Related Posts Plugin for WordPress, Blogger...

Saturday, April 12, 2014

တောင်တန်းပြာ ခရီးသည်တင်ကား ယာဉ်တိုက်မှုဖြစ် (၂၅)ဦး မီးလောင်သေဆုံး

သား ငယ်'s photo.
သား ငယ်'s photo.သား ငယ်'s photo.
သား ငယ်'s photo.
သား ငယ်'s photo.


ဧပြီ(၁၂)ရက်နေ့ ယနေ့ နံနက်(၂)နာရီခွဲခန့် က ရန်ကုန်-မန္တလေး အမြန်လမ်း (ဖြူးမြို့နယ်)၊ မိုင် ၁၁၆/၂ နားမှာ တောင်တန်းပြာ ခရီးသည်တင်ကားနဲ့ ယာဉ်ငယ် တစ်စီး တိုက်မှု ဖြစ်ပွားရာမှာ ခရီးသည် (၂၅)ဦး မီးလောင် သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။
ယာဉ်ငယ်တစ်စီးကို တောင်တန်ပြာ ခရီးသည်တင်ကားကြီးက ကျော်တက်ရာမှာ ကားငယ်က ချိတ်ပါသွားပြီး ကားငယ်ဆီတိုင်ကီပေါက်ကာ ၂ စီးလုံး မီးလောင်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ကားငယ်က (၅)ဦးနဲ့ ကားကြီးက (၂၀)ဦး မီးလောင် သေဆုံးသွားတယ်လို့ သိရပါတယ်။ သေဆုံးသူ အရေအတွက်ကိုတော့ တာဝန်ရှိသူတွေဆီကနေ အတည်ပြုချက် မရရှိသေးပါဘူး။ ဒဏ်ရာရသူ တချို့ကိုတော့ ဖြူးဆေးရုံကို ပို့ ဆောင် ကုသပေးနေပြီး အသေးစိတ်ကို တာဝန်ရှိသူတွေက စစ်ဆေးနေဆဲ ဖြစ်ကြောင်း သစ်ထူးလွင်မှ စုံစမ်းသိရှိရပါတယ်။
-----------------------------------------------------------------------------
ဧပြီ၁၂ရက်၀၂:၁၀နာရီအချိန်နေပြည်တော်အမြန်လမ်းဖြူးမြို့နယ်မိုင်တိုင်အမှတ်
၁၁၆/၂နှင့် ၁၁၆/၃ အကြားတွင်တောင်ကြီးမှရန်ကုန်သို့မောင်းနှင်လာသောတောင်
တန်းပြာမှန်လုံယာဉ်အမှတ် ၅ဃ/၈၂၅၆ မှရှေ့မှသွားနေသော mark2 ယာဉ်အမှတ်
9A/9302 ယာဉ်အားတိုက်မိပြီး mark2 ယာဉ်မှာမှန်လုံအောက်သို့ဝင်ရောက်
မီးလောင်သဖြင့် mark2 ပေါ်ပါလူ၎ဦးလုံးနှင့်မှန်လုံကားပေါ်ပါခရီးသည်၁၀ဦးခန့်ပေါင်း
၁၅ဦးခန့်သေဆုံးပြီး၎ဦးဒါဏ်ရာရရှိကြောင်းသိရ၊

Sayar Chan

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U