Related Posts Plugin for WordPress, Blogger...

Saturday, April 12, 2014

စိုင်းစိုင်းခမ်းလှိုင်၊ R&B နဲ့ Hip Hop ကို ကြိုက်တဲ့ သင်္ကြန်မယ်လေး

ညီမရဲ့ အနာဂတ်အိပ်မက်စိတ်ကူးက အောင်မြင်တဲ့အနုပညာရှင်တယောက် ဖြစ်ချင်ပါတယ်။ ညီမ အခု စကားဝါသရုပ်ဆောင်သင်တန်းမှာ တက်နေ ပါတယ်။ ပြီးရင် မော်ဒယ်သင်တန်းတက်ဖို့ ရှိပါတယ်။
 .

 
 
ထွန်းအိန္ဒြာရှင် နဲ့ နိုင်တံခွန် (ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ)
. 

ထွန်းအိန္ဒြာရှင်
၁၈ နှစ်၊
အဝေးသင် ပထမနှစ်၊ ဥပဒေ၊ ဒဂုံတက္ကသိုလ်
 
. 
နိုင်တံခွန်၊
၂၄ နှစ်၊
BA Geography, မြိတ်တက္ကသိုလ်
 
. 
အနုပညာ အလုပ်သာ မလုပ်ဖြစ်ခဲ့ဘူးဆိုရင် ညီမအခုတက်နေတဲ့ ဥပဒေပညာရပ်နဲ့ပဲ အသက်မွေး ဝမ်းကျောင်း ပြုသွား မှာပါ။ ညီမ အားလပ်ချိန်တွေမှာ စာဖတ်တယ်။သီချင်းနားထောင်တယ်။ သူငယ်ချင်းတွေနဲ့ မုန့်ထွက်စားတယ်။ အဲဒီလောက်ပါပဲ။ အားကစားထဲမှာ ညီမ ကြက်တောင်ရိုက်တယ်၊ ရေကူးပါတယ်။ စာဖတ်တဲ့အခါ များသော အားဖြင့် ဟာသစာပေတွေကို ပိုပြီးတော့ဖတ်ဖြစ်တယ်။

ဟာသ စာပေတွေက စိတ်ကိုပိုပြီး ပျော်ရွှင်စေတယ်လေ။ ဟာသ စာရေးဆရာတွေထဲမှာ အကြည်တော်ကို တော်တော်လေးကြိုက်တယ်။ အချစ်ဝတ္ထုဆို စာရေးဆရာမ ဆုမြတ်မွန်မွန်ကို ကြိုက်ပါတယ်။ သီချင်းနားထောင် တဲ့အခါ ညီမ  R&B နဲ့ Hip Hop ဂီတအမျိုးအစားကို ကြိုက်ပါတယ်။ အဆိုတော်တွေထဲမှာတော့ အကုန်လုံး နီးပါးကြိုက်ပါတယ်။ Hip Hop ဆိုရင်လည်း အကုန်နားထောင်ပါတယ်။ အကြိုက်ဆုံးဆိုရင်တော့ ကိုစိုင်းစိုင်း ကိုတော့ ငယ်ငယ်လေးကတည်းကနေ အခုချိန်ထိ အားအပေးဖြစ်ဆုံးပေါ့။  International ထဲမှာဆိုရင်  Adele နဲ့  Taylor Swift သီချင်းလေးတွေ နားထောင်ဖြစ်တယ်ရှင့်။ Facebook သုံးတဲ့အခါ ညီမ သူငယ်ချင်းတွေရဲ့ News Feed တွေ ကြည့်ဖြစ်ပါတယ်။

ညီမအနေနဲ့ လူငယ်ဘဝကို ပြောရရင် လူငယ်ဘဝမှာ အတတ်နိုင်ဆုံး အပူအပင်တွေ သိပ်မတွေးဘဲ ပျော်ပျော် ရွှင်ရွှင်နဲ့ လွတ်လွပ်လပ်လပ် စိတ်ချမ်းသာအောင် နေသင့်ပါတယ်လို့ ညီမ ထင်ပါတယ်။ သင်္ကြန်ဆိုရင် ညီမ နှစ်တိုင်းကို ပျော်ပါတယ်။ သင်္ကြန်ရောက်ပြီဆိုတာနဲ့ သင်္ကြန်သီချင်းတွေကြားတာနဲ့ကို ငယ်ငယ်လေးကတည်း က ပျော်ပါတယ်။ သင်္ကြန်နဲ့ ပတ်သက်ပြီးတော့ ညီမအတွက် နှစ်တိုင်း အမှတ်တရတွေချည်းပါပဲ။

ဒီနှစ်သင်္ကြန် အစီအစဉ်ကတော့ ညီမ သူငယ်ချင်းတွေနဲ့အတူ ကမ္ဘာအေးဘုရားလမ်းမှာ မဏ္ဍပ်ထိုင်မှာပါ။ နှစ်သစ်မှာ ညီမ သရုပ်ဆောင်နဲ့ပတ်သက်တဲ့ ပညာတွေကို သေချာလေး သင်ယူသွားမှာပါ။ လူငယ် တယောက် အနေနဲ့ သင်္ကြန်နဲ့ ပတ်သက်ပြီး ပြောရရင်တော့ အခုနောက်ပိုင်း လူငယ်တော်တော်များများ သင်္ကြန်လည်း သင်္ကြန်အလျောက် အေးအေးချမ်းချမ်းလေးနဲ့ပဲ နှစ်သစ်ကို ဖြတ်သန်းကြပါလို့ ပြောချင်ပါတယ်။

 
Sayar Chan
 


0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U