"ကဗျာထဲက မန္တလေး"
အဘိုး ပြောပြတဲ့ မန္တလေး
အခု ပြတိုက် ထဲမှာ
အခု ပြတိုက် ထဲမှာ
အဖွား ပြောပြတဲ့ ဈေးချိုတော် နဲ့ နာရီစင်
အခု ဒိုင်ယာရီ ထဲမှာ
အခု ဒိုင်ယာရီ ထဲမှာ
အဖေ ပြောပြတဲ့ မန်းသီတာဥယျာဉ်
အခု ပုံပြင်တွေ ထဲမှာ
အခု ပုံပြင်တွေ ထဲမှာ
အမေ ပြောပြတဲ့ ရာပြည့်ကွင်း
အခု ဒဏ္ဏာရီ ထဲမှာ
အခု ဒဏ္ဏာရီ ထဲမှာ
လေးလေး ပြောပြတဲ့ ရေပေါ်ဥယျဉ်
အခု ဒေါ်လေးဓာတ်ပုံ အယ်ဘမ် ထဲမှာ
အခု ဒေါ်လေးဓာတ်ပုံ အယ်ဘမ် ထဲမှာ
နေဝန်းနီ ပြောပြမယ့် မန္တလေး
အခု တရုတ်လက် ထဲမှာ......။ ။
အခု တရုတ်လက် ထဲမှာ......။ ။
နေဝန်းနီ{မန္တလေး}
27/09/2014 , 10:41pm
27/09/2014 , 10:41pm
0 comments:
Post a Comment