ဗုဒ္ဓဘာသာတွေက တောင်ပေါ်မှာ ဘုရားအဆူတစ်ထောင် မပြည့်ပြည့်အောင် တည်နေကြတယ်။ ဒီအချိန်မှာ တောင်အောက်ရွာက ဗုဒ္ဓဘာသာတွေမှာတော့ စားဝတ်နေရေးတော်တော် ဒုက္ခရောက်နေကြတယ်။ ဒီဒုက္ခရောက်နေတဲ့ ရွာသူရွာသားတွေကို ဘာသာခြားသာသနာပြုတွေက လာပြီးထောက်ပံ့ကြတယ်။
တောင်ပေါ်မှာ ဆင်းတုအဆူတစ်ထောင်ပြည့်လို့ ဗုဒ္ဓဘာသာဝင်တွေ အောင်ပွဲခံနေချိန်မှာ တောင်ခြေရွာက ဗုဒ္ဓဘာသာဝင်တစ်ထောင်ဟာ ဘာသာခြားထဲကို တစ်ရွာလုံးပြောင်းသွားပါပြီ။ ဗုဒ္ဓရုပ်ပွားတော်တွေတိုးလာသလောက် ဗုဒ္ဓဘာသာဝင်တွေ လျော့လျော့သွားတာကို အကြောင်းရှာရင် မြန်မာတွေဟာ ကုသိုလ်လည်းရ၊ အကျိုးလည်းရှိတဲ့နေရာမှာ မလှူတတ်လို့ဆိုတာတွေ့ရတယ်။
ဗုဒ္ဓဘာသာတွေက တောင်ပေါ်မှာ ငွေကုန်လူပန်းခံပြီး ဆင်းတုစေတီ
အဆူတစ်ထောင်တည်တယ်။ တစ်ဆူငါးသိန်းဆိုတော့ စုစုပေါင်းတစ်ထောင်ဆိုရင်
သိန်းပေါင်း ငါးထောင်ကုန်တယ်။
ဒါပေမယ့် အဲဒီရုပ်ပွားစေတီတွေကြည့်ပြီး ဘယ်ဘာသာခြားမှ ဗုဒ္ဓဘာသာဖြစ်လာတယ်ဆိုတာ မကြားဖူးဘူး။ ဒီအချိန်မှာ ဘာသာခြားတွေက တောင်အောက်က အိမ်ခြေတစ်ရာကျော်လေးရှိတာကို တစ်အိမ်တစ်သိန်းလောက်ပဲ ထောက်ပံ့တာပါ။
ဒီတော့ သူတို့ကုန်တာ သိန်းပေါင်းတစ်ရာကျော်ပဲရှိတယ်။ သူတို့ သိန်းပေါင်းတစ်ရာကျော် အလှူက ဗုဒ္ဓဘာသာဝင် တစ်ထောင်ကျော်လောက်ကို သူတို့ဘာသာထဲရောက်အောင် ဆွဲဆောင်နိုင်ခဲ့တယ်။ ဒါမျိုးကို ဗုဒ္ဓဘာသာဝင်တွေက အတုခိုးသင့်တယ်။ တကယ်ဒုက္ခရောက်နေသူတွေကို ထောက်ပံ့တာမျိုးကျတော့ ကုသိုလ်လည်းရတယ်၊ အကျိုးလည်းရှိတယ်။
"အသာစံလမ်းစဉ်နှင့် အနာခံလမ်းစဉ်"
••••••••••••••••••••••••••••••••••••••••••
အသာစံခြင်းလမ်းစဉ်ကို အရှင်ဒေဝဒတ် တည်ထောင်ခဲ့သည်။ အသာစံခြင်းလမ်းစဉ်၏ နောက်ဆုံးပန်းတိုင်သည် အပါယ်လေးပါး။ အသာစံခြင်းလမ်းစဉ်ကို တည်ထောင်ခဲ့သော အရှင်ဒေဝဒတ်ကိုယ်တိုင် ယခုအခါ အပါယ်လေးပါးသို့ ကျရောက်နေပြီဖြစ်သည်။ အသာစံခြင်းသည် ပယ်သတ်ရမည့် သမုဒယသစ္စာခေါ် တဏှာလောဘကို သိမ်းပိုက်ထားခြင်းဖြစ်သည်။
အနာခံလမ်းစဉ်ကို ဗုဒ္ဓကတည်ထောင်တော်မူခဲ့သည်။ အနာခံခြင်းလမ်းစဉ်၏ နောက်ဆုံးပန်းတိုင်သည် နိဗ္ဗာန်၊ အနာခံခြင်းလမ်းစဉ်ကို တည်ထောင်ခဲ့သော ဗုဒ္ဓကိုယ်တိုင် ယခုအခါ နိဗ္ဗာန်ချမ်းသာကို ခံစားနေရပြီဖြစ်သည်။အနာခံခြင်းဟူသည် ပယ်သတ်ရမည့် သမုဒယသစ္စာခေါ် တဏှာလောဘကို အလုပ်ဖြင့် လက်တွေ့ပယ်သတ်ခြင်းဖြစ်သည်။
အကျဉ်းချုပ်အားဖြင့် မည်သည့်အလုပ်ကိုလုပ်လုပ် ငါကောင်းစားဖို့ ရည်ရွယ်ချက်ဖြင့်လုပ်လျှင် အရှင်ဒေဝဒတ်၏ အသာစံလမ်းစဉ်ဖြစ်သည်။ မည်သည့်အလုပ်ကိုလုပ်လုပ် လောကကောင်းစားဖို့ ရည်ရွယ်ချက်ဖြင့်လုပ်လျှင် ဗုဒ္ဓ၏ အနာခံလမ်းစဉ်ဖြစ်သည်။
မေတ္တာရှင်(ရွှေပြည်သာ)၏
‘ဗုဒ္ဓဘာသာခေါင်း ဆောင်းထားသော အရှင်ဒေဝဒတ်၏တပည့်များ’ မှမျှဝေပါတယ်။
Photo - New Myanmar News
စာဖတ်သူအားလုံး မင်္ဂလာနှစ်သစ်မှာ ဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။ ။

Sayar Chan
0 comments:
Post a Comment