်းအပွင့်၃ ၀လောက်စတေးရတယ်တဲ့။အခုပန်းလက်ဆောင်ပေးကြရင်နှင်းဆီပန်းအရေ အတွက်ပေါ်မူတည်ပြီးဖွင့်ဆိုချက်ကလေးရှိတယ်ဆိုတာပြောပြမယ်နော်။Floral Dictionaryလို့ခေါ်တဲ့ပန်းအဘိဓာန်မှာတော့နှင်းဆီင်္ပန်းကိုချစ်နေမိ ပြီလို့ဖွင့်ဆိုထားတယ်လေ။
သူငယ်ချင်းတို့ကိုနှင်းဆီတစ်ပွင့်ကစပြီးအရေအတွက်အလိုက်အဓိ ပ္ပါယ်ဖွင့်ဆိုချက်လေးတွေပြောပြဦးမယ်
ဒီလိုပါ.....
နှင်းဆီ၁ပွင့်=ရင်ထဲမှာမင်းပဲရှိတယ်
နှင်းဆီ၂ပွင့်=ကိုယ်နဲ့မင်းနဲ့အပြန်အလှန်မှီတွယ်နေတယ်
နှင်းဆီ၃ပွင့်=ကိုယ်မင်းကိုသိပ်ချစ်တယ်
နှင်းဆီ၎ပွင့်=သေတောင်မခွဲဘူး။သစ္စာတရားနဲ့ကတိပြုတယ်
နှင်းဆီ၅ပွင့်=တန်ဖိုးထားမြတ်နိုးတယ်။အဲဒီအတွက်နောင်တမရှိ ဘူး
နှင်းဆီ၆ပွင့်=လေးစာ၊ချစ်ခင်၊ခွင့်လွှတ်မြဲပဲ
နှင်းဆီ၇ပွင့်=တိတ်တခိုးလေး/ချစ်နေတယ်
နှင်းဆီ၈ပွင့်=မင်းရဲ့ပေးဆပ်မှုကိုကျေးဇူးတင်တယ်
နှင်းဆီ၉ပွင့်=အမြဲတမ်းအတွက်
နှင်းဆီ၁၀ပွင့်=ချစ်တဲ့မင်းကအပြစ်ကင်းစင်တယ်
နှင်းဆီ၁၁ပွင့်=မင်းကိုဒီကမ္ဘာမှာအချစ်ဆုံးပဲ
နဗင်းဆီ၁၂ပွင့်=တစ်နေ့ထက်တစ်နေ့တိုးပြီးချစ်တယ်
နှင်းဆီ၁၃ပွင့်=သူငယ်ချင်းအချစ်
နှင်းဆီ၁၄ပွင့်=ဂုဏ်ယူပါတယ်
နှင်းဆီ၁၅ပွင့်=၀မ်းနည်းပါတယ်
နှင်းဆီ၁၆ပွင့်=မတည်ငြိမ်သေးတဲ့အချစ်
နှင်းဆီ၁၇ပွင့်=ပြန်မရနိုင်တော့တဲ့အချစ်အတွက်
နှင်းဆီ၁၈ပွင့်=ရိုးသားပွင့်လင်းပါတယ်
နှင်းဆီ၁၉ပွင့်=မျှော်လင်းစောင့်စားနေတယ်
နှင်းဆီ၂၀ပွင့်=ငါမှာရိုးသားတဲ့အချစ်တစ်ခုတည်းရှိတယ်
နှင်းဆီ၂၁ပွင့်=ရိုးသားတဲ့အချစ်ပါပဲ
နှင်းဆီ၂၂ပွင့်=မင်းကံကောင်းပါစေ
နှင်းဆီ၂၃ပွင့်=တစ်နေ့နေ့ပေါ့
နှင်းဆီ၂၄ပွင့်=အချိန်တိုင်းသတိရ၊လွမ်းနေတယ်
နှင်းဆီ၂၅ပွင့်=မင်းပျော်ရွှင်ပါစေ
နှင်းဆီ၃၀ပွင့်=ဖူးစာကိုယုံတယ်
နှင်းဆီ၃၃ပွင့်=သုံးဘ၀သုံးကမ္ဘာတိုင်အောင်
နှင်းဆီ၃၆ပွင့်=ရိုမန်တစ်ပါ
နှင်းဆီ၅၀ပွင့်=မမျှော်လင့်ပဲတွေ့ကြတယ်/ထာဝရရှင်သန်နေမယ်
နှင်းဆီ၆၆ပွင့်=ရေစီးကြောင်းသံယောဇဉ်
နှင်းဆီ၉၉ပွင့်=အမြဲတမ်း/မိုးနဲ့မြေလိုကြာရှည်စွာတည်ရှိနေ မယ်
နှင်းဆီ၁၀၀ပွင့်=သက်ထက်ဆုံးရိုးမြေကျရာနှုန်းပြည့်
နှင်းဆီ၁၀၁ပွင့်=ထာဝစဉ် ထာဝရအချစ်
နှင်းဆီ၁၀၈ပွင့်=မကုန်ဆုံးနိုင်တဲ့အချစ်နဲ့လက်ထပ်ခွင့်ပေး ပါ
နှင်းဆီ၁၁၁ပွင့်=အဆုံးမဲ့အချစ်
နှင်းဆီ၁၄၄ပွင့်=နေ့တိုင်း လတိုင်း နှစ်တိုင်း အသက်ရှင်နေသရွှေ့
နှင်းဆီ၃၆၅ပွင့်=နေ့တိုင်းသတိရတယ်
နှင်းဆီ၉၉၉ပွင့်=မချုပ်ငြိမ်းနိုင်တဲ့အချစ်
နှင်းဆီ၁၀၀၀ပွင့်=နှစ်ပေါင်းတစ်သောင်းတိုင်အောင်
နှင်းဆီ၁၀၀၁ပွင့်=သက်ဆုံးတိုင် တဲ့ကျွန်တော်သိသလောက်ပြောပြတာပါ
ခုအရောင်လေးတွေရဲ့အဓိပ္ပာယ်သက်ရောက်မှုကိုပြောပြမယ်နော်။
* နှင်းဆီနီ — မင်းကိုကိုယ်ချစ်တယ် …….
* နှင်းဆီပန်းရောင် — ပြီးပြည့်စုံသော ပျော်ရွှင်မှု ၊ အပြုံးတောက်ပမှု ၊ ကိုယ့်ကိုယုံကြည်ပါ …….
* နှင်းဆီဖြူ — ထာဝရအချစ် ၊ဖြူစင်မှု ။သန့ရှင်းမှု ၊လျှို့ဝှက်မှု ၊တိတ်ဆိတ်ခြင်း ………..
* နှင်းဆီဝါ — ခင်မင်မှု ၊မနာလိုမှု ၊ကိုယ်ဟာမထိုက်တန်သူပါ ……..
* နှင်းဆီနက် — မင်းကိုစွဲလန်းမိနေတယ် …………
* နှင်းဆီလိမ်မော် — မင်းဟာကိုယ့်ရဲ့တိတ်တခိုးချစ်သူပါ …………..
* နှင်းဆီအဖြူ နှင့် အနီရောင် — ကိုယ်တို့ဟာခွဲခြားလို့မရဘူး ၊ အတူတကွ ……..
* နှင်းဆီဆူးမဲ့ — မြင်မြင်ချင်း အချစ် …………
* နှင်းဆီဖူး — လှပနုပျိုခြင်း ၊အချစ်ကြောင့်အပြစ်ကင်းသောနှလုံးသား ………
* နှင်းဆီဖူးအနီ — ရှင်းသန့်ခြင်း ၊နှစ်လိုဖွယ်ကောင်းခြင်း ……….
* နှင်းဆီဖူးအဖြူ — မိန်းမသားအဖြစ် ……….
*ပန်းရောင်နှင်းဆီတစ်ပွင့်ထဲဆိုရင် — ပျော်ရွှင်မှုအပေါင်းနဲ့ပြည့်စုံပါစေ.......
*အနီရောင်နှင်းဆီတစ်ပွင့်ထဲပေးရင် — အချစ်များစွာနဲ့ဆက်လက်ရှင်သန်လျှက်.........
*ချဉ်ပေါင်နီလို့ခေါ်တဲ့မြန်မာနှင်းဆီပန်းစည်းလေးဆိုရင် — သိပ်လှတဲ့မိန်းကလေးအတွက်...........
*အ၀ါရောင်နှင်းဆီပန်းစည်းလေးဆို — တိုးပွားသောအချစ်များစွာဖြင့်၊သ၀န်တိုမှုများစွာဖြင့်၊ကြင် နာဂရုစိုက်မှု........
*အဖြူနဲ့အနီနှင်းဆီပန်းစည်းလေးဆို — စုစည်းပေါင်းစည်းခြင်းဖြင့်........
*စိမ်းဝါရောင်ပန်းစည်းလေးဆိုရင် — အချစ်ရဲ့သံတမန်.........
*အဖူးလေးတွေချည်းပဲပန်းစည်းမျိုးဆိုရင် — နုပျိုလှပခြင်းနှင့်အတူအရိုးခံအချစ်ဖြင့်........
*အနီရောင်နှင်းဆီပန်းစည်းမျိုးဆိုရင် — အချစ်များနှင့်အတူ........
*ဆင်စွယ်ရောင်နှင်းဆီပွင့်လေးတွေကိုအစိမ်းရောင်ပိုးပုဝါနဲ့ ပတ်ပြီးရွှေအိုရောင်ဖဲကြိုးလေးနဲ့စည်းပြီးလက်ဆောင်ပေးလာခဲ့ရင် — အမြဲအမှတ်ရနေမယ်......
ဆိုတဲ့အဓိပ္ပာယ်ပါပဲ။
နောက်ထပ်နှင်းဆီပန်းတွေရဲ့သင်္ကေတနဲ့ပတ်သက်ဆက်နွယ်မှုလေးတွေနဲ့အသုံးပြုတတ်ကြတာနေရာလေးတွေကိုပြောပြချင်ပါတယ်
*အနီရဲရဲ နှင်းဆီ ပန်း တစ်ခုရဲ့ သင်္ကေတ ကတော့ အချစ်ရဲ့ နာမ်စားလို့ ဖွင့်ဆိုချက်ဖြင့်
ပြောနိုင်ပါတယ်။ အနီရောင် ပန်းတစ်ပွင့် အပေးခံရပြီးဆိုတော့ I Love You လို့ပြောလိုက်တာပါ။
အနီရောင် နှင်းဆီ ဟာ အမြဲတမ်း လှပခြင်း အတွက်နဲ့ ပြီးပြည့်စုံခြင်း ဆိုတဲ့ ဆိုလိုရင်းနဲ့လည်း ရပ်တည်နေတယ်။ တစ်စုံတစ်ယောက်က မင်းအတွက် အနီရောင် ပန်းစည်း ဒါမှမဟုတ် အနီရောင် ပန်းခြင်း
တစ်ခု သယ်ဆောင်လာပြီဆိုရင် အရမ်းကိုစိတ်ဝင်စား ဖွယ်ကောင်းပြီး စိတ်လှုပ်ရှားမှုတွေနဲ့ အချစ်ရဲ့ လမ်းမပေါ်မှာ လျှောက်လှမ်း စေချင်တဲ့ အတွက် လို့ ယူဆနိုင်ပါတယ်။ မင်းဘက် ကလည်း မင်းရဲ့
အချစ်တွေကို ဖော်ပြနိုင်ပါတယ်။ အနီရောင် နှင်းဆီ ပန်းဟာ မင်းဘ၀မှာ အရေးကြီးတဲ့ ( ဒါမှမဟုတ် )
အလေးထားရတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပတ်သက်နေမှာပါ။
နောက်တစ်မျိုးက
*Black Roseလို့ခေါ်ကြတဲ့အနက်ရောင်နှင်းဆီပန်းလေးပါ ဒီပန်းဟာ တကယ်တော့ အနက်ရောင်မဟုတ်ပါဘူး ။ အမှောင်ဘက်ကို သွားတဲ့ အနီရောင် နှင်းဆီပန်း ကိုပြောတာပါ ။ ဒီအနက်ရောင် လို့ပြောနိုင်တဲ့ နှင်းဆီပန်းရဲ့ သင်္ကေတကတော့ ၀မ်းနည်းခြင်း ၊ မုန်းတီးခြင်း နဲ့ ခွဲခွာနှုတ်ဆက်ခြင်း တွေပဲဖြစ်ပါတယ် ။ ဒါကြောင့် ဒီပန်းဟာ ၀မ်းနည်းမှုတွေကို ဖော်ပြတဲ့ ပွဲတွေနဲ့ အသုဘ အခမ်းအနားတွေမှာ အသုံးပြုကြပါတယ်။
နောက်တစ်ရောင်ကတော့လိမ္မော်ရောင်နှင်းဆီပေါ့
*အ၀ါရောင်လိုပဲ လိမ္မော်ရောင် မှာလည်း နေရောင်ခြည်လိုပဲ အလွန်ပြင်းတဲ့ အလင်းရောင် တစ်ခုလို တင်စားနိုင်ပါတယ် ။လိမ္မော်ရောင် နှင်းဆီဟာ ပြင်းပြပြီး စွမ်းအားအပြည့်နဲ့ ကျော်ဖြတ်ခြင်းစတဲ့ သင်္ကေတတွေ ၊ ဂုဏ်ယူစရာတွေ ၊ အလေးပေးဆက်ဆံခြင်း တွေကို ဖော်ပြချင်တဲ့အခါမှ အသုံးပြုနိုင်ပါတယ်။ လိမ္မော်ရောင် နှင်းဆီဟာ အနီရောင် လိုပဲ ဆွဲဆောင်မှုရှိပြီး စိတ်ကူးယဉ်ဆန်ဆန်နဲ့ ကျော်ဖြတ်ခင်း ၊ ဖြတ်သန်းခြင်း စတဲ့ ရ ဂုဏ်ပုဒ်တွေကို ပိုင်ဆိုင်ထားပါတယ် ။
အဖြူရောင်နှင်းဆီပန်းလေးကိုတော့
အဖြူရောင် နှင်းဆီ ပန်းဟာ အပြစ်ကင်းစင်ခြင်းနဲ့ သန့်စင်ခြင်း ကို ဖော်ဆောင်စေတယ် ။ ရိုးရာပွဲတော်
တွေမှာ အသုံးပြုတယ် ။ ရိုးသားခြင်း နဲ့ ကြီးမြတ်ခြင်း ဆိုတဲ့ သင်္ကေတ ကို ပိုင်ဆိုင်ထားတယ် ။
ဝမ်းနည်းခြင်း နဲ့ သတိရ ခြင်းတွေ အတွက် ပြချင်ရင်လည်း သုံးကြတယ် ။

ကဲသူငယ်ချင်းတို့ရေ ကျွန်တော်သိသလောက်တော့ပြောပြခဲ့ပါပြီ လွဲမှားတာလေးတွေများပါခဲ့ရင်ခွင့်လွှတ်ကြပါလို့တောင်းပန်ပါတယ်နော် သူငယ်ချင်းတို့အားလုံးပျော်ရွှင်စွာဘ၀ကိုဖြတ်သန်းနိုင်ကြပါစေလို့မေတ္တာပို့ဆုတောင်းပေးနေလျှက်ပါ


နေ၀န်းနီ(မန္တလေး)

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U